.

xxx

December 10, 2012

ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလားရောက် အထူး (၄) ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

Unknown | 12/10/2012 07:24:00 AM | Best Blogger Tips

10/12/2012

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ တည်ဆောက်နေသောငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောပါသည်။“မရောက်ဖူးလို့ လေ့လာဖို့သွားရင်း ချစ်ကြည်ရေးခရီးလဲလုပ်ရင်းပေါ့နော်။ နဂို ရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ် အနေနဲ့ သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ဖို့အတွက် နိဒါန်းသွားပျိုးတယ်လို့ လဲပြောလို့ရတယ်။” SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပါသည်။သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ SNLD ရုံးခွဲဖွင့်ပွဲသို့ရောက်ရှိခဲ့သော ဥက္ကဌကြီး စဝ်ခွန်ထွန်းဦးနှင့်အဖွဲ့ ပြီးခဲ့သည့် သောကြာ နေ့ ၇ ရက်နေ့ ၉ ရက်နေ့အထိ မိုင်းလားသို့ရောက်ရှိပြီး(အထူးဒေသ ၄ ) မိုင်းလားတပ်ဖွဲ့ NDAA-ESS ဉက္ကဌ စိုင်းလင်း အပါအဝင် ဒုဥက္ကဌ (၁) ဦးဆန်းပေ၊ ဒုဥက္ကဌ (၂) စိုင်းဆန်လူ နှင့် အတွင်းရေး...
မှူးစိုင်းဆိုင်လားတို့က လက်ခံတွေ့ဆုံကြောင်း၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် နှစ်ဘက်လုပ်ငန်းစဉ်များအား အပြန်အလှန်ရှင်းပြခဲ့ကြောင်း၊ သျှမ်းပြည် တမျိုးသားလုံးပါဝင်မည့် ဒုတိယညီလာခံအတွက်ကြိုတင်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွက်ကျေနပ်အားရဖွယ်ကောင်း ကြောင်း စိုင်းလိတ်က ပြောပါသည်။မိုင်းလားမြို့၌ ၂ ညအိပ်ကာ ခွန်ထွန်းဦးတို့အဖွဲ့ ၂၁၀၇ ခုနှစ် သျှမ်းရိုးရာနှစ်သစ်ကြိုဆိုပွဲအတွက် ဒီဇင်ဘာ ၉ ရက် မနက် ပိုင်း၌ မိုင်းလားမှ ကျိုင်းတုံသို့ ပြန်လာခဲ့ကြောင်း ကြားသိရပါသည်။“ကျနော်တို့လုပ်ငန်းစဉ်ကိုရှင်းပြတော့ စဝ်စိုင်းလင်းတို့က ဝမ်းသာအားရကြိုဆိုတယ်။ ပါဝင်ဖို့ ကြိုးစားမယ်လို့ ပြောတယ်။ ဒုတိယညီလာခံကိုတော့ လာမယ့်နှစ် သင်္ကြန်မတိုင်ခင်လောက်မှာဖြစ်ဖို့ခန့်မှန်းတယ်။ လောလောဆယ်ကျနော်တို့ မိုင်းလား ဆီကိုဘဲ ရောက်သေးတယ်။ အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်။ သျှမ်းပြည် အခြေစိုက်အဖွဲ့အစည်းတွေနဲ့လဲ တွေ့ရ ဦးမယ်ဆိုတော့ ဒီအတွက် ၄- ၅ လအချိန် ယူရဦးမယ် ” ဟု စိုင်းလိတ်က ပြောပါသည်။သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချု၌ ဥက္ကဌခွန်ထွန်းဦးနှင့်အတူ ဒုဥက္ကဌ စိုင်းရွှေဂျူး အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောရေးဆိုခွင့် စိုင်းလိတ်တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စဝ်ကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။

shan news

post by mobile ACM
                                   ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလားရောက် အထူး (၄) ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

10/12/2012

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ တည်ဆောက်နေသောငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောပါသည်။“မရောက်ဖူးလို့ လေ့လာဖို့သွားရင်း ချစ်ကြည်ရေးခရီးလဲလုပ်ရင်းပေါ့နော်။ နဂို ရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ် အနေနဲ့ သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ဖို့အတွက် နိဒါန်းသွားပျိုးတယ်လို့ လဲပြောလို့ရတယ်။” SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပါသည်။သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ SNLD ရုံးခွဲဖွင့်ပွဲသို့ရောက်ရှိခဲ့သော ဥက္ကဌကြီး စဝ်ခွန်ထွန်းဦးနှင့်အဖွဲ့ ပြီးခဲ့သည့် သောကြာ နေ့ ၇ ရက်နေ့ ၉ ရက်နေ့အထိ မိုင်းလားသို့ရောက်ရှိပြီး(အထူးဒေသ ၄ ) မိုင်းလားတပ်ဖွဲ့ NDAA-ESS ဉက္ကဌ စိုင်းလင်း အပါအဝင် ဒုဥက္ကဌ (၁) ဦးဆန်းပေ၊ ဒုဥက္ကဌ (၂) စိုင်းဆန်လူ နှင့် အတွင်းရေးမှူးစိုင်းဆိုင်လားတို့က လက်ခံတွေ့ဆုံကြောင်း၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် နှစ်ဘက်လုပ်ငန်းစဉ်များအား အပြန်အလှန်ရှင်းပြခဲ့ကြောင်း၊ သျှမ်းပြည် တမျိုးသားလုံးပါဝင်မည့် ဒုတိယညီလာခံအတွက်ကြိုတင်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွက်ကျေနပ်အားရဖွယ်ကောင်း ကြောင်း စိုင်းလိတ်က ပြောပါသည်။မိုင်းလားမြို့၌ ၂ ညအိပ်ကာ ခွန်ထွန်းဦးတို့အဖွဲ့ ၂၁၀၇ ခုနှစ် သျှမ်းရိုးရာနှစ်သစ်ကြိုဆိုပွဲအတွက် ဒီဇင်ဘာ ၉ ရက် မနက် ပိုင်း၌ မိုင်းလားမှ ကျိုင်းတုံသို့ ပြန်လာခဲ့ကြောင်း ကြားသိရပါသည်။“ကျနော်တို့လုပ်ငန်းစဉ်ကိုရှင်းပြတော့ စဝ်စိုင်းလင်းတို့က ဝမ်းသာအားရကြိုဆိုတယ်။ ပါဝင်ဖို့ ကြိုးစားမယ်လို့ ပြောတယ်။ ဒုတိယညီလာခံကိုတော့ လာမယ့်နှစ် သင်္ကြန်မတိုင်ခင်လောက်မှာဖြစ်ဖို့ခန့်မှန်းတယ်။ လောလောဆယ်ကျနော်တို့ မိုင်းလား ဆီကိုဘဲ ရောက်သေးတယ်။ အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်။ သျှမ်းပြည် အခြေစိုက်အဖွဲ့အစည်းတွေနဲ့လဲ တွေ့ရ ဦးမယ်ဆိုတော့ ဒီအတွက် ၄- ၅ လအချိန် ယူရဦးမယ် ” ဟု စိုင်းလိတ်က ပြောပါသည်။သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချု၌ ဥက္ကဌခွန်ထွန်းဦးနှင့်အတူ ဒုဥက္ကဌ စိုင်းရွှေဂျူး အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောရေးဆိုခွင့် စိုင်းလိတ်တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စဝ်ကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။

shan news

post by mobile ACM