.

xxx

January 17, 2014

Samsung စမတ်ဖုန်း အသစ်အဟောင်း အလွဲအပြောင်း မြန်စေဖို့

Unknown | 1/17/2014 03:41:00 AM | Best Blogger Tips


ဘယ်အရာဝတ္ထုပစ္စည်းမဆို အသစ်အသစ်တွေက ထွက်နေစမြဲလေ။ လူတစ်ယောက် တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ရင့်ကျက်လာသလိုမျိုးပေါ့။ အားလုံး ပိုပြီးအဆင့်မြင့်တဲ့အသစ်ဖြစ်လာနေရမယ်လေ။ အရင်နှစ်က သုံးခဲ့တဲ့ Samsung GALAXY S3, Samsung GALAXY Note 2 တွေကနေ အခု GALAXY Note 3 တွေ၊ GALAXY S4 တွေ ပြောင်းသုံးလာကြပါတယ်။ 

ဒီနေရာမှာ အများစု ကြုံတွေ့ရတဲ့ ပြဿနာက ဖုန်းတစ်လုံးကနေ တစ်လုံး ကို ပြောင်း တဲ့အခါ အချက်အလက်အားလုံး ပါအောင် ပြန် မထည့် နိုင်ခြင်း ပါ။ Data backup လုပ်လို့ရတဲ့ App တွေအများကြီး ထွက်ပေမယ့် အသုံးဝင်မှုက အကန့်အသတ်နဲ့ပဲလေ။ အကြောင်းက စမတ်ဖုန်းအားလုံး အသုံးပြုလို့ရအောင် ဖန်တီးထားတာကိုး။ တစ်လုံးနဲ့အဆင်ပြေရင် အခြားအလုံးနဲ့ ပြေချင်မှ ပြေပါမယ်။ 

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Samsung က Application တစ်ခု တရားဝင် ထုတ်လုပ်ထားပါတယ်။ အသုံးပြုဖူးသူတိုင်း သိမှာပါ။ Samsung Smart Switch Mobile လို့ အမည်ပေးထားပြီး Samsung စမတ်ဖုန်း တစ်ခုမှ တစ်ခုသို့ ပြောင်းသုံးတဲ့အခါ အချက်အလက်များ မကျန်ရှိစေဖို့ ကူညီ စွမ်းဆောင်ပေးပါတယ်။

Samsung Galaxy ချစ်သူတို့ အသုံးပြုနိုင်အောင် Google Play ပေါ်က App link လေးကို မျှဝေပေးလိုက် ရပါတယ်။

http://goo.gl/ToaWbM

No comments: