.

xxx

January 17, 2013

Huawei U8500 ကို Root လုပ်ပြီး Custom Rom တင်မယ်…

Unknown | 1/17/2013 11:38:00 PM | Best Blogger Tips




U8500 လေးကတော့ထွက်နေတာကြာပါပြီ……ဒါပေမဲ့ 2.2.xx မှာသုံးနေရတာအဆင်မပြေတဲ့လူတွေအတွက်ပါ……version လဲမြှင့်ချင်တယ် Official ကလဲမထွက်ဆိုတော့….သုံးရတဲ့လူတွေအတွက်စိတ်ပျက်စရာပါ……အခု Custom rom version အမြင့်လေးတွေတင်ပေးလိုက်ပါတယ်…..



U8500 ကို Root ဖို့အတွက်ကတော့လွယ်လွယ်လေးပါပဲ…..z4 root app လေးကိုဖုန်းမှာသွင်း အဲ app လေးထဲက temproot လေးနှိပ် root ရုံပါပဲ…..

z4 root ယူရန်…

Custom Rom တင်ဖို့အတွက် CWM အရင်သွင်းရပါမယ်…..လိုတာလေးတွေအောက်မှာအရင်ဒေါင်းလိုက်ပါ….

 CWM For U8500
Custom Rom 2.3.5 (Gingerbread)
Custom Rom 4.0 (ICS)
CWM Recovery အရင်သွင်းပါမယ်…CWM EN u8500 zip ကိုဖြည်ထားပါ…ဖုန်းကိုပါဝါပိတ်လိုက်ပါ…..
ဖုန်းက Vol Down+Call end(red)+Power ကိုတွဲနှိပ်လိုက်ပါ…..bootloader မှာရပ်နေပါမယ်..ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ….CWM zip ထဲက CWM u8500 ကို Run လိုက်ပါ..Waiting for Devices ကနေလုံးဝမတက်ရင် ADB Driver သိအောင်သွင်းလိုက်ပါ…

 ဒီမှာ ကြည့်…
သူဟာသူဆက်လုပ်သွားပါမယ်……ပြီးသွားရင်ဖုန်း restart ကျသွားပါမယ်…မကျသွားလဲဖုန်းကိုပိတ်လိုက်ပါ…..Recovery Mode ၀င်လို့ရနေပါပြီ…..ကိုယ်တင်ချင်တဲ့ custom zip ကို SD card ထဲထည့်ထားလိုက်ပါ……CWM ထဲဝင်ပါမယ်…..၀င်ဖို့ ဖုန်းမှ Vol up+call key(green)+power တွဲနှိပ်လိုက်ပါ… CWM ထဲရောက်ရင်တော့ Backup အရင်လုပ်ထားလိုက်ပါ..
နောက် wipe data/reset ကိုရွေး…reset လုပ်ပေး..wipe cache partition ပါလုပ်ပေးလိုက်ပါပြီးရင် install zip from SD ကိုရွေး choose zip from sd ထဲဝင်ပြီး ထည့်ထားတဲ့ ဒေါင်းပြီး SD card ထဲထည့်ထားတဲ့ custom rom zip ကိုရွေးပေးလိုက်ပါ….

ကဲ Custom Rom တင်နေပါပြီ….အာလုံး ပြီးသွားရင် reboot လုပ်ပေးလိုက်ပါ…ပြန်တက်လာရင် Version အသစ်နဲ့လန်းနေပါပြီ….
Back up လုပ်ဖို့တော့မမေ့ပါနဲ့ ……အလွန်အရေးကြီးပါတယ်…..အဆင်ပြေပါစေ…..
Do at your own risk…..

mmsharingblogger@gmail.com
//

http://myanmarmobileapp.com/
ကိုယ်ပြန်လည်ဝေမျှတာက....တစ်စုံတစ်ယောက်အတွက်အကျိုးရှိသွားခဲ့ရင်....ရင်ထဲမှာအတိုင်းမသိသောပျော်ရွင်ပီတိများနဲ့...

No comments: