.

xxx

December 10, 2012

တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် မက်ဆီ စံချိန်သစ်တင်

Unknown | 12/10/2012 02:21:00 AM | Best Blogger Tips

 

 


အာဂျင်တီးနားလက်ရွေးစင်နှင့် ဘာစီလိုနာအသင်း ကစားသမား လီယွန်နယ် မက်ဆီသည် ယခုအခါ တစ်နှစ်အတွင်း ဂိုးအများဆုံး သွင်းယူနိုင်သည့် ဘောလုံးကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ပြီဖြစ်သည်။ 

မက်ဆီသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော စပိန်လာလီဂါ၏ ဘက်တစ်နှင်ဘာစီလိုနာ ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ကာ ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ စုစုပေါင်းသွင်းဂိုးမှာ ၈၆ ပြည့်မြောက်သွားခဲ့သည်။

 ထို့ကြောင့် ၁၉၇၂ ခုနှစ်က ဂျာမနီကစားသမား ဂရတ်မူလာ စံချိန်တင်သွင်းယူထားခဲ့သော စုစုပေါင်းသွင်းဂိုး ၈၅ ဂိုးကို ကျော်လွန်ကာ တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။

 ဘက်တစ်နှင့်ဘာစီလိုနာပွဲစဉ်တွင် ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂရတ်မူလာသည် ၁၉၇၂ ခုနှစ်က တစ်နှစ်အတွင်း ပွဲစဉ် ၆၀ ကစားပြီး ၈၅ ဂိုးသွင်းယူခဲ့ပြီး မက်ဆီက ယခုနှစ်တွင် ပွဲစဉ် ၆၆ ပွဲကစားပြီး ၈၆ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

 မက်ဆီသွင်း ၂၀၁၂ ခုနှစ်တွင်း ဘာစီလိုနာအတွက် စုစုပေါင်း ၇၄ ဂိုးနှင့် အာဂျင်တီးနားအတွက် စုစုပေါင်း ၁၂ ဂိုး သွင်းယူခဲ့သည်။

  
၂၀၁၂ ခုနှစ်အတွင်း မက်ဆီး သွင်းယူခဲ့သည့် ဂိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဘာစီလိုနာအသင်းအတွက် သွင်းယူခဲ့သည့် ဂိုးများ

Copa del Rey: 3

Primera Division: 56

Champions League: 13

Spanish Super Cup: 2

CLUB TOTAL: 74

အာဂျင်တီးနားအတွက် သွင်းယူခဲ့သည့် ဂိုးများ

ARGENTINA

World Cup qualifiers: 5

Friendlies: 7

COUNTRY TOTAL: 12


 http://www.planet.com.mm