ကျွန်တော်တို့တွေ Facebook မှာ Status တွေ ၊ ဓာတ်ပုံတွေတင်လို့ ကိုယ်ကမြန်မာနိုင်ငံကနေတင်တဲ့အခါ Near Yangon …ဘာညာပေါ့…အဲ့လိုပေါ်ကြတယ်နော်…
အခု…ဒီ App လေးကိုသုံးပြီး Status တွေ ၊ ဓာတ်ပုံတွေတင်တဲ့အခါ ကြိုက်တဲ့နေရာကိုရွေးပြီးတင်လို့ရသွားမှာပါ။
ဆိုလိုတာက ဥပမာ ဓာတ်ပုံတင်ပုံတင်လိုက်လို့Near Yangon ဆိုပါတော့…ဒီ App လေးကိုသုံးပြီးမှတင်မယ်ဆိုရင် Near Washington DC လဲဖြစ်နိုင်သလို Near New-York လဲပြောင်းနိုင်ပါတယ်။
မိမိတို့ရဲ့ Facebook Account တွေ Password တွေဝင်ပေးစရာမလိုတဲ့အတွက် ဒီ App လေးကိုယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှာပါ။ Rooted users များအတွက်သာဖြစ်ပါသည်။
ဒီ App လေးကိုသုံးချင်တယ်ဆိုရင်တော့ အောက်ကနည်းလမ်းအတိုင်းလုပ်ဆောင်ပေးပါ။
Download FB Jumper
၁။ Apk ကို Download ဆွဲပြီး Install လုပ်ထားပါ။
၂။ Setting ကိုနှိပ်ပြီး Location နှင့်ပတ်သတ်သမျှကို Unchecked လုပ်ပေးပါ။
၃။ ထို့နောက် Pick Location မှ Select ကိုရွေးပေးပါ။အဲ့ဒီမှာ Famous နဲ့ Fun Spots ဆိုပြီးရှိပါတယ်။ Famous မှာဆိုရင်တော့ကမ္ဘာ့အကျော်ကြားဆုံးနေရာတွေကိုရွေးချယ်နိုင်မှာဖြစ်ပြိး Fun Spots မှာဆိုရင်တော့ အိုစမာဘင်လာဒင်ရဲ့ခြံထဲမှာ၊ အမေရိကန်သမ္မတရဲ့ White House မှာ စသည်ဖြင့်ရွေးချယ်နိုင်ပါတယ်။ရွေးချယ်ပြီးရင်တော့ Super user Request ကို accept လုပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ သင့် Device ဟာသင်ရွေးချယ်ထားတဲ့နေရာကိုရောက်နေပြီဖြစ်ပါတယ်။
၎။ Location ရွေးပြီးသွားတဲ့အခါမှာ Facebook ကိုဖွင့်ပြီး Status/Photos ကြိုက်ရာသာတင်ပါ။ သင်ဟာ The White House – Washington DC ကိုရွေးချယ်ထားခဲ့တယ်ဆိုရင်အောက်ကပုံလေးအတိုင်းပေါ်နေတာကိုမြင်ရပါလိမ့်မယ်။
ကဲ…အပျော်သဘောနဲ့ပဲဖြစ်ဖြစ်… ဖိန့်ချင်(ကြွားချင်)လို့ပဲလို့ပဲဖြစ်ဖြစ်ဒီ App လေးကိုဆောင်ထားကြပါကုန်… :P
Location အသစ်တွေလဲထပ်ထည့်လို့ရသေးတယ်နော်…
NickyPaing(MMAS).
from Myanmar Mobile App Store by Nicky Paing
No comments:
Post a Comment