.

xxx

March 10, 2013

တစ်ခါ အားသွင်းရုံဖြင့် တစ်လကြာ အသုံးပြုနိုင်မည့်ဟန်းစက် Nokia ထုတ်လုပ်

Unknown | 3/10/2013 03:53:00 AM | | Best Blogger Tips

 
                               တစ်ခါ အားသွင်းရုံဖြင့် တစ်လကြာ အသုံးပြုနိုင်မည့်ဟန်းစက် Nokia 
ထုတ်လုပ်



မြဝတီ written Yoyarlay Sunday, 10 March 2013 10:28



ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လကြာအထိ အသုံးပြုနိုင်မည့် 
ဒေါ်လာ၂၀ ၀န်းကျင်ရှိ ဈေးနှုန်းသတ်မှတ်ထားသည့် တန်းဖိုးနည်း 
ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။ 



အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် 
လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby 
ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ 
ကြာ ပြောနိုင်ပြီး ဘက်ထရီအနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီအားသွင်းရန် 
ခက်ခဲသည့် အခြေအနေများတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် 
ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်းက မည်သူမဆို အလွယ်တကူ 
ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။ 



လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက်အတွင်း ရောင်းချရန် 
စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ရန် 
ရည်ရွယ်ထားကြောင်း သိရသည်။

မြဝတီ written Yoyarlay Sunday, 10 March 2013 10:28

ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင်ရှိ ဈေးနှုန်းသတ်မှတ်ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။
...
အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာ ပြောနိုင်ပြီး ဘက်ထရီအနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီအားသွင်းရန် ခက်ခဲသည့် အခြေအနေများတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်းက မည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။

လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက်အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

No comments: