.

xxx

Showing posts with label IT နည်းပညာ. Show all posts
Showing posts with label IT နည်းပညာ. Show all posts

October 9, 2013

Virtual Router Plus ( Portable ) (Window 7 မှ Wifi အလွယ် ပြန်လွှင့်မယ်)

Unknown | 10/09/2013 03:16:00 AM | | Best Blogger Tips

Virtual Router Plus လေးကတော့ Window 7 ကနေ Wifi ကို ပြန်လွှင့်တဲ့ ဆောဝဲလေး ဖြစ်ပါတယ်။ Install စရာမလိုပဲ ClickVirtualRouterPlus.exe လေး ကို နှစ်ချက်ကလစ်ရုံလေးနဲ့ ဘောက်တခု တတ်လာပြီး ကို ကြိုက်တဲ့ နာမည်နှင့် ကိုယ်ကြိုက်တဲ့ ပါတ်ဝေါ့ကို ထည့်ပြီး Wifi အလွယ် ပြန်လွင့်လို့ရတဲ့ Portable လေးကို တင်ပေးလိုက်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန်

August 13, 2013

မိမိ wifi မှာ ဘယ်သူတွေသုံးနေသလဲ ကြည့်ဖို့ Who is On My Wifi

Unknown | 8/13/2013 04:37:00 AM | Best Blogger Tips

  မိမိ wifi မှာ ဘယ်သူတွေသုံးနေသလဲ ကြည့်ဖို့ Who is On My Wifi
*******************************************
 ဒီကောင်လေးကတော့ မိမိ ၀ိုင်ဖိုင်လွင့်ထားတဲ့ ဧရိယာထဲမှာ မိမိစက်တွေကလွဲလို့် ဘယ်သူတွေခိုးသုံးနေ
သလဲဆိုတာ ကြည့်ဖို့ဆော့ဝဲလ်လေးဘဲဖြစ်ပါတယ်။ ခိုးနည်းတင်ပေးလိုက် စစ်နည်းတင်ပေးလိုက်နဲ့ရန်တိုက်ပေးတာတော့ မဟုတ်ပါဘူး။ အနာသိရင် ဆေးရှိပါတယ် ဆိုတဲ့စကားပုံလို့ပေါ့ဗျာ..ဖိုင်ဆိုဒ်ကတော့ 5.08Mbဘဲရှိပါတယ်။ Full version ဖြစ်ဖို့ အထဲမှာကီးဖိုင်လေးလည်းပါပါတယ်။ဒေါင်းယူပြီးအသုံးပြူကြည့်လိုက်ပါဗျာ...
http://lnx.lu/1VU1
(၅စက္ကန့်မျှစောင့်၍ ညာဘက်က SKIP ဆိုတာလေးကိုနှိပ်ပေးပါခင်ဗျာ)

August 5, 2013

Viber For Windows XP/7/ 8 & Mac OS X

Unknown | 8/05/2013 02:47:00 AM | Best Blogger Tips
ုဖုန်း Free call ၊ Message Free ပို့လို့ရတဲ့Viber ဆော့ဝဲဟာကွန်ပျူတာတွေအတွက်လည်းထွက်ရှိလို့လာပါပြီ။ Viber ကိုကွန်ပျူတာမှာ အသုံးပြုဖို့အတွက် အကောင့်ဖွင့်နည်းကတော့ဖုန်းမှာလိုပါဘဲ ။ကွန်ပျူတာမှာ အသုံးပြုရနိုင်ဖို့အတွက် Viber မှာ အရင် အကောင့်လုပ်ထားတဲ့ ဖုန်းနံပတ်တစ်ခုဘဲလိုပါတယ် ။ Viber for Windows XP/7/8 ကိုအသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
ဆက်လက်ဖတ်ရှု့ရန်

July 4, 2013

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ ( For Windows 7 & 8 )

Unknown | 7/04/2013 09:59:00 AM | Best Blogger Tips

အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..

ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
ဆက်လက်ဖတ်ရှု့ရန်

July 1, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

Unknown | 7/01/2013 07:53:00 PM | Best Blogger Tips

Tuesday, 02 July 2013
                                   နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
Tuesday, 02 July 2013

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူ
မလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း
 ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ်အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလို
မာတွေ တောင်ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

YoYarLay
တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူ
မလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။
...

June 25, 2013

phone bill မကုန်အောင် အင်တာနက် free သုံးမယ်

Unknown | 6/25/2013 10:00:00 AM | Best Blogger Tips

ဒီနည်းလေးးကတော့  ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။

 ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D
ဆက်လက်ဖတ်ရှု့ရန်

June 4, 2013

ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

Unknown | 6/04/2013 10:46:00 AM | Best Blogger Tips
ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။ 

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။ 

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
techblog

Aung Kham (Stuff Myanmar)

-

 ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက...်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

June 2, 2013

" စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့ "

Unknown | 6/02/2013 09:38:00 AM | Best Blogger Tips
" စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့ "

August Smart Lock လို့ အမည်ပေးထားတဲ့  Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့ 
အီလက်ထရောနစ် သော့ခလောက် ဖြစ်ပါတယ်။ အသုံးပြုရန် အတွက်
မိမိ အသုံးပြုတဲ့ စမတ်ဖုန်းမှာ ဆော့ဝဲလ်ကို Install လုပ်ထားရပါမယ်။

မိမိ အိမ်ကို ၀င်စေလိုတဲ့ သူများကို သာ ဖုန်းမှာ ပါတဲ့ ဆော့ဝဲလ်မှာ စာရင်း လုပ်ထားမှာ ဖြစ်ပြီး မိမိအိမ်ထဲမှာ ရှိတဲ့ အချိန် ထိုင်ရာက မထ ဖုန်းဖြင့် တံခါးဖွင့်နိုင်ပါတယ်။ ဒါမှ မဟုတ် မိမိ အိမ်မှာ မရှိတဲ့ အချိန် အိမ်ထဲ ၀င်စေလိုတဲ့ သူကို ဖုန်းနဲ့ အတည်ပြုပေးထားပြီး ၀င်ခွင့်ပေးနိုင်ပါတယ်။

ဖုန်းမှာ ထည့်သွင်းထားတဲ့ အချက်အလက်များမှာ မိမိ အိမ်ထဲ ၀င်စေလိုတဲ့ သူများကိုသာ တံခါးအလိုအလျောက် ဖွင့်ပေးမှာ ဖြစ်တဲ့ အတွက် မိမိမ၀င်စေလိုတဲ့ သူများကိုလည်း တံခါးပိတ်ထားနိုင်ပါတယ်။

နောက်ပြီး တံခါးမှာ တပ်ထားတဲ့ အီလက်ထရောနစ် သော့ခလောက်ဟာ ကိုယ်ပိုင် ဘတ္တရီ အားကို အသုံးပြုထားပါတယ်။  ဒီတော့ မီးပျက်ရင် အလုပ်မလုပ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး ။

မိမိ အိမ်ကို ၀င်ခွင့်ပြုထားတဲ့ သူတွေကိုလည်း ဘယ်အချိန် ဘယ်နှစ်နာရီမှာ ၀င်ရောက်သွားတယ်ဆိုတာကို မိမိ အိမ်မှာ မရှိတဲ့ အချိန်မှာလည်း ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းမှာ အသိပေး စာ ပို့ ပေးမှာ ဖြစ်ပါတယ်။

အကယ်လို့ မိမိ ဖုန်းချို့ ယွင်းမှု့ ကြောင့် တစ်စုံတစ်ရာ ဖြစ်ခဲ့ ရင်လည်း  ရိုးရိုး သော့တံ ဖြင့်ပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ 

ဒီ Smart Lock အကြောင်းကို လေ့လာလိုရင် အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။ 

>> http://www.youtube.com/watch?feature=player_embedded&v=EFlPncm4fnY#!

--------

Ref; August Smart Lock 

Freddy ( Stuff Myanmar)

August Smart Lock လို့ အမည်ပေးထားတဲ့ Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့...