.

xxx

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

February 7, 2013

လိုင်ဇာသိမ်း တိုက်ပွဲ ဘယ်သူနိင်ပါသလဲ Pyrrhic victory in Myanmar

Unknown | 2/07/2013 06:26:00 AM | Best Blogger Tips


February 7,2013 by ရွှေင်္ဟသာသတင်းဌာန

တပ်မတော် ရဲ့ လိုင်ဇာသိမ်း တိုက်ပွဲအပေါ် ဘန်ကောက် အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ Anthony David ရဲ့ စစ်ရေးသုံးသပ်ချက်ပါ၊ စစ်ရေး စိတ်ဝင်စားသူများ ဖတ်သင့်တဲ့ ဆောင်းပါးပါ စစ်ပွဲတစ်ပွဲမှာ လိုချင်တဲ့ နယ်မြေကို ရတာ နဲ့ အောင်နိင်တယ်လို့ ပြောလို့ရပါသလား၊ အဲဒီအတွက် ပေးဆပ်ခဲ့ရတာနဲ့ ပြန်ရတာ မကာမိရင် ဒီ အောင်ပွဲကို အချည်းနှီး အောင်ပွဲလို့ပဲ သတ်မှတ်ရမှာပါပဲ။ ဒီဆောင်းပါးမှာ
ဆက်လက်ဖတ်ရှု့ရန်

January 31, 2013

လောင်းကစားဝိုင်းများ နှင့် ငြိမ်းချမ်းရေး- (လောက)

Unknown | 1/31/2013 11:10:00 PM | Best Blogger Tips



                                 


ယနေ့ဟာ ကရင်အမျိုးသားအပေါင်းတို့၏ ကိုယ်ပိုင်ပြငှာန်းခွင့်နှင့် တန်းတူအခွင့်အရေးရရှိရန်  မြန်မာ အစိုးရ၏ မတရားဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ပြီး တရားမျှတသောအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာရန် အတွက် ကရင်အမျိုးသားအပေါင်းတို့သည်မြန်မာအစိုးရအဆက်ဆက်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့သည်မှာ (၆၄) နှစ်ပြည့်သော နေ့ရက် အချိန်အခါလည်း ဖြစ်သည်။ 

ထိုကြောင့် အနယ်အနယ်အရပ်ရပ်တွင်ရှိသော ကရင်အမျိုးသားအပေါင်းတို့သည် (၆၄) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုနေကြသော အချိန်လည်းဖြစ်ပြီး ကရင်အမျိုးသားများ အတွက် နေ့ထူးနေ့မြတ် တစ်ရပ်လည်းဖြစ်ပါသည်။ 
ဆက်လက်ဖတ်ရှု့ရန်

လေလှိုင်းထဲက ကချင်တိုက်ပွဲ

Unknown | 1/31/2013 03:40:00 AM | Best Blogger Tips


ဆောင်းပါး - လဖိုင် (ဧရာဝတီ)

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
                                 

မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း ရဲ့ အဲဒီကြွေးကြော်သံဟာ ပဲ့တင်ကျန်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ မီဒီယာ တိုက်ပွဲကတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အခြေစိုက် သဇင် FM နဲ့ လိုင်ဇာ အခြေစိုက် လိုင်ဇာ FM တို့ ကြားက တိုက်ပွဲပဲဖြစ်ပါတယ်။ မြေပြင်မှာ လက်နက်တွေနဲ့ တိုက်သလို ဝေဟင်မှာ အသံလှိုင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလိမ့်မယ်လို့ မထင်ပါနဲ့။ ဒီ FM တိုက်ပွဲမှာ လိုင်ဇာ FM က ခံနေရတာပါ။

ဆက်လက်ဖတ်ရှု့ရန်

January 28, 2013

ဟားတိုက်ရယ်တယ် မထင်လိုက်နဲ့ ငြုပ်သီးစပ်လို့

Unknown | 1/28/2013 05:22:00 PM | Best Blogger Tips

ကေအိုင်စီသတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် M ထက်ခေါင်ရဲ့ စပယ်ရှယ် ဆောင်းပါးတပုဒ်ပါ။


M. ထက်ခေါင်

(၁)
ကချင်ပြည်နယ်အတွင်း ရန်သူစစ်အုပ်စုက ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်တို့ဖြင့် နေ့စဉ်ရက်ဆက် ကျူးကျော် ထိုးစစ်ဆင်လျက်၊ ကချင်ပြည်သူများအား စော်ကား သတ်ဖြတ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် ကေအိုင်အို၏ စစ်ရေး နိုင်ငံရေး အသာစီးရရှိလာမှုနှင့်အတူ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအဲန်အက်ဖ်စီ၏ အခန်း ကဏ္ဍသည်လည်း ထင်ရှားတောက်ပြောင်လာချိန်၊ ယူအဲန်အက်ဖ်စီ အဖွဲ့တွင် အထင်ကရ အဖွဲ့ဝင်တဦးဖြစ်သော ကေအဲန်ယူ၏ အခန်းကဏ္ဍမှာမူ ကရင်လူထုများအကြားမှာပင် ရေပန်းမစားတော့ဘဲ ဖြစ်လာသည်။ တချိန်တည်းမှာပင် စစ်ကို အယောင်ပြ ရပ်ဆိုင်းခိုင်းနေသည့် အရပ်ဝတ်အရေခြုံ လူထုဆန္ဒမပါသော မဲလိမ်မဲခိုး သမ္မတနှင့် လူထုဆန္ဒကို မျက်ကွယ်ပြုကာ စစ်အုပ်စု လက်က သုံးတောင်ဝှေးအဖြစ် မိမိကိုယ်မိမိ ထိုးအပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်တို့၏ ဂုဏ်သတင်းမှာလည်း ပျက်ယွင်းမှေး မှိန်လာခဲ့ပြီ ဖြစ်လေသည်။
နယ်မြေအတွင်း ကျူးကျော်လာသည့် တိုက်လေယာဉ်များ၊ စက်သေနတ်များ၊ စွမ်းအားပြင်း အမြောက်ကြီးများ၊ မီး လောင်ဗုံး အပါအ၀င် ဓာတုဗုံးလက်နက် ကြဲချခြင်းများကို ခိုင်မာပြတ်သားသည့် ရပ်တည်ချက်ဖြင့် မဆုတ်မနစ် တွန်းလှန် လျက်ရှိသော ကေအိုင်အိုကို ကမ္ဘာက အာရုံစိုက်လာကြပြီ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂကကော အမေရိကန်ကပါ မခံမရပ်နိုင် ဖြစ်လာကြပြီး ဗြိတိန်ကလည်း စီးပွားရေးပိတ်ဆို့မှုများ ရပ်ဆိုင်းခဲ့သည့်ကိစ္စအပေါ် ပြန်လည် စဉ်းစားသုံးသပ်မည်ဟု ဆိုလာပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှု့ရန်

January 25, 2013

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ

Unknown | 1/25/2013 05:57:00 AM | Best Blogger Tips

  ကေသွယ်ရဲ့ ဆောင်းပါးကောင်းလေးတပုဒ်ပါ။ အနာဂါတ်မှာ ကရင်ပြည်နယ်မှာ တောင်တွေကိုဖြို တူးဖို့ ပြင်နေကြပြီမို့ ဗဟုသုတအတွက် ထပ်ဆင့်တင်ပြပေးလိုက်ပါသည်။

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ

Development or Die

မြို့လယ်ခေါင် လူစည်ကားရာ နေရာမှာ၊ ချိတ်ဆွဲထားတဲ့ Development or Die ဆိုတဲ့ လစ်ဘရယ်ပါတီ
ရဲ့ မဲဆွယ်ဆိုင်းဘုဒ် ကလေးကို မြင်တော့၊ ပြုံးမိရသည်။ ဒီမြေတွေကို ဒီအတိုင်းပဲ ထားရင်း သေသွားကြမလား.. ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမလား လို့ ဆိုချင်ဟန် တူပါရဲ့။

သြစတြေလျ မှာက၊ သတ္တုတူးဖော်ရေး (Mining) လုပ်ငန်းက အဓိက ဖြစ်ပြီး ၊ တနိုင်ငံလုံးရဲ့ GDP ကို ၁၀ ရာနှုံးထိအောင် ထောက်ကန်ပေးခဲ့ဘူးသည် ဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ အဓိက အသုံးချစရာ လက်နက်ကိရိယာကလည်း မိုင်းနဲ့ပတ်သတ်တဲ့ ပေါ်လစီတွေ အခွန်အခကိစ္စတွေသာ ဖြစ်လေ့ရှိသည်။ ပြီးခဲ့တဲ့ နှစ်တွေကပင် လေဘာပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဂျုလီယာဂေလာ့ဒ်က Mining Super Tax ဆိုပြီး ကုမ္ပဏီကြီးတွေကို အခွန် ၄၀% ထိ တိုးကောက်ဖို့လုပ်တော့ အကြီးအကျယ် အငြင်းပွားခဲ့ကြသေးသည်။ အဲဒီလို မိုင်းလုပ်ငန်းတွေ ဖွံ့ဖြိုးနေတဲ့ အထဲကမှ သြစတြေလျတင်မက တောင်ကမ္ဘာခြမ်းမှာပါ အကြီးဆုံး ဆိုတဲ့ Super Pit မိုင်းတွင်းကြီးကို မေးတင်ထားတဲ့ မြို့လေးတမြို့မှာ ၊ ရောက်ရှိ နေထိုင်နေသူ တဦးအတွက်တော့ မိုင်း နဲ့ စပ်ဆိုင်သမျှ အားလုံး သည်၊ စိတ်ဝင်စားစရာ ဖြစ်လို့ နေသည်။ တမြို့လုံးလိုလိုကလည်း ဒီ မိုင်းလုပ်ငန်း တွေ အပေါ်မှာ မှီခို လုပ်ကိုင်နေကြတဲ့ သူတွေ ချည်း။ မိုင်းအင်ဂျင်နီယာက စလို့၊ မိုင်းသန့်ရှင်းရေး လုပ်တဲ လူ အထိ၊ မိုင်းအလုပ်ကြမ်း ၀တ်စုံ နဲ့ လူကြီး လူငယ် ယောက်ျား မိန်းမ အစုံစုံ ဟာ၊ ညနေစောင်း အိမ်ပြန်ချိန် လမ်းတွေပေါ်မှာ အပြည့် ။ ဒါ့အပြင် Western Australia School of Mines ဆိုတဲ့ ၊ တက္ကသိုလ်လေး တခု လည်း ရှိနေသေးသည် ဆိုတော့၊ ဒီမြို့ကို မှ မိုင်းမြို့ လို့ မခေါ်ရင်၊ ဘာကို ခေါ်တော့မလဲ။
ဆက်လက်ဖတ်ရှု့ရန်

January 24, 2013

ပညာတတ်တစ်ယောက်၏တန်ဘိုး

Unknown | 1/24/2013 04:46:00 AM | Best Blogger Tips


အက်ဆေး
Written by ဇော်ဇော်အောင်

၁။ ပညာနဲ့ ပတ်သက်တဲ့ အမြင်တစ်ခုကို ဘက်တစ်ဘက်ကတင်ပြပါမယ်။
                                               


၂။ ငယ်စဉ်တုန်က ကြားဖူးခဲ့တဲ့ ပုံပြင် တစ်ပုဒ် ရှိပါတယ်။ ကျေးလက်က လူငယ် တစ်ယောက်က မြို့တက်ပြီး ပညာသင်ယူတယ်။ တက္ကသိုလ်က ဘွဲ့ရပြီး ရွာပြန်လာတယ်။ အားလုံးက ဂုဏ်ယူ ပျော်ရွှင်ကြလို့ ရွာဦးကျောင်းက ဆရာတော့်ဆီသွားကန်တော့တယ်။ ဆရာတော်ကလည်း ဝမ်းသာ အားရ မင်းတက္ကသိုလ်ကြီးက ဘာ ပညာ တွေသင်လာခဲ့သလဲ။ တပည့်တော် ဒဿနိကဗေဒ ပညာရပ်နဲ့ဘွဲ့ရခဲ့ပါတယ် ဘုရား။ `အေး….. ကောင်း၊ အတော်ဘဲ ငါ့ကျောင်းက တိုင်ကပ်နာရီကြီး ပျက်နေတာ တစ်လလောက်ရှိပြီ။ အဲ့ဒါ ပြင်ပေးခဲ့ စမ်းကွာ´ လို့ ဆရာတော်က မိန့်တယ်။ ဒီပုံပြင်က အတော်ကြာပါပြီ။ ဆက်စဉ်းစားလို့ရပါတယ်။ မြန်မာစာနဲ့ သို့မဟုတ် အင်္ဂလိပ်စာနဲ့၊ သမိုင်းနဲ့ဘွဲ့ ရခဲ့ရင်လည်း နာရီတော့ ပြင်တတ်မယ် မဟုတ်ပေဘူး။

ဆက်လက်ဖတ်ရှု့ရန်

ငြိမ်းချမ်းရေးခရီး

Unknown | 1/24/2013 01:03:00 AM | Best Blogger Tips



                                



ဒီကနေ့ ၂၀၁၃ ခုနှစ် ဇန်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စု အစိုးရနဲ့ ကရင် အမျိုးသားအစည်းအရုံး(KNU) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့ ကျရောက်တဲ့ ၂၇၅၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သန်း(၆၀)ထဲက ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံသားတစ်ဦး အနေနဲ့၊ တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်မြဲစေချင်ပါတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေများလည်း အပစ်အခတ် ရပ်စဲမှုကို ပျက်စေချင်ကြမှာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးကို ခိုင်မြဲ စေချင်ကြမှာပါ။

ဆက်လက်ဖတ်ရှု့ရန်

January 23, 2013

သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို

Unknown | 1/23/2013 04:30:00 AM | Best Blogger Tips

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများတွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။
ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေးသုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။

ဆက်လက်ဖတ်ရှု့ရန်