.
xxx
Showing posts with label ကွန်ပျူတာနည်းပညာ. Show all posts
Showing posts with label ကွန်ပျူတာနည်းပညာ. Show all posts
December 13, 2012
Wi-Fi လွှင့်ရန် (CPE အကြောင်း)
Unknown | 12/13/2012 06:00:00 AM | | Best Blogger Tips
အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။
Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။
လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။
Picture
ပုံကြည့်ရင်တော့ လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။
သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။
Picture
Specification မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antennaဆိုရင် Gain က 15 dBi ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။ decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။ dBi တန်ဖိုးများလေလေ လှိုင်းများကို ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။
dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။
ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။ ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင်တယ်ပေါ့လေ။
အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။
Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
Picture
အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။
External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။
ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။
http://www.tp-link.com/support/wireless_calculator/index.asp
ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
Picture
လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။
CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။
Picture
Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။
CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
Picture
ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။
Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။
CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။
အားလုံးဗဟုသုတရစေဖို့ တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်မျာ....
ဆက်လက်ဖတ်ရှု့ရန်
December 12, 2012
ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ
Unknown | 12/12/2012 04:42:00 AM | Best Blogger Tips
ဒီပို့စ်လေးကတော့ မောင်ကျောင်းသားအများအတွက် သိထားသင့်တဲ့ အခြေခံအချက်အလက်လေးတွေပါ။ ထုံးစံအတိုင်း ကိုနေမင်းမောင်ဆီက ကူးယူမျှဝေထားတာပါဗျာ-- ဖတ်ဖြစ်အောင်ဖတ်ကြနော်
ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 
ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူတာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူတာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူတာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် .. 
ဒီနေ့ကျွန်တော် ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 
အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..
အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော် 123 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..
နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်းဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Professional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာကို နံပါတ် ( ၁ ) မှာကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက်မှာ တင်ထားတာက Windows 7 Ultimate ပါ..
နံပါတ် ( ၂ ) မှာတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 
Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core i5 650 ဖြစ်ပါတယ် .. Processor Speed ကတော့ 3.20 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ Cpu ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 3.20 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 3.20 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် .. 
Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 4 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါတယ် .. 
ဒီကောင်လေး အကြောင်းကိုတော့ ကျွန်တော်တစ်ခါ ရေးပေးထားဖူးပါတယ် .. အခုတစ်ခါထဲ တစ်စုတစ်စည်း တည်းဖြစ်အောင် ရေးပေးလိုက်တာပါ .. System Type ကဘာကို ပြတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ရေးပေးထားမှာ ဖြစ်ပါတယ် .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..
ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Core i-5 , Processor Speed က 3.20 GHzMemory က 4 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် .. ကဲပြီးရင် ဆက်ပြီးတော့ သွားလိုက်ရအောင်ဗျာ . .
အပေါ်ကပုံမှာ ပြထားသလို Rating ဆိုပြီး 5.9 Windows Experence Index ဆိုပြီး တွေ့ပါလိမ်မယ်  .. အဲ့ဒီနေရမှာ Rating ဆိုတာ မိမိတိုကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေရဲ့ စွမ်းဆောင် နိုင်တဲ့ ပမာဏကို အနည်းဆုံး ဖော်ပြပေးထားတာဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ချက်သိထားဖို့ လိုတာက Windows တင်ပြီးပြီးချင်မှာ Rating ကိုတစ်ချက်သွားပြီး ကြည့်လိုက်ပါ .. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Windwos တင်ပြီးပြီ ဆိုတာနဲ့ Windows Experience Index ကို Rating လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ် .. 
ကျွန်တော် အပေါ်က ပုံမှာပြထားသလို Windows Experence Index ကို Click လိုက်ပါ .. 
အပေါ်ကပုံမှာ ပြထားသလို ပေါ်လာပြီဆိုရင်တော့ Windows Expersion Index ကိုတစ်ချက်လောက် လေ့လာ ကြည့်ရအောင်ဗျာ .. Windows Expersion Index ဆိုတာကတော့ မိမိတို့  အပေါ်မှာ ပြောခဲ့သလိုပဲ မိမိတို့ ကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေနဲ့ စွမ်းဆောင်နိုင်တဲ့ ပမာဏတွေကို တိုင်းတာပြီးတော့ အနိမ့်ဆုံး ပမာဏ တစ်ခုကို ဖော်ပြပေးမှာဖြစ်ပါတယ် .. ဒီကောင်လေးကို ကြည့်ပြီး ဘာကိုသိနိုင်လည်း ဆိုတော့ Base score များတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ မြင့်နေမှာဖြစ်ပြီး Base Score နည်းလာတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျသွားမှာဖြစ်ပါတယ် .. 
ဥပမာ။ ။ Base score ဟာ 4 ဒါမှမဟုတ် 5 အထက်ရထားမယ်ဆိုရင် Windows 7 ကိုသုံးနေတယ် ဆိုရင် Windows 7 မှာပါဝင်တဲ့ Feature တွေကို အပြည့်အ၀ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. 
ဒါကြောင့် Base Score ဟာ 3 နဲ့ 3 အထက် ( 4 , 5 .. ) ရှိနေဖို့လိုပြီး 3 အောက်ရောက်နေပြီ ဆိုရင်တော့ နိမ့်နေတဲ့ Hardware ကြည့်ပြီး မြှင့်ပေးဖို့လိုပါလိမ့်မယ် .. 
ဥပမာ ။ ။ Windows Expersion Index မှာပြထားတဲ့ Base Score က 2.7 လောက်ဖြစ်နေတယ် ကျန်တာတွေ အကုန်လုံးက 4 ကျော် 5 ကျော်နေပြီးတော့ Rum တစ်ခုထဲက 2.7 ဖြစ်နေတယ်ဆိုရင် Rum ကိုထပ်တိုးပေးဖို့ လိုပါလိမ့်မယ် ..  
တကယ်လို့ Rum ကိုထပ်ပြီး မတိုးချင်ဘူးဆိုရင်တော့ အခုသုံးနေတဲ့ Windows ကိုမသုံးသင့်ပဲ အခုသုံးနေတဲ့ Windows ထက်နိမ့်တဲ့ Windows မျိုးကိုသာ အသုံးပြုသင့်ပါတယ် .. တကယ်လို့ Base Score က 3 အောက်လည်း ရောက်နေတယ် ဒီတိုင်းလည်း ပေသုံးနေတယ် ဆိုရင်တော့ စက်မှာ ကြာရင် Error တွေ တစ်ခုမဟုတ်တစ်ခု တက်လာပါလိမ့်မယ် .. 
နောက်တစ်ခုက Windows Expersion Index ကဘာ အသုံးဝင်သေးလည်း ဆိုတော့ မိမိတို့ ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာ စက်ကို သုံးရတာ အားမရလို့ Hardware ပိုင်း တစ်ခုခုကို Update လုပ်ပေးချင်တယ်ဆိုရင် Windows Expersion Index မှာရှိတဲ့ Base score ကိုကြည့်ပြီး အနိမ့်ဆုံး ကောင်လေးကို သာရွေးပြီး Update လုပ်ပေးလိုက်ယုံပါပဲ .. 
ဥပမာ ။ ။ မိမိတို့စက်မှာ Graphic Card က 512 MB စိုက်ထားပါတယ် .. စက်က သုံးရတာ အားမရလို့ တစ်ခုခုကို Update ထပ်လုပ်ချင်တယ်ဆိုရင် Windows Expersion Index မှာကြည့်လိုက်တော့ Graphic Card က Basic score ကအနည်းဆုံးဖြစ်နေပါတယ် .. ဒါဆိုရင် ကျွန်တော်တို့က Graphic Card ကို 512 MB အစား 1024 MB ( 1 GB ) ကိုပြောင်းပြီး စိုက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. ဒီလောက်ဆိုရင်တော့ Windows Expersion Index နဲ့ပါတ်သတ်ပြီး သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ် .. 
နောက်တစ်ချက်ကတော့ Mother Board အမျိုးအစားတွေ Hard Disk Space တွေကို ဘယ်လိုသိနိုင်မလည်း ဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ် .. ဒါတွေကို မရှင်းပြခင် အောက်မှာ Bits , Bytes ရေတွက်ပုံကို ရေးပြပေးထားပါတယ် ..
1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte   ဆိုတာကိုတော့ သိထားဖို့လိုပါတယ် .
ဒီနေရာမှာ Unit တွေကို အတိုကောက် အသုံးပြုတာနဲ့ ပါတ်သတ်ပြီး ဘယ်လိုခေါ်ဝေါ်ရမယ် ဆိုတာကိုတော့ သိထားသင့်ပါတယ် .. Bits ကိုအတိုကောက်ရေး တဲ့အခါကျရင် အသေးစားလုံး b လို့ရေးရမှာဖြစ်ပါတယ် .. 
ဥပမာ ။  ။ 1 Gegabps   = 1 Gega Bit Per Second ဖြစ်ပါတယ် .. 
ဒီနေရာမှာ Byte ကိုအတိုကောက် ရေးမယ် ဆိုရင်တော့ အကြီးစာလုံး B နဲ့ရေးရမှာ ဖြစ်ပါတယ် .. 
ဥပမာ ။ ။ 1 GB = 1 Gega Byte ဖြစ်ပါတယ် .. ဒီလောက်ဆိုရင် Bit နဲ့ Byte ကွဲပြားပုံနဲ့ ပါတ်သတ်ပြီး သဘောပေါက်သွားမယ်ထင်ပါတယ် .. 
ကဲအပေါ်ကအပိုင်းကို ပြန်ဆက်ရအောင်ဗျာ .. အပေါ်မှာပြထားသလို Windows Expersion Index ကိုရောက်ပြီဆိုရင် အောက်ကပုံမှာပြထားသလို ဆက်ပြီးသွားလိုက်ပါ .. 
အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့  System မှာကြည့်လိုက်ပါ .. မိမိတို့ ကွန်ပျူတာရဲ့ Matherboard အမျိုးအစားတွေ Model တွေကို တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒီမှာ ကြည့်လိုက်ပါ ကျွန်တော့်စက်ရဲ့ Mother က Gigabyte ဖြစ်ပြီး Mother Model ကတော့ P55-US3L ဖြစ်ပါတယ် .. System Type ကတော့ 64 Bits Operation System ဖြစ်ပါတယ် .. တကယ်လို့သာ System Types နေရာမှာ 32 Bits Operation System လို့ဖော်ပြနေမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ 64 Bits ရှိတဲ့ Windows တွေကို အသုံးပြုလို့ ရမှာမဟုတ်ပါဘူး .. ဒီနေရာမှာတစ်ခု သိထားရမှာက 32 Bits နဲ့ 64 Bits ခွဲခြားတုန်းက ကြည့်တာနဲ့မတူပါဘူး အဲ့ဒီတုန်းက ဖော်ပြတာက မိမိတို့စက်မပေါ်မှာ တင်ထားတဲ့ Windows Oparating System ပါ .. အခုဒီကောင်မှာ ဖော်ပြထားတာက မိမိတို့ ကွန်ပျူတာမှာ အသုံးပြုခွင့်ရှိတဲ့ Windows Operating System ဖြစ်ပါတယ်..
နောက်တစ်ချက် Storage ကိုကြည့်လိုက်ပါ .. အဲ့ဒါကတော့ မိမိတို့ ကွန်ပျူတာရဲ့ Hard Disk ကိုဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော့် Hard Disk က 500 GB ဖြစ်ပါတယ် .. ဒါပေမယ့် System Partation အတွက် 34 GB ပေးလိုက်ရတဲ့အတွက် 466 GB ပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒါဆိုရင် Hard Disk က ဘယ်လောက်လည်း သိချင်တယ်ဆိုရင် Storage အောက်က Total Size Of Hard Disk ကိုကြည့်လိုက်ရင် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. 
နောက်တစ်ချက်ကတော့ Graphic Card ဖြစ်ပါတယ် .. Graphic ကိုဖော်ပြတဲ့အခါမှာ ကြည့်လိုက်ပါ ..Display adapter type ဆိုတာကတော့ မိမိတို့ ၀ယ်ယူထားတဲ့ Graphic ရဲ့ အမျိုးအစားပါ .. နောက်တစ်ခု Total available graphic memory ဆိုတာကတော့ မိမိတို့ကွန်ပျူတာမှာ Graphic Card အများဆုံး စိုက်လို့ ရတဲ့ ပမာဏကို ဖော်ပြပေးထားတာဖြစ်ပါတယ် .. 2781 MB ဆိုတော့ အပေါ်မှာ Unit ရေးတွက်ပုံတွေ ဖော်ပြထားသလို စဉ်းစားလိုက်ရင် 1 GB မှာ 1024 MB ဆိုတော့ 2 GB ကျော်လောက်စိုက်လို့ရပါတယ် .. Dedicate Graphic Memory ကတော့ လက်ရှိသုံးနေတဲ့ Graphic Card ရဲ့ Memory ပါ .. 1024 MB ဆိုတော့ GB နဲ့ပြန်တွက်ရင် 1 GB  ဖြစ်ပါတယ် .. ဒါဆိုရင် အများ ဆုံးပမာဏနဲ့ဆိုရင် ကွန်ပျူတာမှာ နောက်ထပ် Graphic Card 1 GB လောက်ထပ်စိုက်လို့ ရပါသေးတယ် . ဒီလောက်ဆိုရင်တော့ Graphic Card ကိုဘယ်လိုကြည့်ရမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး သိသွားပြီလို့ထင်ပါတယ် .. 
အောက်ဆုံးက Network အောက်မှာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Network အမျိုးအစားတွေရဲ့ Adapter တွေကို ဖော်ပြေပေး ထားတာ ဖြစ်ပါတယ် ..
ဒီလောက်ဆိုရင်တော့ ကွန်ပျူတာ မှာအခြေခံ အနေနဲ့ သိသင့်သိထိုက် တာလေးတွေကို သိသွားပြီလို့ ထင်ပါတယ် .. 
ဒီပို့်စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလော့ချပါ .. 
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ဆက်လက်ဖတ်ရှု့ရန်
Computer ၀ယ်ချင်ရင် ဒီစာဖတ်ပါ
Unknown | 12/12/2012 03:58:00 AM | Best Blogger Tips
ဒီစာလေးကတော့မေးထဲကတောင်းဆိုလာတဲ့သူငယ်ချင်းတစ်ယောက်အတွက်ရယ်
အခြေခံပညာသင်တွေကွန်ပျူတာဝယ်ရင်ဘာဝယ်လို့ ဝယ်ရမှန်းဘာကြည့်လို့ ကြည့်ရ
မှန်းမသိတဲ့လုံးဝသုညသမားများအတွက်ရည်ရွယ်ပြီှးဗဟုသုတရစေချင်းအလို့ ငှာရေး
တယ်အခြေခံကတော့ဒီစာဖတ်ပြီးရင်ရမှာပါပထမအနေနဲ့ ကတော့.....။
(၁)ကိုယ်ဝယ်မယ့်ကွန်ပျူတာBrand ပေါ့ Dell လား Acer လား Compaq ,Sony,
Toshiba,Lenovo အများကြီး၇ှိပါသေးတယ်အများသုံးတစ်ခုကတော့ Acerပေါ့
MSI လည်းမဆိုးဘူးDell ကတော့ဈေးနဲနဲပိုမယ်ကောင်းတဲ့တံဆိတ်ယူရင်ဈေးပို
ပေးရမယ်အဲ့ဒါပထမအခြေခံအကြောင်းပေါ့အဲ့ပေါ်မှာမူတည်ပြီးဈေးတွေကွာ
နိုင်ပါတယ်...။
(၂)နောက်တစ်ခုကတော့ကိုယ်လိုချင်တဲ့ System ပေါ့လူတိုင်းကတော့မြန်တာကို
ပဲလိုချင်ကြတာလေကွန်ပျူတာကိုအရမ်းသွက်စေချင်တာ Copy ကူးရင်လည်းမြန်
ချင်ကြတာဖိုင်တွေဖွင့်ရင်လည်းLoading မကြာစေပဲချက်ချင်းပွင့်ချင်ကြတာပါဒါပေ
မယ့်ကွန်ပျူတာနှေးတာမြန်တာကSystemကောင်းတာပေါ်မှာပဲလုံးဝမူတည်နေ
တာမဟုတ်ပါဘူးပြုပြင်ထိန်းသိမ်းမှုမတတ်ရင်ကွန်ပျူတာကောင်းလည်းလေးသွား
တတ်ပါတယ်ပြောမယ်ဆိုပြောစရာတွေအများကြီးပါအခြေခံဖြစ်တဲ့အတွက်ဘိုလို
တွေမပြောတော့ဘူးဗျာအခုဝယ်မယ်ဆို  Window7နဲ့  XP တစ်ခုခုကိုယူ Processor
AMD ,Intel,အခုပေါ်နေတဲ့ i3,i5,i7ဆိုတာတွေကတော့အကောင်းဆုံးပေါ့တစ်ခုခုယူ
RAM memory ကတော့အရေးကြီးပြီWindow7ဆိုလို့ ကတော့ အနဲ့ ဆုံး2GB DDR2
DDR3 တစ်ခုခုယူမှရမယ်ဘာလို့ လည်းဆိုတော့Ram 1GB နဲ့ ဆိုမနိုင်ဘူးဗျXP ဆို
ရင်တော့ပြဿနာမရှိပါဘူးအခြေခံသင်သူတွေကတော့XP ကသုံးရတာကောင်းပါ
တယ်Window7ကတော့ Desktop ပေါ်မှာပြက္ခဒိန်လေးနာ၇ီလေးတွေအလှဆင်နိုင်
မယ်အားသာချက်တွေ၇ှိသလိုအားနည်းချက်တွေလည်းရှိတယ်ပြောရရင်အများကြီး
ပဲလောလောဆယ်2GB ယူလိုက်ဗျာအနေတော်ပဲအဲ့လောက်ဆိုရင်ကိုကွန်ပျူတာက
အခြေခံလုံလောက်ပါပြီလေ့လာမယ်ဆိုအများကြီးပေါ့Window ကတော့မူရင်းယူရင်
ဈေးပိုပေးရပြီးအခွေပါထည့်ပေးပါလိမ့်မယ်ဈေးက150RM လောက်ပိုပါတယ်300လဲ
ဖြစ်ချင်ဖြစ်မယ်မူရင်းအခွေပါတဲ့အတွက်ပျက်သော်ရှိပြန်တင်လို့ ရပါတယ်မတင်တတ်
ရင်တော့မထူးပါဘူးဈေးချိုတာပဲယူလိုက်ပါအခြေခံတွေပဲလေUpdate တော့လုပ်လို့ 
မရဘူးUpdatမရရင်ဆိုးကျိုးတော့မများပါဘူးအဲ့မှာလည်းပြောရရင်အရှည်ကြီးအ
ခြေခံဆိုမလိုပါဘူးထားလိုက်ပြီးရင်တော့ပြီးပါပြီဘုမသိသွားဝယ်မှာနဲ့ စာရင်ဆိုင်မှာ
နဲနဲတော့ဖြဲလို့ ရတာပေါ့ RAM Memory နဲ့  Hardisk Memory ကိုတော့မလွဲစေချင်
ဘူး HardiskMemoryအခုနောက်ပိုင်း160,320,500ပါနေပြီများများပါတော့များများ
သိမ်းချင်တာသိမ်းလို့ ရတာပေါ့ကိုယ်ကစီးပွားရေးလုပ်ငန်း၇ှင်လည်းမဟုတ်လေ့
လာ၇ုံဆိုရင်တော့မများလည်းကိစ္စမရှိပါဘူးအဲ့မှာRAMကတော့များမှကောင်းတယ်
အခြေခံအားဖြင့်မှတ်မယ်ဆိုRAM များမှစက်ကသွက်မှာဆိုတော့ကွဲပြားပြီးသိထား
သင့်တယ်အဲ့ဒါလေးလည်းကြည့်ရမယ်အားလုံးကိုခြုံပြောရရင်ကွန်ပျူတာမ၀ယ်ခင်
Desktop ပေါ်ကMy Computer ကိုRightClick(လက်ခလယ်)ထောက်လက်ခ
လယ်လက်ညိုးဆိုတာက၇ှင်းအောင်ပြောရတာထောက်လိုက်ရင်အောက်ဆုံးက
Propertiesကိုနှိပ်လိုက်ရင်ပေါ်လာပြီ Window Ram နဲ့ Processor တွေပေါ့
လာတာနဲရင်ကွန်ပျူတာမကောင်းဘူးများရင်တော့ကွန်ပျုတာကောင်းတယ်လို့ 
ထင်တတ်ကြပါတယ်တကယ်တော့အရေးမကြီးပါဘူးနောက်မှကိုသုံးမယ်ဆော့
ဝဲတွေထပ်ထည့်လို့ ရပါတယ်ဘာပဲလုပ်ချင်ချင်ပေါ့ဥပမာPhotoShop စာစီစာ
ရိုက်Miscrosoft တွေနဲ့ Applicationတွေအားလုံးပေါ့ပြီးမှထည့်လို့ ရပါတယ်ကဲ
အဲ့လောက်ကြည့်ဝယ်ရင်ကိုမဆိုးပါဘူးသုညအသိနဲ့ ဝယ်တာစာရင်အခြေခံရပြီ
ရေးရင်အများကြီးပဲသူငယ်ချင်းမေးတဲ့အဖြေကိုဒီလောက်နဲ့ ပဲဖြေလိုက်ပါတယ်
နောက်တစ်ခုက ကွန်ပျူတာဝယ်ရင်မြန်မာဖောင့်မပါလာဘူးအဲ့တော့အင်တာနက်
ချိတ်ပြီ;ကျနော့်ဆိုဒ်ထဲကယူနိုင်သလိုဘယ်ဆိုဒ်ကပဲဖြစ်ဖြစ်ပေါ့ယူပြီးအင်စတော
လုပ်လိုက်ရပြီမြန်မာလိုချက်တင်ထိုင်ဖို့ ပေါ့မြန်မာဖောင်မရှိသေးတဲ့အတွက်တဖက်
ကရိုက်တဲ့စာတွေကိုအတုံးလေးတွေပဲမြင်ရတာပါမြန်မာဖောင်ကတော့အင်တာနက်
ရှိမယ်ဆိုခဏလေးနဲ့ အဆင်ပြေမှာမလို့ ခေါင်းထဲထားစရာမလိုဘူးထင်ပါတယ်ဒီ
လောက်ဆိုပြည့်စုံပြီမဟုတ်တောင်အခြေခံတော့ရမယ်လိမ့်မယ်လို့ မျှော်လင်းရင်း...။
ဆက်လက်ဖတ်ရှု့ရန်
December 11, 2012
ဘာဆော့ဝဲမှမလိုတဲ့အင်တာနက်မြန်နီးလေး
Unknown | 12/11/2012 01:07:00 AM | Best Blogger Tips
လက်တလောကိုယ်သုံးနေတဲ့အချိန်လေးမှာ အင်တာနက်ပေါ့ပေါ့ ပါးပါး
            လေးဖြစ်သွားအောင် အောက်မှာရှိတဲ့ပုံလေးတိုင်းစန်းကြည့်ရအောင် ပုံ ၁ ပုံ၂ ပုံ၃                                      အဆင်ပြေကြပါစေနော်
ဆက်လက်ဖတ်ရှု့ရန်
Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်
Unknown | 12/11/2012 01:00:00 AM | Best Blogger Tips
အကြောင်းအမျိုးမျိုးကြောင့် Laptop များကိုမီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကိုသုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် အောက်ပါ အတိုင်းဆောင် ရွက်နိုင်ပါသည်။
၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကိုပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကိုလျော့ချ၍သုံးစွဲရန်လိုအပ်ပါသည်။ Brightness ကိုလျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။
More power options
More power options
Power options window ပွင့်လာသောအခါ အောက်ဖော်ပြပါပုံအတိုင်း screen brightness ကို အနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်း ကောင်းမွန်စေပါသည်။
decrease screen brightness
decrease screen brightness
၂။ Screensavers အသုံးပြုခြင်းကို ပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကိုလျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကိုပိတ်ထား ရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကိုဝင်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။
Screensavers
Screensavers
၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏စွမ်းဆောင်မှုကိုမြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmente ကိုအ သုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools tab ကိုဝင်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။
defrag
Defragmentation ပြုလုပ်ရန်ဝင်ရောက်ပုံ
defrag2
Defragmention ပြုလုပ်ခြင်း
၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်းအလုပ်လုပ်ရန်မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြု လုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။
startup
startup
၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကိုအသုံးပြုခြင်းသည် Laptop ၏ Battery များကိုလျင် မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse), memory card, iPod or iPhone အစရှိသည်တို့ကို အသုံးပြု ခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။
၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ကွန်ပျူတာတွင်အသုံးပြုသည့် RAM သည် Window ၏လိုအပ်ချက်နှင့် မကိုတ်ညီပဲ စွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏လိုအပ်ချက်နှင့် အညီ RAM ကို တိုးမြှင့်ပေးရန်လိုအပ်ပါသည်။
၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့်အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကိုရှောင် ကျဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကိုလျင်မြန်စွာကုန်ဆုံးစေနိုင် ပါသည်။
၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကိုလျော့နည်းစေပြီး Battery ကိုကြာရှည်စွာသုံးစွဲ နိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကိုပြန်လည်အ သုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။
၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင်အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည်အပူကိုချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသော အခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။
၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကိုအနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချ ရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကို ဘယ်ဘယ်သို့ရွေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင် ပါသည်။
Screen resolution
Screen resolution
၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကိုပိတ်ထားသင့်ပါ သည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကိုပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရ ပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။
Change Visual Effects
Change Visual Effects
“Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။ (ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ပဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကို အသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)
Adjust for best performance
Adjust for best performance
၁၃။ Laptop Battery ကိုအားကုန်အသုံးပြုခြင်း။
Laptop Battery ကိုနှစ်လလျင်တစ်ကြိမ်ခန့် အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည် အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကိုကြာရှည်အသုံးပြုနိုင်ရန်အ တွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့်ပတ်သက် သည့်အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။
၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကိုဖြုတ် ထားခြင်းသည်လည်း Laptop Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကိုလျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။
၁၅။ Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးမပြုခြင်း။
Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာအားဖြည့်ပြီးမှသာ အသုံးပြုသင့်ပါသည်။
http://satekuupuyar.blogspot.com/2012/11/laptop-battery_2976.html
ဆက်လက်ဖတ်ရှု့ရန်
ကွန်ပျူတာမှာ မိုက်ခဲမယ် (karaoke)
Unknown | 12/11/2012 12:56:00 AM | Best Blogger Tips
  ကွန်ပျူတာ မှာ သီချင်းဟစ်ချင်သူများအတွက် နည်းလမ်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ ကျွန်တော်ကတော့ စိတ်ပါတဲ့ အခါတိုင် ဟစ်ပစ်လိုက်တယ် အသံတောင်နာတယ်။ ကဲကဲ လုပ်နည်းလေးက ဘာမှမခက်ဘူး ။ တစ်ခုတော့ ရှိတယ် ။ Realtek ကိုတော့ install လုပ်ထားဖို့လိုတယ်နော်။ ကဲစလိုက်ရအောင်။
အဆင့်(၁) အရင်ဆုံး ကွန်ပျူတာရဲ့ ဘယ်ဘက်ထောင့်နားက speaker ပုံလေးကို right click ထောက် Recording devices ကို ကလစ်ပေးလိုက်ပါ။
အဆင့်(၂) ပေါ်လာတဲ့ Box မှာ Microphone ပေါ်ကို right click ထောက်ပြီး properties ကိုရွေးပါ။
အဆင့်(၃) ပေါ်လာတဲ့ Box တစ်ခုမှာ Listen to this device ဆိုတာမှာ အမှန်ခြစ်ထည့်ပါ။ Playback through this device မှာ ကိုယ့်အသံပြန်ကြားချင်တဲ့ device ကိုရွေးပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဆိုရင် sound card သုံးတဲ့အတွက် Speaker PCI ကိုနမူနာ ရွေးပြထားပါတယ်။ ပြီးရင် Apply and ok ပေးလိုက်ပါ။ ဒါဆိုရင် သီချင်းဆိုလို့အဆင်ပြေပါပြီ။
နားမထောင်ချင်တော့ရင် အပေါ်ကအတိုင်းအဆင့်ဆင့်ဝင်ပြီးတော့ အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။
အားလုံးကိုလေးစားလျက်.....
ဆက်လက်ဖတ်ရှု့ရန်
Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်
Unknown | 12/11/2012 12:24:00 AM | Best Blogger Tips
Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်
           Windows 7 On Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …
၁။       Run Box (windows + R) ကိုဖွင့်ပါ။
၂။       Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
၃။       ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။
၎။       ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။       တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)
၆။       Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)
၇။       Apply – Ok လုပ်ပါ။
၈။       ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ်။
           ပုံလေးတွေတစ်ကွ တင်ပေးထားတဲ့အတွက် လုပ်ရတာ လွယ်ကူမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။ MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။
           ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ …
copy from  အား ဥယျာဉ်မှူးလေး
ဆက်လက်ဖတ်ရှု့ရန်
November 19, 2012
USB ကီး အတွင်းရှိ အစိတ်အပိုင်းများ
Unknown | 11/19/2012 05:07:00 PM | Best Blogger Tips
သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1 USB Standard, Male A-plug
...
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။
2 USB mass storage controller device
သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
3 Test points
test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။
4 Flash memory chip
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။
5 Crystal oscillator
သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။
6 LED (Optional)
LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။
7 Write-protect switch (Optional)
Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။
8 Space for second flash memory chip
အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
                                    USB ကီး အတွင်းရှိ အစိတ်အပိုင်းများ
သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 
1 USB Standard, Male A-plug 
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။ 
2 USB mass storage controller device
သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ 
3 Test points
test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။ 
4 Flash memory chip
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။ 
5 Crystal oscillator
သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင်  Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။ 
6 LED (Optional)
LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။ 
7 Write-protect switch (Optional)
Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊  အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။ 
8 Space for second flash memory chip
အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။ 
--
Ref: wiki
Aung Kham (TSJ team)
http://techspacejournal.blogspot.com/2012/11/usb.html
http://techspacejournal.blogspot.com/2012/11/usb.htmlSee more
ဆက်လက်ဖတ်ရှု့ရန်
November 15, 2012
ဘက်ထရီ LIFE(သက်တမ်း) သက်တော်ရှည်စေဖို
Unknown | 11/15/2012 01:06:00 AM | Best Blogger Tips
1. Battery ကို အားဖြည့်ရင် အပြည့်ဖြည့်ပြီးမှ သုံးပါ။
2. Battery ကို သုံးရင် အားကုန်ခံနီးမှ ပြန်ဖြည့်ပါ။ ဥပမာ- 5% (သို့) 10%
ဘာကြောင့်ဆိုတော့ အားကုန်ခံနီးမှ ပြန်မဖြည့်ပဲ ၃၀ % လောက်ပဲသုံးပြီး ခဏခဏ ပြန်ဖြည့်နေရင် ကျန်တဲ့ ၇၀ %က ကြာရင် သုံးမရတော့ပါဘူး။
ဒါဟာလဲ လူသိနဲတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဘာနဲ့တူသလဲဆိုတော့
ရေတိုင်ဂီ တစ်ခုမှာ ရေအပြည့်ဖြည့်ထားပြီး ရေကို ကုန်အောင်မသုံးဘူးဆိုရင် ကြာရင် ဖုန်တွေ နဲ့ တိုင်ဂီဟာ ပြည့်နေမှာပါ။ ဒီသဘောပါပဲ။
ဖုန်းမှ မဟုတ်ပါဘူး။ ဘက်ထရီပါတဲ့ ပစ္စည်းတိုင်း ဒီလိုဂရုတစိုက်လုပ်သင့်ပါတယ်။
ဒါဆိုရင် သင့်ရဲ့ ဘက်ထရီဟာ သက်ဆိုးရှည်(ဟုတ်ပါဘူး) သက်တော်ရှည်နေမှာပါ။
ITgroup
Liked · 4 hours ago
Device အားလုံးရဲ့ ဘက်ထရီ LIFE(သက်တမ်း) သက်တော်ရှည်စေဖို့
ကျွန်တော်ရဲ့ ဆရာတစ်ဦးက ပြောခဲ့တာကို မှတ်သားထားတာပါ။
1. Battery ကို အားဖြည့်ရင် အပြည့်ဖြည့်ပြီးမှ သုံးပါ။
2. Battery ကို သုံးရင် အားကုန်ခံနီးမှ ပြန်ဖြည့်ပါ။ ဥပမာ- 5% (သို့) 10%
ဘာကြောင့်ဆိုတော့ အားကုန်ခံနီးမှ ပြန်မဖြည့်ပဲ ၃၀ % လောက်ပဲသုံးပြီး ခဏခဏ ပြန်ဖြည့်နေရင် ကျန်တဲ့ ၇၀ %က ကြာရင် သုံးမရတော့ပါဘူး။
ဒါဟာလဲ လူသိနဲတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဘာနဲ့တူသလဲဆိုတော့
ရေတိုင်ဂီ တစ်ခုမှာ ရေအပြည့်ဖြည့်ထားပြီး ရေကို ကုန်အောင်မသုံးဘူးဆိုရင် ကြာရင် ဖုန်တွေ နဲ့ တိုင်ဂီဟာ ပြည့်နေမှာပါ။ ဒီသဘောပါပဲ။
ဖုန်းမှ မဟုတ်ပါဘူး။ ဘက်ထရီပါတဲ့ ပစ္စည်းတိုင်း ဒီလိုဂရုတစိုက်လုပ်သင့်ပါတယ်။
ဒါဆိုရင် သင့်ရဲ့ ဘက်ထရီဟာ သက်ဆိုးရှည်(ဟုတ်ပါဘူး) သက်တော်ရှည်နေမှာပါ။
ဆက်လက်ဖတ်ရှု့ရန်