________________________________________
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အနေဖြင့် ကေအိုင်အေအပေါ် ဖိအားသုံးထိုးစစ်ဆင်မှု အမှန်တကယ် မရပ်မချင်း အစိုးရနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု မပြုလုပ်နိုင်ကြောင်း အဆိုပါ ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟန်သာက ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အတူ တိုင်းရင်းသားလူ မျိုးများ ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထား သော UNFC အဖွဲ့ အထွေထွေအ တွင်းရေးမှူးက ''ကျွန်တော်တို့ အဖွဲ့ ဝင်တွေကို အပြောတစ်မျိုး အလုပ် တစ်မျိုးနဲ့ ထိုးစစ်ဆင်နေတဲ့အခါမှာ ကျွန်တော်တို့က အေးအေးဆေးဆေး စားပွဲဝိုင်းမှာ နိုင်ငံရေး မဆွေးနွေး သွားနိုင်ဘူး''ဟု ၄င်းကပြောသည်။
ဦးနိုင်ဟန်သာက ''နိုင်ငံရေး ပြဿာနာကို နိုင်ငံရေးအရပဲ ဖြေရှင်း ရပါလိမ့်မယ်။ သမ္မတက ထိုးစစ်ဆင် တာကို ရပ်ခိုင်းတဲ့သဘောမှာ ကြိုဆို ပါတယ်။ ကောင်းတယ်။ ဒါပေမဲ့ လဂျားယန်မှာ မဖြစ်ပေမယ့် အခြား နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အပေါ်မှာ တော့ ဒါက စဉ်းစားစရာပဲ။ ဒါတွေမရပ်ရင် အဖွဲ့အနေနဲ့ ကန့် ကွက်သွားဖို့ ရှိတယ်''ဟု ပြော သည်။
UNFC အဖွဲ့၏ အဆိုအရ နိုင်ငံရေးကို လွှတ်တော်ထဲရောက် မှ ဆွေးနွေးခြင်းထက် အပြင်တွင် ဆွေးနွေးလိုပါသည်ဟု ဆိုသည်။ UNFC ကို ၂ဝ၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်ဖက်စပ်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ပါဝင်ကာ ထို ၁၁ ဖွဲ့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးကို ဆွေးနွေးပြီးသည့် အဖွဲ့ ၁ဝ ဖွဲ့ရှိ သည်။ ယခုလက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို KIO မှ ဒုတိယ ဗိုလ်ချုပ် ကြီး အင်ဘန်လက တာဝန်ယူထား သည်။
မင်းသုအောင်၊ ရန်နိုင်
No comments:
Post a Comment