.

xxx

June 5, 2013

Open Gesture Pro v1.7.6(sign သင်္ကေတတခုခုရေးလိုက်ယုံနဲ့ဖုန်းတခုလုံးကိုခိုင်းစေမယ်)

Unknown | 6/05/2013 09:18:00 AM | Best Blogger Tips

 







ကဲ……လာပြန်ပြီဗျာ နောက်ထပ် အလန်းလေးတစ်ခု မိမိတို့အသုံးပြုနေတဲ့ android phone

တခုလုံးရဲ့ စနစ်တွေကို လက်ကလေးနဲ့ sign သင်္ကေတ တခုခုရေးခြစ်လိုက်တာနဲ့

ကိုယ့်ဖုန်းမှာရှိတဲ့ system တွေကိုတိုက်ရိုက် ထိန်းချုပ်လုပ်ဆောင်ပေးသွားမယ့်

"Open Gesture Pro" ဆိုတဲ့ Tools အမျိုးအစား android ဖုန်းသုံး

application လေးတစ်ခုပါပဲ။ ဒီ apk လေးရဲ့ လုပ်ဆောင်ချက်

အသုံးဝင်ပုံတွေကတော့………… ကိုယ့်ဖုန်းရဲ့  Home Screen ပေါ်လေးမှာ

မိမိကြိုက်တဲ့ ရေးချင်တဲ့ အမှတ်အသား sign တခုခုကို လက်ညိုးလေးနဲ့ပဲဖြစ်ဖြစ်

လက်မလေးနဲ့ဖြစ်ဖြစ်ပေါ့ ရေးခြစ်လိုက်ပါ။ ပြီးရင် အဲဒိရေးခြစ်လိုက်တဲ့အမှတ်အသား

ကို မိမိအသုံးပြုချင်တဲ့ apk ပဲဖြစ်ဖြစ် အခြား ဖုန်းရဲ့ ဘယ်data ဘယ် function

ပဲဖြစ်ဖြစ် ရွေးချယ်ပေးထားလိုက်ပါ။ အဲလို ရွေးချယ်ပေးပြီးရင် back နဲ့ပြန်ထွက်လို့ရပါပြီ။

ဒါဆို ဖုန်းရဲ့  Home Screen ပေါ်ကို ကိုယ် ခုနက ရေးမှတ်လိုက်တဲ့ sign အမှတ်အသား

သင်္ကေတကို ရေးပေးလိုက်တာနဲ့ ကိုယ်ခုနက ရွေးပေးထားတဲ့ apk ပဲဖြစ်ဖြစ် ဘာကိုပဲဖြစ်ဖြစ်

ပေါ့ အဲဒိကို တိုက်ရိုက်ရောက်သွားမှာဖြစ် ပါတယ်။ ဥပမာကိုယ်က facebook ကိုသွားချင်တယ်

ဆိုရင် Home Screen ပေါ်မှာ ကိုယ်ကြိုက်ရာ သင်္ကေတတခုခု f ဆိုပြီးတော့လက်ကလေးနဲ့

ရေးခြစ်ပေးလိုက်ပြီး select shortcut မှာ facebook apk ကိုရွေးပေးထားလိုက်ပါ။

ဒါဆိုကိုယ် facebook ကိုဝင်ချင်ရင် Home Screen ပေါ်ကို ခုနရေးခြစ်ထားတဲ့ f ဆိုတာကို

ရေးပေးလိုက်တာနဲ့ facebook ပေါ်ကို တိုက်ရိုက်ရောက်ရှိသွားပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

   ……အသုံးပြုပုံ ကတော့………

အရင်ဆုံး ဒီ Open Gesture Pro ဆိုတဲ့ application လေးကို မိမိတို့နှစ်သက်ရာ

လင့်ခ် ကနေ ဒေါင်းယူလိုက်ပါ။ ပြီးရင် apk ကို install လုပ်ပါ။

ပြီးရင် ဒီ Open Gesture Pro ဆော့ဖ်ဝဲထဲ  ကိုနှိပ်ဝင်ပါ။

ပြီးရင် ဖုန်းရဲ့ ဘယ်ဘက်အောက်ထောင့်နား

လေးက လက်ဝါးပုံ လေးကို click နှိပ်လိုက်

ရင် ကိုယ်ရေးခြစ်စရာနေရာ page တခုပွင့် လာပါလိမ့်မယ်။

ပြီးရင် Menu နေရာကိုတချက်နှိပ်ပြီး Add Gesture နဲ့ Manage Gesture

ဆိုတာကိုတွေ့ ရလိမ့်မယ်။ Add Gesture ဆိုတာကိုနှိပ်ပြီး အပေါ်က

screen ပေါ်မှာ ကိုယ်ရေးချင်တဲ့ sign သင်္ကေတကိုရေးခြစ်လိုက်ပါ။

ဥပမာ Gtalk ကိုဝင်ချင်တယ်ဆိုရင်ရင် t ပုံလေးရေးပေးပေါ့ဗျာ။ကိုယ်ကြိုက်ရာ

သင်္ကေတကိုရေးနိုင်ပါတယ်။ ရေးပြီးရင်တော့ အောက်က Assign ဆိုတာ

ကို click နှိပ်ပါ။အဲဒိမှာ ရွေးစရာ system တွေ function တွေ ပေါ်လာလိမ့်မယ်။

အဲဒိထဲက Application ဆိုတာထဲဝင်ပြီး talk ဆိုတဲ့ apk ကိုရွေးပေးလိုက်ရင် ရပါပြီ။

ရွေးပေးပြီးရင်တော့ back နဲ့ပြန်ထွက်လို့ရ ပါပြီ။ကိုယ်အသုံးပြုမယ်ဆိုရင်

screen ပေါ်ကို လက်လေးနဲ့ ခုနကရေးခြစ် မှတ်ထားတဲ့ t လေးကိုရေးပေးလိုက်တာနဲ့

တပြိုင်နက် Gtalk ဆီကိုတိုက်ရိုက်ရောက်ရှိ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

သုံးရတာ မြန်ဆန်မှု ရှိတာပေါ့ဗျာ။ အဲ Gesture List တွေကိုပြန်ပြင်ချင်တယ်

ဆိုရင် လက်ဝါးပုံ လေးကိုနှိပ်  Manage Gesture ကိုနှိပ်ဝင်။

အဲဒိမှာ Gesture List ပေါ်လာပြီး ကိုယ်ရေးမှတ်ထားတဲ့ sign အက္ခရာပုံတွေ

နဲ့ icon တွေကိုတွေ့ ရမှာပါ။ကိုယ့် စိတ်ကြိုက် Edit ပြန်လုပ်နိုင်ပါတယ်။

ကိုယ်ခေါ်ချင်တဲ့ ဖုန်းcontact တွေကိုလည်း အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး

sign သင်္ကေတလေးရေးခြစ်လိုက်တာနဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပါတယ်။

ဒါ့အပြင် screen ပေါ်ကိုလည်း shortcut တွေတင်ထားလို့လည်းရပါသေးတယ်။

နဂို Launcher ကိုပဲပြန်သုံးချင်ရင် Home Button ကိုနှိပ်လိုက်ပြီး complete action using နေရာမှာ

ကိုယ့်နဂို Launcher ကိုပြန်ရွေးပေးလိုက် ရင်ရပါပြီ။

တော်တော်လေးအသုံးဝင်ပြီး အသုံးပြုရတာ မြန်ဆန်ပြီး သုံးလို့ကောင်းတဲ့ apk လေးတခု

ပါပဲဗျာ။

apk file size 1.3MB ပဲရှိပြီး

android version1.6 နှင့်အထက်ဖုန်းများ

အသုံးပြုလို့ရပါတယ်။

အောက်မှာ ဒေါင်းလုပ်လင့်ခ် တွေတင်ပေး

ထားပါတယ်။ဒေါင်းလုပ်လင့်ခ် အားလုံး

အတူတူပါပဲ apk တခုတည်းပါပဲ။


ဒေါင်းယူနိုင်ပါတယ်။

 One Click Download( opengesturepro.apk)

Download From  http://www.mediafire.com



ဒီ application ကို Google Play Store

မှာလေ့လာလိုပါ လျှင်…………………………

 "Go To Google Play Store ဆီသို့ "

လင့်ခ် အားလုံး apk တခုတည်းဖြစ်ပါတယ်။

မိမိတို့ကြိုက်နှစ်သက်အဆင်ပြေရာ လင့်ခ်

ကနေ ဒေါင်းယူပါ။

အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။
-ကိုဇော်သွင်

No comments: