.

xxx

Showing posts with label ကွန်ပျူတာနည်းပညာ. Show all posts
Showing posts with label ကွန်ပျူတာနည်းပညာ. Show all posts

February 24, 2013

အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း

Unknown | 2/24/2013 10:49:00 PM | Best Blogger Tips






အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့မရပါဘူး။ ဒီလိုရှိပါတယ်။


စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com ရိုက်လိုက်တယ်ဆိုပါစို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ်ဆီ ကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ်ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက်မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ Control Panel ကိုဝင်ရပါမယ်။

၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။

၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။

၎။ Properties ကိုနှိပ်ပါ။

၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါမယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Verson 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကိုမြင်တွေ့ရပါမယ်။

၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

Preferred DNS Server မှာ - 208.67.222.222
Alternate DNS server မှာ - 208.67.220.220

တို့ကို ဖြည့်စွက်ပေးရပါမယ်။

၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။

ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ရပါပြီ


(TSJ team)
ဆက်လက်ဖတ်ရှု့ရန်

February 23, 2013

ဝင်ဒိုးတင်ပြီးလိုအပ်တဲ့ဆော်ဝဲလ်များ

Unknown | 2/23/2013 06:43:00 AM | Best Blogger Tips

                        
ဝင်ဒိုးအသစ်တင်ပြီးရင် ဆော်ဝဲလ်တွေအများကြီး လိုက်ရှာနေရပါတယ် ဟိုဆိုဒ်မှာ သွားယူလိုက် ဒီဆိုဒ်မှာ လာယူလိုက်နဲ့ ပင်ပန်တယ်ပေါ့ တစ်နေရာ ထဲမှာ အစုံ ရှိတယ် အသုံးလိုရင်တော့ ဒီမှာ သွားရောက်ပြီ မိမိကြိုက်
တဲ့ ဆော်ဝဲလ် အမျိုးစားကို ကလစ်ပေးပြီ ဒေါင်းနိုင်ပါတယ် .....သူငယ်ချင်းအားလုံးချစ်ခင်လေးစားလျက်
ဆက်လက်ဖတ်ရှု့ရန်

ကွန်ပျုတာ မအိပ်အောင်။

Unknown | 2/23/2013 05:38:00 AM | Best Blogger Tips


                                                   

ကျွန်တော်ကတော့ ဒီ ကွန်ပျုတာ Sleep သွားတာ ခဏခဏကြုံရတယ် အထူးသဖြင့် Download လုပ်နေ
တဲ့အချိန် ဒါမှမဟုတ် Upload လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလဲ ဒီအတိုင်းဘဲ ကွန်ပျုတာကို ထားခဲ့ပြီးအပြင်
ထွတ်သွားတာပေါ့ ပြန်လဲရောက်ရော ကွန်ပျုတာက အိပ်ပျော်နေပါရော(Sleep) ပြန်လဲဖွင့်လိုက်ရော
Download, upload လုပ်ထားသမျှတွေ အကုန် ပျက်ပြီး အစကနေ ပြန် Download, upload လုပ်ရတာပေါ့။ ဒီဘာမှမဟုတ်တဲ့ Setting လေးတခုကို မချိန်းထားမိတာနဲ့ အခုလိုဖြစ်ရတာပေါ့။ တခါတလေကျတော့လဲ အခုလိုကွန်ပျုတာ(Sleep)အိပ်ပျော်အောင် လုပ်ထားခြင်းဖြင့် တခါတလေမှာလဲ
ကိုယ်မသုံးဘဲနဲ့ ဒီအတိုင်းထားခဲ့မိရင် သူ့အလိုလျောက်ပိတ်သွားတော့ မီးအားသက်သာပြီး အဆင်ပြေတာပေါ့။

ဆိုတော့ Setting အပြောင်းအလဲကို
Desktop မှာ Right click- personalization-screen saver-change power settings- change when the computer sleeps ကနေပြီးတော့ ကိုယ်လိုအိပ်သလို အပြောင်းအလဲလုပ်နိုင်ပါတယ်

SBSangpi(စံပီး) 
ဆက်လက်ဖတ်ရှု့ရန်

February 22, 2013

ဆောဖ့်ဝဲ မလို ကွန်ပျူတာမှာ pointer ပြောင်းဖို့ နည်းလမ်းကောင်းလေး

Unknown | 2/22/2013 03:56:00 AM | Best Blogger Tips


ဆော့ဝဲလ်မှမလိုပဲနဲ့ မောက်စ် Cursor မြားလေးကိုပြောင်းနိုင်မယ့်နည်းလေးပဲဖြစ်ပါတယ်။ အရင်ဆုံး
အပေါ်ကပုံထဲက ကိုယ်ကြိုက်နှစ်သက်ရာကိုမောက်စ် Cursor ဒီဇိုင်းကို   ဒီမှာသွားပြီးဒေါင်းလော့ လုပ်နိုင်ပါတယ်။ အဲဒိမြားပုံလေးကိုမကြိုက်ရင်လည်း   ဒီမှာ နောက်ထပ်သွားပြီးကြည့်ရှုနိုင်ပါတယ်။ အဲဒိမြားပုံလေး ကွန်ပျူတာမှာပေါ်အောင်ဘယ်လိုလုပ်လဲဆိုတာကို အောက်စာမျက်နှာမှာဖတ်ရှုနိုင်ပါတယ် . . . . .


၁. ဒေါင်းလော့လုပ်ပြီးသွားပြီးဆိုရင် .... Control Panel ----> Mouse ----> Pointers ဆိုတဲ့ Tab
      ကိုသွားပါ။

၂.  ထို့နောက် Browse ကိုကလစ်ပါ။ ခုနကဒေါင်းထားတဲ့ ဖိုင်နေရာကိုရှာပြီးတော့ အဲဒိဖိုင်ကို
        ကလစ်နှစ်ချက်ပေးလိုက်ပါ။

၃.  Apply ကိုနှိပ် OK ကိုဆက်နှိပ်။
ဆက်လက်ဖတ်ရှု့ရန်

February 18, 2013

ကော်ပီ (Copy) ကူးတာ အရမ်းနှေးကွေးနေသော ကွန်ပျုတာများအတွက်

Unknown | 2/18/2013 05:26:00 AM | | Best Blogger Tips
                      


ဒါကတော့ စက်တွေမှာ သီချင်းတွေ ၊ပုံတွေ၊ ကော်ပီယူရင် အရမ်းနှေးတဲ့သူအတွက်

အမြန်ပြီးစေမယ့် တွန်းအားပေးတဲ့ ဆော့ဝဲလေးတစ်ခုပါ စမ်းသုံးကြည့်တာကတော့

အဆင်ပြေနေပါတယ် ကော်ပီယူရင် နှေးသောသူများ ယူသုံးကြည့်ပါ..................။

ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/download.php?c0gj0574qbdjx5m

ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/download.php?c0gj0574qbdjx5m



ဆက်လက်ဖတ်ရှု့ရန်

February 16, 2013

စက်ရဲ့ Connection Speed နဲ့ IP ကိုဘယ်လိုကြည့်မလဲ ??

Unknown | 2/16/2013 04:34:00 AM | Best Blogger Tips


တစ်ချို့ပြောပြောနေကြတယ်....

"ဟရောင်..မင်းဟာ တက်လား.....ငါ့မှာကျနေတယ်...."

Connection ကိုပြောပါတယ်..... :D

အဲ့ဒါ တက်လား ကျလား...ကြည့်ကြမယ်ဗျာ...

ပထမဆုံး Task Manager ကိုဖွင့်လိုက်ပါ.

Shortcut နဲ့ဆိုရင်တော့ Ctrl+Shift+Esc ပေါ့.

Task Manager ပေါ်လာရင်တော့ Networking Tab ကိုသွားလိုက်.

အောက်မှာရှိတဲ့ Box ထဲက နံပါတ်လေးတွေ လှုပ်ရှားနေတာကို ကြည့်လိုက်..ပါ..

0.1 , 0.12 , 0.15 လောက်ထိဆိုရင်တောင် လိုင်းက သိပ်အကောင်းကြီး မဟုတ်သေးပါဘူး..

နည်းနည်းကျတယ်ပေါ့......

0.5 လောက်ဆိုရင်တော့ ကောင်းပါတယ်.......

IP ကြည့်နည်းကတော့ တော်တော်များများသိကြမှာပါ...

မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ကျွန်တော်ပြောပြပါ့မယ်..

win+R>>cmd>>nslookup>>nslookup

အဲ့မှာ Adress ဆိုတာ ကိုယ်သုံးနေတဲ့ ကိုယ့်ရဲ့ IP Address ကိုပြောတာပါ....

ကျွန်တော်အောက်မှာပြထားတဲ့ ပုံကတော့ ကမ္ဘာ့ Connection အကောင်းဆုံး နိုင်ငံ 50 ပါ...

ထိပ်ဆုံးကတော့ တောင်ကိုးရီးယားက ကြောက်မက်ဖွယ် Speed နဲ့ ဦးဆောင်နေပါတယ်...

သူငယ်ချင်းတို့ ဗဟုသုတ ရစေဖို့...ဖော်ပြပေးလိုက်ပါတယ်.....

ITgroup
ဆက်လက်ဖတ်ရှု့ရန်

February 13, 2013

DeskSoft FastFolders v5.0

Unknown | 2/13/2013 04:43:00 AM | | Best Blogger Tips

        
ဒီကောင်လေးကတော့ ပျင်းတဲ့သူတွေအတွက် အဆင်ပြေတယ်ဗျ
ဖိုင်တွေကို ကလစ်တစ်ချက်တည်းနဲ့ ဘယ်နေရာထားထား ၀င်ကြည့်လို့ရတယ်ပေါ့
ပုံမှန်ဆိုရင် အဆင့်ဆင့်ဝင်နေရအုံးမယ် ဒီကောင်လေးအသုံးပြုလိုက်ရင် ပုံမှာပြထားတဲ့အတိုင်း
Desktop ပေါ်ကနေ ကြိုက်နေရာဝင်ကြည့်နိုင်ပါတယ်
အခြားလုပ်ဆောင်ချက်တွေလည်းရှိပါတယ်  http://www.desksoft.com/FastFolders.htm
မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိင်ပါတယ်
Download>>> sharebeast (or)  zippyshare

from http://www.amyokaungtarr.com
ဆက်လက်ဖတ်ရှု့ရန်

February 8, 2013

Windows explorer has stopped working error ဖြေရှင်းနည်း

Unknown | 2/08/2013 04:10:00 AM | Best Blogger Tips

                           
တစ်ခါတစ်ခါဗျာ........Computer သုံးနေရင်းနဲ့....Box တစ်ခုတက်လာတယ်.......
Windows explorer has stopped working..ဆိုပြီးတော့.........
ဖြေရှင်းနည်းကတော့ နှစ်နည်းရှိတယ်.......
 .Registry Editor ကနေ ဖြေရှင်းနည်းကိုပြောပြပေးသွားပါ့မယ်........
Registry ထဲမှာ ၀င်ပြင်မှာဆိုတော့ ..Window+R ကိုနှိပ်ပြီး. regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ..

Editor ပေါ်လာရင်တော့ HKEY_LOCAL_MACHINE ကိုသွားပါ...

ကျွန်တော် မြှားပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်နော်...

HKEY_LOCAL_MACHINE >>>Software>>>>Microsoft>>>>Window

Window အောက်က Current Version.....နောက်...Explorer...........
Explorer အောက်က Browser Helper Objects ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။

ပြီးရင် Yes....... Okie Dokie ပေါ့ဗျာ......
ပြီးရင် စက်ကို Restart တစ်ခေါက်ချပေးလိုက်......
အဲ့ဒီ Box ကြီး တွေ့ချင်ပါတယ်ဆိုတာတောင် မတွေ့ရဘူး.... :)


ITgroup
~>Einstein Kelvin<~
ဆက်လက်ဖတ်ရှု့ရန်