.

xxx

January 14, 2014

ဈေးပိုသက်သာသော Samsung Galaxy Note 3 ထွက်ရှိမည်

Unknown | 1/14/2014 11:19:00 PM | Best Blogger Tips

Wednesday, January 15, 2014
                                                             
လက်ရှိ မြန်မာပြည်မှာ Samsung Galaxy Note 3 တစ်လုံးရဲ့  ပေါက်ဈေးက Official show room မှာ ၆ သိန်း၉သောင်းကျော် ဖြစ်ပြီး အခြား ပြင်ပ ဆိုင်တွေမှာ ၆သိန်းခွဲ ဝန်းကျင် ဖြစ်ပါတယ်။ ယခု ထွက်ရှိတဲ့ သတင်း တစ်ခု အရ ဈေးပိုမိုသက်သာတဲ့ Samsung Galaxy Note 3 ထွက်ရှိ မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အမည်ကို Samsung Galaxy Note 3 Neo လို့အမည်ပေးထားပါ တယ်။ ဈေးသက်သာအောင်သူက Specification တွေကို အနည်းငယ်လျော့ လိုက်ပါတယ်။ ဥပမာ RAM ဆိုရင် 3GB မဟုတ်တော့ပဲ RAM 2GB ပဲ ရှိပါတော့တယ်။ မျက်နှာပြင်အရည်အသွေးကလည်း 720p Super AMOLED Display ဖြစ်ပြီး ၅.၅၅ လက်မပဲ ဖြစ်ပါတယ်။ Storage ကလည်း 32GB မဟုတ်တော့ပဲ 16 GB ဗားရှင်း ဖြစ်ပါတယ်။ microsSD ကဒ်ပါပါမယ်။ 

ကင်မရာကလည်း 8 Megapixel ဖြစ်သွားပါမယ်။ ဘက်ထရီက 3100 mAH ဆိုတော့ သိပ်မလျော့ ပါဘူး။ Android ကတော့ 4.3 jelly bean ဖြစ်ပါတယ်။ Processor က ARM-based Hexa-core ဖြစ်ပြီး 1.7 နဲ့ 1.3 GHz ၂ မျိုးထွက်ရှိမှာ ဖြစ်ပါတယ်။ microso SD ကဒ် ထည့်လို့ရပါမယ်။ Samsung ရဲ့  TouchWiz ပါဝင်ပါအုံးမယ်။ ဒီတော့ ဖုန်းရဲ့  အရည်အသွေးက Samsung Galaxy Note 3 ကိုမမှီတော့ပေမယ့် Samsung Galaxy Note 3 ထက်လည်း သာနေပါတယ်။ အဓိကကတော့ Processor နဲ့ ဘက်ထရီ အားသာသွား လို့ ဖြစ် ပါတယ်။

လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ဝင်ရောက်ပြသပြီး ၂၀၁၄ နှစ်လယ်မတိုင်ခင် ဈေးကွက် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( www.mmsocialsky.com )



 


No comments: