.

xxx

January 21, 2013

Team viewer နဲ့  တခြားသူရဲ့ ကွန်ပျူတာထဲ ၀င်ကလိကြည့်ရအောင်

Unknown | 1/21/2013 05:24:00 AM | Best Blogger Tips



ကဲဒီတစ်ခါ သူငယ်ချင်းတို့ကို အသုံးတည့်မယ်ဟာလေး ရှယ်ပေးလိုက်ပါတယ်.. .. ပြုလုပ်နည်းကို ပုံနဲ့တကွ ဆိုတော့ အဆင်ပြေကြမည်ထင်ပါတယ်ဗျ..
လိုအပ်တာကတော့ အောက်ကဆော့ဝဲလေး ဒေါင်းလိုက်ပါ။

http://www.mediafire.com/?k2r4l4i6aaknmoe


ဒေါင်းပီးရင် ကွန်ပြူတာ ထဲမှာ install လုပ်လိုက်ပါ။ပီးရင်တော့ ကလစ်နှိပ်ပီး ဖွင့်လိုက်ပါ
အောက်လိုလေးပေါ်လာပါလိမ့်မယ်




အပေါ်က ပုံလိုပဲ အိုင်ဒီ နဲ. ပက်ဝက်ကြလာပါလိမ့်မယ် ဘေးကဟာ ကတော့ မိမိကွန်ပြူတာရဲ. အိုင်ဒီ နဲ. ပက်ဝက်ပါ။ သူငယ်ဂျင်းတွေ တောင်းရင်ပေးရမဲ့ ဟာတွေပါ ။ ညာဘက်က ဟာကတော့ မိမိ နဲ. ဆက်သွယ်လိုတဲ့ ကွန်ပြူတာ ရဲ. id ပါ။ ကျွန်တော်က သူငယ်ချင်းတစ်ယောက်ရဲ. ကွန်ပြူတာကို ကျွန်တော့ ကွန်ပြူတာကနေ အမိန်.ပေးချင်တယ် ဆိုပါစို. သူ.ရဲ. id ကိုတောင်းလိုက်ပါမယ် သူကလဲ ဘယ်ဘက်ခြမ်းက အိုင်ဒီ နဲ. ပက်ဝက်ဘောက်စ်ထဲက နံပါတ်တွေကို ကျွန်တော့ကိုပေးရပါမယ် ။ ကျွန်တော်က ရလာတဲ့ အိုင်ဒီကို ညာဘက်က ဘောက်စ်ထဲကို ထည့်လိုက်ပါတယ် ပီးတော့ connect to partner ကိုနှိပ်လိုက်ပါတယ် ခဏနေရင် ပက်ဝက်တောင်းတဲ့ ဘောက်စ်လေး ကြလာပါလိမ့်မယ်
password နေရာမှာ မိမိသူငယ်ချင်းက ပေးထားတဲ့ ပက်ဝက်ကို password အထဲမှာ ရိုက်ပေးရမှာပါ ပီးရင်တော့ log on ကို ကလစ်တစ်ချက်နှိပ်ပါ။ခဏလောက်စောင့်လိုက်ပါ ခဏနေရင် အောက်ကလို ပုံလေး နဲ. မိမိသူငယ်ချင်း ရဲ. ကွန်ပြူတာ ထဲကို ၀င်ရောက်နိုင်ပါပီ
ပီးရင် တော့ ဟီးးး ကြိုက်သလို ကလိပေါ့ဗျာ ။ သူခွင့်ပြုရင်ပေါ့ ကဲစမ်းကြည့်လိုက်ကြပါ။
မှတ်ချက်။ ။ဒီဆော့ဝဲ အား ချိတ်ဆက်မည့်ကွန်ပြူတာ နှစ်လုံးစလုံးတွင် install လုပ်ထားရပါမည်..
အားလုံးအဆင်ပြေကြပါစေ

No comments: