.

xxx

November 2, 2012

သြစတြေးလျားရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်

Unknown | 11/02/2012 06:45:00 AM | Best Blogger Tips
 ဖိုးခွါးလေး (ကေအိုင်စီ)

သြစတြေးလျနိုင်ငံ ဗစ်တိုရီး ယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင် အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှု ရေးလုပ်ငန်း ဆောင်ရွက်မှု ကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

သြစတြေးလျားနိုင်ငံတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို အခကြေး ငွေမယူဘဲ သြစတြေးလျား လူမှုကွန်ယက်နှင့် ချိတ် ဆက်မိအောင်ကူညီဆောင် ရွက်ပေးသည့်အပြင် သူမ၏ အားလပ်ချိန်အတွင်း၌ လူမှုအသိုင်း ဝိုင်းကို ကူညီပေး နေသောကြောင့် ၀န်ကြီး ချုပ်မှ ထိုသို့ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ရက်နေ့က Cathy Brunton မြို့ရှိ Italian Social Club of Werribee ခမ်းမဆောင်တွင် နော်စေးထူးအဲ့မိုး ရိုကို သြ စ တြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က ကိုယ်တိုင် လာရောက်ဂုဏ်ပြုကာ ယင်းဆုကို ဆုချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

နော်စေးထူးအဲ့က “ကျမ ဒီဆုကို ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မထင်မှတ်ဘဲ ရသွားတဲ့အတွက် ကြောင့် အရမ်းပျော်လို့မဆုံး ဖြစ်မိတယ်။ နောက် ဒီဆုကိုရတာ ကရင်တမျိုးသားလုံးရတယ်လို့ ခံစားရတယ်။ အခု ကျမဟာ ကရင်လူမျိုး ဖြစ်တယ်ဆိုတာ ဝန်ကြီး ချုပ်သိသွားတော့ အရမ်းကျေ နပ်အားရမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သြစတြေးလျားနိုင်ငံတွင် ရောက်ရှိအခြေချနေသည့် ကရင်လူငယ်များသည် သူမနည်းတူပင် လူမှုရေးလုပ်ငန်း တွင် တတ် စွမ်း သမျှ ကြိုးပမ်းလုပ်ဆောင်ကြပြီး ကရင်လူမျိုးများ၏ ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း သူမက ပြော ဆိုသည်။

Prime Minister’s Above and Beyond Award ဆုသည် သြစတြေးလျနိုင်ငံရှိ လူမှုရေးလုပ်ငန်းအရေးကို စိတ်ရောကိုယ်ပါ စွမ်း စွမ်းတမံ ကူ ညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကို တနှစ်တစ်ကြိမ် နှစ်စဉ် ရွေးချယ် ဂုဏ်ပြု ပေးအပ်လျှက်ရှိသည်။

နော်စေးထူးအဲ့မိုးရိုသည် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကျပြီးနောက်ပိုင်း ၁၉၉၉ခုနှစ်တွင်သြစ တြေး လျားနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့ပြီး ခင်ပွန်းသည် စောထူးစောနှင့် သားတစ်ဦး၊ သမီးတစ်ဦး ရှိသည်။

သူမသည် လက်ရှိ သြစတြေးလျား လူမှုကွန်ယက်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကာ ၎င်းကွန်ယက်၏ လုပ်ငန်းများကို ဆက်လက် လုပ် ကိုင် လျှက်ရှိသည်ဟု သိရသည်။
 

No comments: