.

xxx

February 6, 2013

Samsung Galaxy Note 2 နှင့်ပုံစံတူ ဈေးနှုန်းသက်သာသော THL အမျိုးအစားဖုန်းပြည်တွင်ဈေးကွက်သို့ဝင်ရောက်

Unknown | 2/06/2013 11:53:00 PM | Best Blogger Tips

                                              
မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ဈေးနှုန်းသက်သာကာ အင်တာနက် အသုံးပြု စနစ်ပိုင်းများတွင် ကောင်းမွန်မြန်ဆန်သော Samsung Galaxy Note 2 နှင့်ပုံစံတူ ThL အမျိုးအစားမိုဘိုင်းဖုန်း ဟန်းဆက်များ ဈေးကွက် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ThL ဟန်းဆက်များမှာ ဖုန်းတွင်းစနစ်ပိုင်းများနှင့် ဖုန်းတည်ဆောက်ပုံ ဒီဇိုင်းပိုင်းများ၊ CPU စနစ်များတွင် ကောင်းမွန်မြန်ဆန်သည့် အပြင် အင်တာနက် အသုံးပြုရာ၌လည်း မြန်ဆန်ကောင်းမွန်ကြောင်း သိရသည်။ ThL ဟန်းဆက်များထဲမှ ThL W7, ThL N7100, ThL N7300 ဖုန်းများမှာ လူကြိုက်များလျက်ရှိပြီး ဖုန်း၏ ပုံစံဒီဇိုင်းနှင့်
အရည်အသွေးပိုင်းများတွင်လည်း ကောင်းမွန်ပြည့်စုံကြောင်း သိရသည်။ ThL W7 ဖုန်းမှာ Dual Core CPU စနစ်ဖြစ်ပြီး ဖုန်း၏ Screen အရွယ်အစားမှာ ၅.၇ လက်မရှိသော ဖုန်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် N7100 မှာလည်း Dual Core CPU, Screen Size 5.5 လက်မရှိပြီး N7300 မှာ Dual Core CPU, Screen Size 5.7 လက်မရှိကြောင်း သိရသည်။ ၎င်းဖုန်း သုံးမျိုးစလုံးမှာ Capacitive Touch Screen ဖုန်းများဖြစ်ပြီး High Defination HD Screen များဖြစ်ကြောင်း သိရသည်။ GSM 3G ကွန်ရက်စနစ်သုံး ဖုန်းများဖြစ်ပြီး GSM မိုဘိုင်းဖုန်း အင်တာနက်စနစ်အပြင် WiFi စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းတွင်း မှတ်ဉာဏ်စနစ် ပိုင်းများတွင်လည်း ဖုန်းသုံးခုစလုံးမှာ 1GB RAM နှင့် 4GB ROM စနစ်များ ဖြစ်သည့်အပြင် မှတ်ဉာဏ်ထပ်တိုး အသုံးပြုခြင်း အတွက်လည်း Micro SD Card 32 GB ထိ ထပ်တိုး အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းတွင်း Multimedia စနစ်ပိုင်းများနှင့် ကင်မရာစနစ်ပိုင်းများ၊ အခြားဖုန်းတွင်း အသုံးပြု စနစ်ပိုင်းများတွင်လည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းပါဝင်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများမှာ ဈေးနှုန်းအားဖြင့် ကျပ်တစ်သိန်းကျော်သာ ဖြစ်သောကြောင့် အသုံးပြုသူများ အနေဖြင့်လည်း ဈေးနှုန်းသင့်တင့်စွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆယ်သွယ် စုံစမ်းလိုသူများအနေဖြင့် 450 မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း 0973034433 တွင် ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။

ကိုးကား – အင်တာနက်ဂျာနယ်

No comments: