.

xxx

May 22, 2013

Galaxy Note 3 မစောင့်နိုင်သူများအတွက် ဈေးသက်သာ Orient N3

Unknown | 5/22/2013 09:53:00 AM | Best Blogger Tips

ဈေးသက်သာတာမှ တော်တော်လေးကို သက်သာပါတယ်။ ထွက်လာမယ့် Samsung Galaxy Note 3 က ၆ သိန်း၊ ၇ သိန်း မက ရှိကောင်းရှိမယ်။ ပုံမှာ ပြထားတဲ့ Orient N3 ကတော့ မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်ထဲပါ။

မူရင်းရောင်းဈေးက ၂၂၉.၆၈ ဒေါ်လာပါ။ ဒေါ်လာ ၁၆၀ ဈေးချထားခြင်း ဖြစ် ပါတယ်။ Orient Deal အမည်ရ တရုတ် စမတ်ဖုန်း ကုမ္မဏီက ထုတ်လုပ် တာပါ။ တရုတ်ဖြစ်ဆိုပေမယ့် Huawei, ZTE ...တို့လို့ World Class ဝင်မယ့် အမျိုးအစား ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဝဘ်ဆိုဒ် ကနေ E-Commerce ပုံစံနဲ့ ဖြန့်ချိနေခြင်း ဖြစ် ပါတယ်။ ရောင်းအားလည်း အင်မတန်ကောင်းနေပါတယ်။ ဈေးသက်သာပြီး ပါဝင်တဲ့ Specification က အတော်လေး မြင့်လို့ ဖြစ်ပါတယ်။

Android 4.1.2 Jelly OS အသုံးပြုပါတယ်။

၅.၈ လက်မ မျက်နှာပြင်ကျယ် 1280x720 Screen Resolution ရှိတဲ့ HD Screen တပ်ဆင်ပါတယ်။

Processor က 1.2 GHz quad core ပါ။ အတော်လေးမြင့်ပါတယ်။ RAM 1GB ရှိပါတယ်။

ကင်မရာ နောက်ကျော 12 Megapixels ရှိပြီး၊ ရှေ့ မှာ 5 megapixel တောင် တပ်ဆင်ပေးထားပါတယ်။ ရှေ့ ကင်မရာ နဲ့တင် အတော်လေး အလုပ်ဖြစ် မယ့် ဖုန်းလေးပါ။ Flash တို့၊ Auto focus တို့လည်း ယခုနောက်ပိုင်း ထွက်နေကျ ဖုန်းတွေနဲ့ တန်းတူ ပါဝင်ပါတယ်။

Bluetooth, Wi-Fi, GPS အကုန်ပါဝင်ပြီး 2G, 3G network များအတွက် လည်း ထောက်ပံ့ပါတယ်။ တရုတ်ဖုန်း ဆိုတော့ ထုံးစံအတိုင်း Sim ကဒ်
နှစ်ခုရတဲ့ Dual sim နဲ့မြင်တွေ့ရမှာပါ။

Feature အများစုကို Samsung ကနေ ယူသုံးထားတာ မြင်တွေ့ရပါတယ်။ Oriental Deal ဆိုတဲ့ လိုဂိုအမည်က အစ Samsung နဲ့ ထပ်တူ နီးပါး ကျသလောက်ပါပဲ။ ဒီအတွက် Samsung နဲ့ သဘောတူညီချက် ရယူထားပြီးသားပါ။ ဒါကြောင့် ယခုလို ထုတ်ရဲ၊ရောင်းရဲတာ ဖြစ်ပါတယ်။ မဟုတ်ရင် Copyright, Patent ပြဿနာ ကြိမ်းသေတက်မှာပါ။

UI အတော်များများက Samsung Android ဖုန်းတစ်လုံးနီးပါးပါပဲ။ ကြော်ငြာ မာကဲတင်းကိုက Galaxy Note 3 Alternative ဆိုတဲ့အမည်နဲ့ ကို ကြော်ငြာ တာပါ။ ဈေးသက်သာပြီး အဆင့်မြင့်မြင့် ဖုန်း အသုံးပြုလိုသူများအတွက် တရုတ် ကုမ္မဏီက ဖန်တီးလိုက်ခြင်း ပါ။ ဈေးက သက်သာပေမယ့် အသုံးပြုတဲ့ ပစ္စည်းများက အမှန်အကန်ပါ။ အမှန်တော့ လက်ရှိ ကမ္ဘာ့ ဖုန်း ကုမ္မဏီများက အသုံးပြုတဲ့ ဟာ့ဒ်ဝဲအများစုက တရုတ်ပြည်က လာတာပါ။

သယံဇာတပေါကြွယ်ဝလို့ ပြည်တွင်း ကုမ္မဏီများ စီးပွားတက်အောင် ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းချပေးတဲ့အတွက် ယင်း ကုမ္မဏီများက ဈေးကို အဆနဲ့ ချပြီး ရောင်းရဲတာ ဖြစ်ပါတယ်။

သုံးကြည့်ပါ။ မြန်မာပြည်ရောက်လာနိုင်ပါတယ်။ အွန်လိုင်းကနေ တိုက်ရိုက် မှာယူဖို့အတွက် လခ့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

http://www.OrientDeal.com/Orient-N3.html

ဖုန်း specification များ အစုံအလင် ဖတ်ရှုရန် -

Features

Android 4.1.2
5.8 Inch Screen
1280x720 Screen Resolution
320 DPI
1.2GHz Quad Core MTK6589 CPU
1GB RAM
12 Mega Back Pixel Camera +5.0 Front Camera
Bluetooth

Specifications
General

OS version: Android 4.1.2
CPU: MTK 6589
Processor Speed: 1.2GHz Quad Core
RAM: 1GB
Wi-Fi: 802.11 b/g/n
2G: GSM 850/900/1800/1900 MHz
3G: WCDMA 850/2100 MHz
Bluetooth
GPS
Google Play
Adobe Flash
Portable Wi-Fi Hotspot (3G Tethering)
12 Megapixel Rear Camera + 5.0 Megapixel Front-Facing Camera
Battery Size: 3200mAh
Usage Time: 4 Hours
Battery Standby: 72 Hours
Languages:Dutch, Indonesian, Catalan, Czech, Danish, German, English, Spanish, French, Croatian, Italian, Latvian, Lithuanian, Hungarian, Malay, Norwegian, Polish, Portuguese, Roman, Slovenian, Finnish, Swedish, Swahili, Vietnamese, Turkish, Zulu, Greek, Ukrainian, Russian, Serbian, Bulgarian, Hebrew, Arabic, Persian, Thai, Bengali, Korean, Japanese, Simplified Chinese, Traditional Chinese

Display

Display Size: 5.8Inch IPS
Display Resolution: 1280x720 320 DPI
5 Point Multi Touch Display


Memory

Internal: 4GB
Micro SD Card Slot Supports up to 64GB


Media Formats:

Video: MIDI, WMV, ASF, MP4, 3GP, 3G2, M4V, AVI
Audio: AAC, AAC+, EAAC+, WAV, MP3
Picture: JPG
eBook: PDF, TXT


Ports

2 SIM Card Slots
Micro SD Card Slot
Micro USB Port
3.5mm Audio Out Port
Mic
Speaker


Sensors

Proximity Sensor
Accelerometer Sensor
Gravity Sensor
Light Sensor

--
Aung Kham (TSJ team)

-
http://blog.techspace.com.mm/2013/05/galaxy-note-3-orient-n3.html

 

No comments: