.
xxx
January 7, 2013
ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေ လိုသည်
Unknown | 1/07/2013 10:31:00 PM | Best Blogger Tips
တောင်အာဖရိက အကျဉ်းထောင်မှ နယ်လ်ဆင်မင်ဒဲလား လွပ်မြောက်လာသည့်အခါ သူ့ကို
တချိန်လုံး ထောင်ဝင်စာတွေ့ နေခဲ့ သောမိန်းမဖြစ်သူနှင့်အိမ်ထောင်ကွဲပြီးပြီ ။သမ္မတဖြစ်တော့ တယောက်တလမ်းနိုင်ငံရေးလျှောက်လှမ်းနေကြသူများဖြစ်သည် ။
 တနေ့ တွင် လမ်းပေါ်၌ပြသနာတခုဖြစ်ရာ လူမဲကလေးတယောက် သေဆုံး
ရသည် ။ သွေးအိုင်ထဲလဲနေသောလူမဲအနီးတွင် သမ္မတ နယ်လ်ဆင်မင်ဒဲလား၏
ဇနီးဟောင်းက လူတွေဝိုင်းနေချိန်မှာလူအုပ်ကြား၌ စကားတခွန်းကို ပြောဆိုခဲ့ သည် ။
  “   ဘယ်မှာလဲ -ကိုယ့်လူမျိုးကိုချစ်တယ်ဆိုတဲ့  နိုင်ငံရေးသမားတွေ -အခု ဒီမှာ ကျမတို့ ရဲ့  လူငယ်တယောက် သေဆုံးနေရပြီ ။ ဘာဖြစ်လို့ နိုင်ငံရေးသမားတွေက ဒီဖြစ်ရပ်ကို
သိရဲ့ သားနဲ့  မရောက်လာကြတာလဲ “
သူမပြောချင်သည်မှာ တချိန်က ခင်ပွန်းဖြစ်သူ နယ်ဆင်လ်မင်ဒဲလားကိုရည်ညွှန်းပြော
ဆိုခြင်းဖြစ်သည် ။
သို့ သော် နိုင်ငံတကာမှာ ရှိနေသောနိုင်ငံရေးသမားတွေကို တိုက်ရိုက်ရည်ညွှန်းပြောဆို
သွားခြင်းဖြစ်သည်ဟုကျွန်တော်ထင်သည် ။
ယခုလည်း မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍နိုင်ငံရေးသမားတွေကို ပြည်သူတွေအတွက် တိုက်ရိုက်ရည်ညွှန်း ရတော့မည်ဖြစ်သည်။ တလောက ကုလသမ္မဂနှင့် ဗြိတိန်နိုင်ငံက ကချင်ပြည်နယ်အရေးနှင့်စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုသွားသည် ။
 ထာဝစဉ် စိုးရိမ်ပါသည်ဆိုသောစကားကို ထည်လဲ ပြောသော်လည်း ယခုတခေါက် စိုးရိမ်
ပါသည်ဆိုသော စကားကိုသဘောကျ၍ ပြောချင်စရာဖြစ်လာသည်။ သူတို့ စိုးရိမ်သည်မှာ
သက်ဆိုင်ရာမြန်မာအစိုးရအား ရည်ညွှန်းပြောဆိုခြင်းဖြစ်သည် ။
တချိန်တည်းမှာပင် အခြားသော မြန်မာနိုင်ငံအတွင်းမှနိုင်ငံရေးပါတီများကလည်း ထုတ်ဖေါ်ပြော
ဆိုကြရာ မြန်မာအစိုးရကိုသာလျှင်ရည်ညွှန်းကြခြင်းဖြစ်သည် ။
  ကေအိုင်အိုနှင့် မြန်မာ့တပ်မတော်တို့  ယခင်က ငြိမ်းချမ်းရေးယူထားခဲ့ကြသည် ။
ထို့ ကြောင့် ယင်းအချိန်က ၄င်းပြည်နယ်၌ ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာနေခဲ့ သည် ။
ယခုတော့ ငြိမ်းချမ်းရေးပျက်ပြယ်၍ စစ်ပွဲတွေဖြစ်လာရသည် ။ နောက်ဆုံးလေယဉ်ပျံတွေဖြင့် ဗုံးကြဲလာသည်ဟု ကေအိုင်အိုမှဗွီဒီယိုဖြင့် ကမ္ဘာသို့ ချပြသည် ။ သို့ သော် ၄င်းကဲ့ သို့လေယဉ်
ပျံဖြင့်ဗုံးကြဲသည်ကို မြန်မာအစိုးရက ငြင်းဆိုသည် ။
 အခြားတဖက်မှာမှန်ကန်ကြောင်းကိုလည်း ထုတ်ဖေါ်ပြောဆိုနေသည်ကို တွေ့ မြင်
ရသည် ။ မည်သို့ပင်ဖြစ်စေ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပျက်ပြားပြီးနောက်
ယခုလိုစစ်မက်ဖြစ်ပွါးနေသည်ဆိုခြင်းကို မငြင်းနိုင် ။
 ထို့ ကြောင့်စစ်မက်ဖြစ်ပွါး၍ ပြည်သူတွေမှာ စစ်ပြေးဒုက္ခသည်တွေဖြစ်ရ ၊ စစ်သုံ့ပမ်းတွေဖြစ်ရ
 နှင့် သေသူသေ ကြေသူကြေ ဖြစ်ကုန်ကြရသည် ။
 မြန်မာ့တပ်မတော်မှစစ်သည်တွေ စစ်ပွဲမှာ သေဆုံးကြရသည်ကို စာတစောင် ပေတ
ဖွဲ့ ရေးပြီးဝမ်းနည်းကြေကွဲစွာ ရေးသားကြတာကို ဖတ်ရသည် ။
 သို့ အတူ ကချင်ပြည်သူပြည်သားတွေအတွက် တိုင်းရင်းသားလူမျိုးမောင်နှမတွေက
ဝမ်းနည်းတက်ခေါက်သံများဖြင့် စာတစောင် ပေတဖွဲ့  ရေးသားနေကြသည်ကို
ဖတ်ရသည်။မည်သူပင်ဖြစ်ဖြစ် ၄င်းသေဆုံးသွားကြရသော သူတို့ မှာမြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးတွေဖြစ်သည် ။
 မြန်မာ့တပ်မတော်မှာတိုင်းရင်းသားလူမျိုးတွေ အများကြီးပါနေသည် ။ ဗမာလူမျိုး
သက်သက်ချည်း ဖွဲ့ထားသော မြန်မာ့တပ်မတော်မဟုတ် ။
ထို့ ကြောင့်သေဆုံးကုန်ကြရသောမြန်မာ့တပ်မတော်သားတို့ မှာ တိုင်းရင်းသားလူမျိုး
များသာ များသည် ။ စစ်သုံ့ပမ်းထဲမှာလည်း တိုင်းရင်းသားလူမျိုးတွေ များသည် ။
 ကေအိုင်အိုဖက်မှလည်းအတူတူ တိုက်ခိုက်နေသော သူများမှာ ကချင်လူမျိုးချည်း
သက်သက်မဟုတ် ။တိုင်းရင်းသားလူမျိုးပေါင်းစုံပါသည် ။
 ထို့ ကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသွားသူများသည်လည်း တိုင်းရင်းသား
လူမျိုးတွေ ဖြစ်သည် ။
စစ်ပွဲတွေမှာအမြတ်ရသည်ဆိုခြင်းမှာ မရှိ ။ အနိုင်ရသွားခြင်းသာ ရှိသည် ။တကယ်အရှုံး
ရရှိသွားခြင်းမှာ လူသားတို့ အသက်ပေါင်းများစွာဖြစ်သည် ။တိုင်းရင်းသားလူမျိုးများ အသက်ပေါင်းများစွာ သေဆုံးကြေကွဲနေသည်ကိုနိုင်ငံရေးသမားတွေက ထိုင်ကြည့်နေ
ရမည်လား ။
ယင်းသို့ လည်း မဖြစ်သင့်ပေ ။သမ္မတဦးသိန်းစိန်က စစ်ပွဲကို ရပ်ပေးပါဟု အမိန့် ပေးထား
သည်ကိုဆက်ဖြစ်လျှင် နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေက ကချင်ပြည်နယ်သွားပြီး
ကေအိုင်အိုနှင့် စကားပြောစရာ မလို ။
 ဘာကြောင့် ဆက်ဖြစ်နေသည်ကိုသတင်းအချက်အလက် ယူဖို့  အကောင်းဆုံး အဖြေရှာ
နိုင်ဖို့  တခုတည်းသောလုပ်ရပ်မှာ နေပြည်တော်သာ ဖြစ်သည် ။ နေပြည်တော်မှာ
သမ္မတ ရှိသည် ။ကာလုံရှိသည် ။ အစိုးရရှိသည် ။
 သမ္မတရုံးဝန်ကြီးများရှိသည် ။လွှတ်တော်ရှိသည် ။ ၄င်းတို့ ရှိနေပါလျှက် ၄င်းတို့ နှင့်
နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေက တွေ့ ဆုံရမည် ။ ဆွေးနွေးရမည် ။အဖြေရှာ
ရမည် ။
ယခင်က ငြိမ်းချမ်းရေး ယူထားခဲ့ သော ကချင်ပြည်နယ်၌ယခုဖြစ်ပျက်နေရခြင်း
ကို အဖြေရှာဖို့ အတွက် အဓိက ပြသနာမှာ အင်အားကြီးသူအစိုးရနှင့်သာ
 ဆွေးနွေးစရာဖြစ်သည် ။
 အင်အားနည်းသူ ကေအိုင်အိုနှင့်ဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ကြရအောင်လို့  သွားပြော
လို့ ကတော့ ဘာမှအဓိပ္ပါယ်မရှိချေ ။ ကေအိုင်အိုက နယ်ချဲ့ ကျူးကျော်နေသူများ မဟုတ် ။
သူတို့ပိုင်နယ်မြေမှာ သူတို့  ရပ်တည်နေကြသူများဖြစ်သည် ။ သူတို့ က ရှေ့ကို
ကျော်လာပြီး စစ်တိုက်လာသည်ကား မမြင် ။
ထို့ ကြောင့် သူတို့ ကို ဘာမျှပြောစရာမလို ။ ကချင်ပြည်နယ်ရှိ လိုင်ဇါမက ကေအိုင်အို
ထိမ်းချုပ်ရာနယ်မြေတိုင်းကို မည်သူမဆိုသွား၍ ရသည် ။
သွား၍ရတိုင်းငြိမ်းချမ်းရေးခေါင်းဆောင်လိုလို ဘ၀င်ကြီး ခိုက်လို့  မည်သူမျှ ပြော၍မရ ။
အဓိက ငြိမ်းချမ်းရေးစကားကို ပြောဆိုပြီး ငြိမ်းချမ်းရေးဆောင်ရွက်ဖို့အတွက် နေပြည်တော်
က တာဝန်ရှိသူများကိုသာ ဒဲ့ပြောဆိုတိုင်ပင်ဆွေးနွေးရန်သာ ရှိသည် ။
အကယ်၍ နေပြည်တော်တွင်ငြိမ်းချမ်းရေးစကားပြောပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေး
ရရှိသွားပြီဆိုလျှင် ၄င်းလူစားများသည်ငြိမ်းချမ်းရေးခေါင်းဆောင်ဖြစ်မည်မှာ သေချာသည် ။
သည်လိုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကသမ္မတရုံးဝန်ကြီး သို့ သွားပြီး ဆွေးနွေးဖလှယ်
တိုင်ပင်စရာသာ ရှိသည် ။ခုတော့ ပေဖူးလွှာနှင့် ဖိတ်မှ သွားမည်ဆိုပြီး စောင့်နေလို့ 
ကတော့ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်တွေ နေ့ စဉ်လိုလို အသက်ဘေး အန္တရယ်
စိုးရိမ်နေရသည်ကို ကြားနေရ မြင်နေရတော့မည် ။
 ကျွန်တော်တို့ အနေဖြင့်ကချင်လူမျိုးတွေကို မိမိလူမျိုးကဲ့သို့  ခံစားရင်lနာ ဖြစ်ရပါသည် ။
ဗုံးခိုကျင်းထဲမှာ ခလေးတွေ ငိုကြွေးပြီး နေကြရသည်ကို၎င်း၊မြန်မာ့တပ်မတော်မှ စစ်သုံ့ ပမ်းတွေကို မြင်ရသောအခါ၌၄င်း ၊ သူတို့ မှာမိသားစုတွေ ရှိတယ်- ခလေးတွေ ရှိတယ် - သားသမီးတွေ ရှိတယ် -ဆိုသောစာပိုဒ်ကို မြင်ယောင်မိနေဖြစ်သည် ။
 မည်သူတွေကိုမှ ဒုက္ခကြီးစွာဆင်းရဲခြင်းကြီးစွာဖြင့် မမြင်လိုချင် ။ ထို့ ကြောင့် ကချင်ပြည်နယ်
အရေးကို ငြိမ်းချမ်းရေးခေါင်းဆောင်များအဖြစ် နားချကြမည်ဆိုလျှင် အဝေးကြီးမ
သွားကြပါနှင့် ။ နေပြည်တော်မှာသာ အဖြေရှာ ဆွေးနွေးကြပါဟုတိုက်တွန်းလိုပါသည် ။
သို့ ဖြစ်၍ ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေလိုသည်ဟု ပြောရခြင်းဖြစ်သည် ။ ကျွန်တော်ပြောချင်သည်မှာ  ပြည်သူတွေအတွက်အတိုက်အခံ ခေါင်းဆောင်
မလိုတော့ပါ ။
အတိုက်အခံ ခေါင်းဆောင်လည်းမြန်မာနိုင်ငံမှာ ရှိမှ မရှိတော့ ၊ တကယ့် နိုင်ငံရေး
သမားကောင်းသာပြည်တွင်းငြိမ်းချမ်းရေးအတွက် ယခုအချိန်မှာ အမြန်ဆုံးလိုအပ်နေပါပြီ ။
အကယ်၍ ပြည်တွင်းငြိမ်းချမ်းရေးကို နေပြည်တော်မှ တာဝန်ရှိသူများကသာလိုအပ်သည်ဟု ထင်မြင်ယူဆကြပြီ ဆိုလျှင် ၄င်းသိရှိကြသောနေ့ သည်မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရသွားသောနေ့ ဖြစ်သည်ဟုကျွန်တော်ယုံကြည်ထားသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
copy from http://shwemyanmarmediagroup.blogspot.com/2013/01/blog-post_1858.html
No comments: