Tweet |
(၁၈)နှစ်မြောက် DKBAတပ်မတော်နေ့
အခမ်းအနား ကျင်းပ,မည်
လာမည့် ဒီဇင်ဘာလ (၂၁)ရက်နေ့၌ ကျရောက်မည့် (၁၈)နှစ်မြောက် DKBAတပ်မတော်နေ့ အခမ်းအနား အား မြဝတီမြို့ ဆုံဆည်းမြိုင်ကျေးရွာ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း DKBAဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ပြောသည်။ “ပုံမှန် ကျင်းပ,နေတဲ့ DKBA တပ်မတော်နေ့ (၁၈)နှစ်မြောက် အခမ်းအနားပါ။ ဒီဇင်ဘာလ (၂၁)ရက်နေ့ရောက်တိုင်း ကျွှန်တော်တို့ကျင်းပ,ပါတယ်” စောမိုရှေးက ပြောသည်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ကတည်းက,ပင် တပ်မတော်နေ့အထိမ်းအမှတ် ဘော်လုံးအသင်းများ ယှဉ်ပြိုင်က စားလျက်ရှိပြီး ၁၉, ၂၀, ၂၁ရက်နေ့များတွင် လက်ဝှေ့ပြိုင်ပွဲများ၊ အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်သည့် ကရင်ရိုးရာ ဒုံးအက,များဖြင့် ဖျော်ဖြေရန်ရှိသည်။ ဒီဇင်ဘာလ (၂၁)ရက်နေ့နံနက်ပိုင်း၌ စစ်သည်အင်အား(၃၀၀)ခန့်ဖြင့် စစ်ရေးပြအခမ်းအနားကို ပြုလုပ်သွား မည်ဟု သိရှိရသည်။ အဆိုပါအခမ်းအနားသို့ ပြည်တွင်းသတင်းထောက်များကြား တက်ရောက်သတင်းယူနိုင်ရန်အတွက် ဖိတ် ကြားထားသည်ဟုလည်း စောမိုရှေးက,ပြောသည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (Democratic of Karen Buddhist Army) ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စ,တင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော် (Democratic of Karen Benevolent Army)အဖြစ် ၂၀၁၂ခုနှစ် ဧပြီလ (၄)ရက် နေ့တွင် ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။ ထို့အတူ တရားဝင်နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်ရန်လည်း ရှိပြီး ကလို့ထူးဘော ကရင်အစည်းအရုံး Klohhtoobor Karen Organization (KKO)အဖြစ် တရားဝင်မှတ်ပုံတင်ရန်လည်းရှိကြောင်း DKBAက,ဆို ထားပါသည်။ Copy from http://www.phophtaw.org/burmese/index.php/news/shortnews/2522--dkba-.html
၁၀နှစ်မြောက် DKBA နေ့ မှတ်တမ်းလေးဖြစ်ပါတယ်။
|
|
(၁၈)နှစ်မြောက် DKBAတပ်မတော်နေ့
အခမ်းအနား ကျင်းပ,မည်
လာမည့် ဒီဇင်ဘာလ (၂၁)ရက်နေ့၌ ကျရောက်မည့် (၁၈)နှစ်မြောက် DKBAတပ်မတော်နေ့ အခမ်းအနား
အား မြဝတီမြို့ ဆုံဆည်းမြိုင်ကျေးရွာ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း DKBAဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်
စောမိုရှေးက ပြောသည်။
“ပုံမှန် ကျင်းပ,နေတဲ့ DKBA တပ်မတော်နေ့ (၁၈)နှစ်မြောက် အခမ်းအနားပါ။
ဒီဇင်ဘာလ (၂၁)ရက်နေ့ရောက်တိုင်း ကျွှန်တော်တို့ကျင်းပ,ပါတယ်”
စောမိုရှေးက ပြောသည်။
ဒီဇင်ဘာလ (၁၄)ရက်နေ့ကတည်းက,ပင် တပ်မတော်နေ့အထိမ်းအမှတ် ဘော်လုံးအသင်းများ ယှဉ်ပြိုင်က
စားလျက်ရှိပြီး ၁၉, ၂၀, ၂၁ရက်နေ့များတွင် လက်ဝှေ့ပြိုင်ပွဲများ၊ အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်သည့် ကရင်ရိုးရာ ဒုံးအက,များဖြင့် ဖျော်ဖြေရန်ရှိသည်။
ဒီဇင်ဘာလ (၂၁)ရက်နေ့နံနက်ပိုင်း၌ စစ်သည်အင်အား(၃၀၀)ခန့်ဖြင့် စစ်ရေးပြအခမ်းအနားကို ပြုလုပ်သွား
မည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်တွင်းသတင်းထောက်များကြား တက်ရောက်သတင်းယူနိုင်ရန်အတွက် ဖိတ်
ကြားထားသည်ဟုလည်း စောမိုရှေးက,ပြောသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (Democratic of Karen Buddhist Army) ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စ,တင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော် (Democratic of Karen Benevolent Army)အဖြစ် ၂၀၁၂ခုနှစ် ဧပြီလ (၄)ရက်
နေ့တွင် ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။
ထို့အတူ တရားဝင်နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်ရန်လည်း ရှိပြီး ကလို့ထူးဘော ကရင်အစည်းအရုံး Klohhtoobor Karen Organization (KKO)အဖြစ် တရားဝင်မှတ်ပုံတင်ရန်လည်းရှိကြောင်း DKBAက,ဆို
ထားပါသည်။
Copy from http://www.phophtaw.org/burmese/index.php/news/shortnews/2522--dkba-.html
၁၀နှစ်မြောက် DKBA နေ့ မှတ်တမ်းလေးဖြစ်ပါတယ်။
No comments:
Post a Comment