ထိုင်းနိုင်ငံ မဟာချိုင်ဒေသ သံလုပ်ငန်းစက်ရုံတခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများ ထိပ်လန့်  စိုးရိမ်နေကြပါသည်။ အကြောင်းမှာ ၄င်းစက်ရုံတွင် ပထမဆုံး ကွယ်လွန်သွားသော ကုလားဆိုသူမှ စက်ရုံရှိ လူတဦးအား ဝင်ရောက်ပူးကပ်ပြီး သူ့ အနေဖြင့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်နေကြသော စက်ရုံရှိ မြန်မာပြည်သားများအား ငွေထုပ်ပိုက်ပြီး အပြီး ပြန်ကြစေချင်ကြောင်း ။ အဲလို ပြန်နိုင်အောင်လဲ သူ့ အနေဖြင့် ချဲဂဏန်းများကိုလဲ အိမ်မက်ကနေ ပေးမည်ဖြစ်ပါကြောင်း အရက် နှင့် ဘီယာ တို့ကို မသောက်စေချင်ကြောင်း ။ သူ့ ဟာ အရက်သောက်ခဲ့လို့  သေဆုံးခဲ့ရကြောင်း ထိုင်းနိုင်ငံကို စိတ်နာကြောင်း သူရှိနေတာကို မယုံကြည်သူများ နှင့် ကံ နိမ့် သူများကိုလည်း ဆက်လက်ပြီး ခေါ်တာ ခံရမည် ဖြစ်ကြောင်း ။ ချဲ ဂဏန်းကို ပေးလာသောအခါ များများထိုးကြရန် ပြောဆိုကြောင်း လွန်ခဲ့သော 500 ထွက်သော အပါတ်က ပေးခဲ့ကြောင်း ထိုးတဲ့သူက နဲတဲ့အတွက် မပြန်နိုင်သေးတဲ့အတွက် အခုတခါ ပေးရင် များများထိုးကြဘို့ ပြောဆိုကြောင်း ။ ဒါကြောင့် သူရှိနေတာကို မယုံသူများ နှင့် ကံနိမ့်သူများ ငွေရပြီး ကုသိုလ် ပြုလုပ်မပေးသူများ နောက်ထပ် ခေါ်ဆိုမည် ပြောသဖြင့် အားလုံးက စိတ်မကောင်းဖြစ် နေကြပြီး ကျိမ်းမောင်းသလို မယုံကြည်သူများကို နောက်ထပ် ခေါ်ဦးမည်ဆိုသဖြင့် အားလုံးက စိုးရိမ်ထိန့် လန့် ကြောက် နေကြကြောင်း ယနေ့ ကြားသိခဲ့ရပါသည် ယခု အခါ သူပြောဆိုပြီး ချဲလဲ တယောက်ပေါက်ပြီး လူ( ၂ ) ဦး ၁လ အတွင်း ရှေ့ ဆင့်  နောက် ဆင့် ဆုံးနေသဖြင့် အားလုံးက စိုးရိမ်းနေကြကြောင်း သိရှိရပါသည် ။
https://www.facebook.com/Aungthapyaeuzawthika
No comments:
Post a Comment