.

xxx

March 19, 2013

Samsung Galaxy S4 အကြောင်း သိကောင်းစရာ

Unknown | 3/19/2013 04:41:00 PM | | Best Blogger Tips


ဧရာဝတီ | Tuesday, March 19, 2013
                          

Samsung Galaxy S4 ထွက်လာခြင်းဟာ ရင်ခုန်မှု တခုထက် ပိုတဲ့ မျှော်လင့်ခြင်းတွေနဲ့ ပါလို့  Samsung Galaxy ပရိသတ် တယောက်က ပြောပါတယ်။

မထင်မှတ်လောက်အောင်အောင်မြင်မှုရခဲ့တဲ့ Galaxy S 3 ကြောင့် Samsung ဖုန်းပရိသတ်တွေဟာ ထွက်ရှိလာမယ့် Galaxy S4 ကို မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ကြပါတယ်။


Samsung ကုမ္မဏီ ကလည်း အရင်တုန်းကလို အာရှနိုင်ငံကြီးတွေမှာသာ မိတ်ဆက်ပွဲ ပြုလုပ်ခြင်းကနေ အခုတော့ လမ်းဖောက်ထွက်ပြီး ထူးခြားတဲ့ အစီအစဉ်တွေနဲ့ နယူးယောက် မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ရဲ့ အရောင်းရဆုံးဖုန်းဖြစ်ခဲ့တဲ့ Samsung Galaxy S 3 ရဲ့ နောက်ထပ် မျိုးဆက်သစ် Galaxy S4 ဟာ Andriod 4.2.2 Jelly Bean အသုံးပြုထားပြီး ကိုယ်ထည်အစိတ်အပိုင်း ( Hardware) ပိုင်းမှာ တော်တော် အဆင့်မြှင့်ထားသလို ၊ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေ ထည့်သွင်းထား ပါတယ်။

နောက်ပြီး ဒီဖုန်းဟာ 7.9mm deep (0.31 inch), 130g (4.6 ounces) သာ ရှိတာကြောင့် ပိုမိုပါးလွှာပြီး ၊ ပိုမိုလည်း ပေါ့ပါးလာပါတယ်။

နဂိုမူလ Galaxy S3နဲ့ ကိုယ်ထည်အတိုင်းအတာ အတူတူပါပဲ။
ဖုန်းမျက်နှာပြင်သာ အနည်းငယ်ကြီးလာတာပါ။

ဒါ့အပြင် ဖန်သားပြင်ကြည်လင်မှုအနေနဲ့ resoultion (1080) ရှိလာပြီး ဘတ်ထရီ ကလည်း ( 2,600 mAh) အထိ တိုးတက်လာပါတယ်။

အရေးကြီးတဲ့ Processor ကတော့ ( 1.9 GHz quad-core or 1.6 GHz octa-core) ဖြစ်လာပါတယ်။

ဓာတ်ပုံရိုက်တာနှစ်ခြိုက်သူတွေအတွက်တော့ 13 mega pixels ထိ မြှင့်တင်ပေးထားတဲ့အတွက် Apple ရဲ့ iPhone တွေထက် နှာတဖျားသာအောင် စွမ်းဆောင်ထားတာလို့ ဆိုရပါမယ်။

ကောလာဟလတွေ ထွက်ခဲ့သလိုပါပဲ - ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ အနေနဲ့  Eye-tracking စနစ် ပါဝင်လာပြီး စာဖတ်နေတဲ့အခါ သို့မဟုတ် ဗီဒီယို ကြည့်နေတဲ့အခါ မျက်လုံးရဲ့ စေစားရာကိုလိုက်ပြီး အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။

ဥပမာ အနေနဲ့ ဗီဒီယိုကြည့်နေတုန်း အခြားဘက်ကို မျက်စိလွှဲလိုက်ပါက ဖုန်းရဲ့ Eye-tracking စနစ်က ဗီဒီယိုကို အလိုအလျောက် ခေတ္တ ရပ်တန့် ပေးထားမှာဖြစ်ပါတယ်။

ဒါမှမဟုတ် - စာဖတ်နေတယ်ဆိုလျှင်လည်း နောက်တမျက်နှာကို လက်ဖြင့် နှိပ်စရာမလိုဘဲ မျက်လုံးက စာမျက်နှာရဲ့ အောက်ဆုံးကို ရောက်သွားတာနဲ့  နောက်စာမျက်နှာကို အလိုအလျောက် ပြောင်းရွှေ့ ပေးမှာဖြစ်ပါတယ်။

Samsung Galaxy S4 ဟာ သူ့ရဲ့ ယှဉ်ပြိုင်ဘက် ကုမ္မဏီတွေရဲ့ HTC One, Nokia Lumia 920 နဲ့ iPhone 5 တို့ နဲ့ ဈေးကွက် ယှဉ်ပြိုင်လုရမှာဖြစ်ပါတယ်။

လာမယ့်လမှာ စတင်ရောင်းချသွားမယ့် ဒီဖုန်းရဲ့ ဈေးနှုန်း ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ Samsung က ကြေညာခြင်းမရှိသေးပါဘူး။ Samsung Galaxy S4 က ကြော်ငြာအား တော်တော်ကောင်းပါတယ်။

 

ဘယ်တော့ မိတ်ဆက်ပွဲလုပ်မယ်၊ ဘယ်လို နည်းပညာသစ်တွေ ပါမယ် စသဖြင့် ဒီဖုန်းသစ်အကြောင်းကို အိုင်တီသတင်း အများအပြားမှာ တွေ့ခဲ့ ရပါတယ်။

ကြော်ငြာတွေကြီးကျယ်ခဲ့သလို ပရိသတ်ရဲ့ စောင့်စားခဲ့တဲ့ Samsung Galaxy S4 ဟာ လူတွေရဲ့ နည်းပညာသစ်တွေ ထည့်သွင်းနိုင်မှု မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါပြီ။
ဒါပေမယ့် ဖုန်းကိုယ်ထည် ဒီဇိုင်းပိုင်းမှာ အခြားဖုန်းတွေထက် အားနည်းချက်တွေရှိတယ်လို့  မိုဘိုင်းဖုန်း နည်းပညာသမားတွေက ဆိုပါတယ်။

ဒါ့အပြင် LG Nexus 4 နဲ့ Nokia Lumia Series ဖုန်းတွေမှာလို wireless charging စနစ် ပါဝင်ဖို့ ဖုန်းချစ်သူပရိသတ်တွေက လိုလားနေပါတယ်။

Samsung အနေနဲ့  ဒီနည်းပညာကို ထည့်သွင်းပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အားလုံးခြုံကြည့်ရင်တော့ မိုဘိုင်းဖုန်းလောကမှာ အဆင့်အမြင့်ဆုံး ဖုန်းတွေထဲက တလုံးဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ နည်းပညာကို အသုံးပြုလိုသူတွေ နှစ်ခြိုက်မယ့် ဖုန်းတလုံးပါ။

ဆောင်းဦးလင်း

No comments: