.

xxx

March 9, 2013

မလေးရောက်ရွှေများအတွက် SPECIAL PASS ရင် မလိုအပ်ဘဲ ငွေကြေးမကုန်ကြစေဖို့......

Unknown | 3/09/2013 12:04:00 AM | Best Blogger Tips

                         မလေးရောက်ရွှေများအတွက် SPECIAL PASS လုပ်ချင်ရင်

by Min D'Mo on Friday, March 8, 2013 at 9:46pm 



ကျွန်တော့်သူငယ်ချင်းတစ်ယောက် အရေးပေါ်အခြေအနေနဲ့ 
မြန်မာပြည်ပြန်ဖို့ဖြစ်လာတယ်။



လက်ထဲမှာက ပတ်စပို့စာအုပ်ရှိတယ်။ နေထိုင်အလုပ် လုပ်ခွင့် ပါမစ်မရှိဘူး။ 
လေယဉ်နဲ့ပြန်ဖို့ နီးစပ်ရာလိုက်စုံစမ်းရင်း

နောက်ဆုံးတော့ SPECIAL PASS ( အထူးဖြတ်သန်းခွင့် ) လုပ်ရမယ်ဆိုတာသိရတယ်။



 အဲဒါ မလေးရှား အင်မီဂရေးရှင်း

( လ.ဝ.က ) မှာသွားလုပ်ရမယ် ဆိုတာ သိရတယ်။ အဲဒါ ပထမတော့ 
အင်မီဂရေးရှင်းရုံးကို သွားရမယ်ဆိုတော့ ကြောက်တာပေါ့။

ဒါပေမယ့် ကြောက်နေလို့မပြီးဘူး။



လုပ်မှဖြစ်မယ် ပြန်ဖို့အတွက်ကအရေးကြီးနေတော့ မဖြစ်မနေသွားရတာပဲ။ 
အီပို့မြို့က အင်မိဂရေးရှင်း ရုံးကို ဒီနေ့မနက် ၅နာရီလောက်ကနေ 
သွားလုပ်လိုက်တာ ည ၇ နာရီလောက်မှပဲ ပြန်ရောက်လာပါတယ်။



အားလုံးအဆင်ပြေခဲ့ပါတယ်။ အဖမ်းအဆီးမရှိပါဘူး။ အင်မီဂရေးရှင်းက မလေးတွေက 
စစ်တဲ့အချိန်မှာ လိမ်မပြောပဲ အမှန်

အတိုင်းဖြေရပါတယ်။ 



တချို့ ဘင်္ဂးလားတွေ နီပေါတွေ လိမ်ပြောလို့ တုတ်နဲ့ရိုက်စစ်တယ်လို့ 
သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ နောက်အေ့ဂျင်နဲ့ သွား လို့ မရပါဘူး။ 
ကိုယ်တိုင်လုပ်ရပါတယ်။ နေထိုင်ခွင့် နှစ်ပတ်ပေးပါတယ်။



နှစ်ပတ်အတွင်း လေယဉ်လက်မှတ်ဝယ်ပြီးပြန်ရမှာဖြစ်ပါတယ်။ ကေအယ် မှာဆိုရင်တော့ 
ပူထရာဂျာရ အင်မီဂရေးရှင်း ရုံကြီးကို သွားရပါ မယ်။ ဒါပေမယ့် 
ဒီနေ့ကျွန်တော့် သူငယ်ချင်းပြေပြချက်အရ ကေအယ် ကရွှေမြန်မာတွေ ကျွန်တော်တို့ 
အီပို့ အင်မီဂရေးရှင်း ကို ဆင်းလာပြီး SPECIAL PASS ( အထူးဖြတ်သန်းခွင့် ) 
လာလျှောက်ကြတာတွေ့ခဲ့တယ်လို့

ပြောပါတယ်။



 ကေအယ် ပူထရာဂျာရအင်မီဂရေးရှင်းရုံးကြီးမှာ လူတွေများလို့ 
တော်တော်နဲ့မရဘူးလို့သိရပါတယ်။

အေးဂျင့်နဲ့လာကြတာ ဖြစ်ပါတယ် ဒါပေမယ့် မိမိဘာသာ လုပ်ရတာပါ။ အေးဂျင့်က 
လိုက်ပို့ရုံပါပဲ။ ရုံးထဲကို ဝင်လို့မရပါ။





အေးဂျင့်ကို မလေးငွေ ၃၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို တသိန်းနီးပါး ပါ။ 
နှမြောစရာကြီးပါ။ နောက်ဆုံး သူငယ်ချင်း ပြောပြချက်အ ရ အရမ်းအောက် ကျနောက်ကျ
 အဆက်ဆံခံရတယ်ဆိုတာပါပဲ။ 



စိတ်ထဲမကောင်းပေမယ့် ကျွန်တော်တို့ က သူတစ်ပါးနိုင်ငံ မှာ လာအလုပ်လုပ်တဲ့ 
သူတွေမဟုတ်လား။ ပေဖြစ်တုန်းတော့ ခံကြရမှာပဲဗျာ။



Posted From Min D'Mo
မလေးရောက်ရွှေများအတွက် SPECIAL PASS လုပ်ချင်ရင်


ကျွန်တော့်သူငယ်ချင်းတစ်ယောက် အရေးပေါ်အခြေအနေနဲ့ မြန်မာပြည်ပြန်ဖို...့ဖြစ်လာတယ်။

လက်ထဲမှာက ပတ်စပို့စာအုပ်ရှိတယ်။ နေထိုင်အလုပ် လုပ်ခွင့် ပါမစ်မရှိဘူး။ လေယဉ်နဲ့ပြန်ဖို့ နီးစပ်ရာလိုက်စုံစမ်းရင်း
နောက်ဆုံးတော့ SPECIAL PASS ( အထူးဖြတ်သန်းခွင့် ) လုပ်ရမယ်ဆိုတာသိရတယ်။

အဲဒါ မလေးရှား အင်မီဂရေးရှင်း
( လ.ဝ.က ) မှာသွားလုပ်ရမယ် ဆိုတာ သိရတယ်။ အဲဒါ ပထမတော့ အင်မီဂရေးရှင်းရုံးကို သွားရမယ်ဆိုတော့ ကြောက်တာပေါ့။
ဒါပေမယ့် ကြောက်နေလို့မပြီးဘူး။

လုပ်မှဖြစ်မယ် ပြန်ဖို့အတွက်ကအရေးကြီးနေတော့ မဖြစ်မနေသွားရတာပဲ။ အီပို့မြို့က အင်မိဂရေးရှင်း ရုံးကို ဒီနေ့မနက် ၅နာရီလောက်ကနေ သွားလုပ်လိုက်တာ ည ၇ နာရီလောက်မှပဲ ပြန်ရောက်လာပါတယ်။

အားလုံးအဆင်ပြေခဲ့ပါတယ်။ အဖမ်းအဆီးမရှိပါဘူး။ အင်မီဂရေးရှင်းက မလေးတွေက စစ်တဲ့အချိန်မှာ လိမ်မပြောပဲ အမှန်
အတိုင်းဖြေရပါတယ်။

တချို့ ဘင်္ဂးလားတွေ နီပေါတွေ လိမ်ပြောလို့ တုတ်နဲ့ရိုက်စစ်တယ်လို့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ နောက်အေ့ဂျင်နဲ့ သွား လို့ မရပါဘူး။ ကိုယ်တိုင်လုပ်ရပါတယ်။ နေထိုင်ခွင့် နှစ်ပတ်ပေးပါတယ်။

နှစ်ပတ်အတွင်း လေယဉ်လက်မှတ်ဝယ်ပြီးပြန်ရမှာဖြစ်ပါတယ်။ ကေအယ် မှာဆိုရင်တော့ ပူထရာဂျာရ အင်မီဂရေးရှင်း ရုံကြီးကို သွားရပါ မယ်။ ဒါပေမယ့် ဒီနေ့ကျွန်တော့် သူငယ်ချင်းပြောပြချက်အရ ကေအယ် ကရွှေမြန်မာတွေ ကျွန်တော်တို့ အီပို့ အင်မီဂရေးရှင်း ကို ဆင်းလာပြီး SPECIAL PASS ( အထူးဖြတ်သန်းခွင့် ) လာလျှောက်ကြတာတွေ့ခဲ့တယ်လို့
ပြောပါတယ်။

ကေအယ် ပူထရာဂျာရအင်မီဂရေးရှင်းရုံးကြီးမှာ လူတွေများလို့ တော်တော်နဲ့မရဘူးလို့သိရပါတယ်။
အေးဂျင့်နဲ့လာကြတာ ဖြစ်ပါတယ် ဒါပေမယ့် မိမိဘာသာ လုပ်ရတာပါ။ အေးဂျင့်က လိုက်ပို့ရုံပါပဲ။ ရုံးထဲကို ဝင်လို့မရပါ။


အေးဂျင့်ကို မလေးငွေ ၃၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို တသိန်းနီးပါး ပါ။ နှမြောစရာကြီးပါ။ နောက်ဆုံး သူငယ်ချင်း ပြောပြချက်အ ရ အရမ်းအောက် ကျနောက်ကျ အဆက်ဆံခံရတယ်ဆိုတာပါပဲ။

စိတ်ထဲမကောင်းပေမယ့် ကျွန်တော်တို့ က သူတစ်ပါးနိုင်ငံ မှာ လာအလုပ်လုပ်တဲ့ သူတွေမဟုတ်လား။ ပေဖြစ်တုန်းတော့ ခံကြရမှာပဲဗျာ။

Posted From Min D'Mo

No comments: