၁၈ နှစ်မြောက် ဒီကေဘီအေ တပ်မတော် ဖွဲ့စည်းခြင်းအခမ်းအနားကို
ကရင်ပြည်နယ် မြဝတီမြို့ ဝေါ်လေဒေသအနီးက ဆုံဆည်မြိုင်မှာ ဒီဇင်ဘာ ၂၁ နေ့က
ကျင်းပခဲ့ပါတယ်။ အထိမ်းအမှတ်ပွဲကို ၂ ရက် ကျင်းပခဲ့ပြီး အနီးအနားက ကျေးရွာက ပြည်သူ
တသောင်းနီးပါး တက်ရောက်ခဲ့ကြတယ်။
ဒီကေဘီကေ တပ်မတော်ရဲ့ ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် စောလားဘွယ် က ဒီနှစ်ကျရောက်တဲ့ အဖွဲ့အစည်းမွေးနေ့ပွဲမှာ လက်ရှိအဖွဲ့အစည်းနဲ့ အစိုးရ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့ သဘောထားတွေကို ခုလိုပြောကြားသွားပါတယ်။
“အခု ကျနော်တို့ အစိုးရနဲ့ စကားပြောနေတဲ့ အနေအထားက ငြိမ်းချမ်းရေးအဆင့်မရောက်သေးဘူး၊ အပစ်ရပ်ထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မတော်ရော ပြည်သူပါ အသက်ရှူခွင့်လောက်ပဲ အသက်ရှင်သန်ခွင့်ထိ မရသေးဘူး၊ ကျနော်တို့ဟာ ပြည်သူတွေဆင်းရဲရင် ကျနော်တို့လဲ ဆင်းရဲသလိုပဲ၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရင် ကျနော်တို့လဲ ထိခိုက်တယ်။ ပြည်သူနဲ့ သံဃာတော်တွေဘက် ရပ်တည် ကာကွယ်ရမယ်” လို့ ပြောကြားသွားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ နေ့ရက်မှာပဲ အစိုးရတပ်တွေကို ပြည်လည် လက်နက်ကိုင်တော်လှန်ခဲ့ပြီး၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ကရင်ပြည်နယ် ဘားအံမြို့မှာ အစိုးရနဲ့ ဒီကေဘီအေတို့ အပစ်ခတ်ရပ်ဆဲရေး သဘောတူခဲ့ပါတယ်။
http://www.naytthit.net/?p=31927

ဒီကေဘီအေ ၁၈ နှစ်မြောက်ဖွဲ့စည်းခြင်း အခမ်းအနား (ရုပ်သံ)

No comments:
Post a Comment