.

xxx

May 4, 2013

Samsung Galaxy S4 ၏ Internal Memory နှင့် Micro SD Slot တွင် အားနည်းချက်များရှိနေကြောင်း Samsung ပြောကြား

Unknown | 5/04/2013 08:24:00 PM | | Best Blogger Tips

ရေးသားသူ- ဒဿဂီရိ (Myanmar Mobile Users Group)

16GB မော်ဒယ် Samsung Galaxy S4 ကိုဝယ်ယူသူများသည် user-accessible storage အတွက် 8GB ပတ်ဝန်းကျင်ခန့်သာ ရရှိကြောင်း သတိထားမိကြပါသလား ?
CNET မှ ရရှိသော သတင်းအရ Samsung က ထိုပြဿနာအတွက် Galaxy S4 တွင် ပါဝင်သော Micro SD Slot ဖြင့် ကုစားနိုင်ကြောင်းသိရပါသည်။ Samsung Galaxy S4 16 GB မော်ဒယ် တွင်ပျမ်းမျှအားဖြင့် System Internal Memory အတွက် ပျမ်းမျှ အားဖြင့် 6.85 GB ကိုယူထားကြောင်း Samsung ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရပါသည်။ ၎င်း ပမာဏသည် Samsung Galaxy S III တွင် ပါဝင်သော ပမာဏထက် 1GB ခန့်ပိုမို ပါဝင်ကြောင်းသိရပါသည်။ Samsung က S4 ကိုထုတ်ပြန်ကြော်ငြာ စဉ်က ထိုအချက်များကို ထုတ်ဖော်မပြောဘဲ ယခုအချိန်မှ User Complaint များကြောင့် ထုတ်ဖော်ပြောလာခြင်း ဖြစ်ပါသည်။ Samsung က Galaxy S4၏ 1080 pixel ရှိ Display နှင့် အခြားကောင်းမွန်သော အချက်များကိုသာ အသားပေးကြော်ငြာသွားခဲ့ပါသည်။
Samsung Galaxy S4 ကိုကြော်ငြာစဉ်က အသုံးပြုသူများအတွက် အကောင်းဆုံး ဖြစ်လာစေရန် Samsung သည် Galaxy S4 တွင် micro SD slot ကို memory ပမာဏတိုးချဲ့နိုင်ရန် အလို့ငှာ ထည့်သွင်းပေးထားကြောင်း ဟုကြော်ငြာ ထားပါသည်။ Micro SD slot သည် 64GB အထိကိုထောက်ပံ့ ပေးနိုင်သောကြောင့် 16GB မော်ဒယ် Galaxy S4 ကို အသုံးပြုသူများ အနေနှင့် သီအိုရီအရ Apple ၏ iPhone သို့မဟုတ် HTC One တို့ ထောက်ပံ့နိုင်သော memory ပမာဏထက် ပိုမိုရရှိနိုင်မည်ဟု ယူဆ စရာရှိလာခဲ့သည်။ ဆိုးရွားသော အချက်မှာတော့ Samsung Galaxy S4 ၏ external memory ကို Android application များ install လုပ်ထားရန် မစွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ Samsung Galaxy S4 တွင် ပါဝင်သော memory card slot တွင် သာမန်ဖိုင်များ နှင့် media ဖိုင်များသာ သိမ်းဆည်းနိုင်ကြောင်း သိရပါသည်။ ဤအချက်သည် Samsung Galaxy S4 ကိုဝယ်ယူလိုသူများ သတိထားသင့်သော အချက်တစ်ခု ဖြစ်ပါသည်။ ။
Source: THE VERGE
-ဘီလူး-

No comments: