.

xxx

January 22, 2013

Android ဖုန်းများ HWH App 2.0 ဖြင့် ၀က်ဆိုဒ်(၄၀)ကျော်မှ သတင်းများဖတ်ရှုနိုင်

Unknown | 1/22/2013 02:56:00 AM | | Best Blogger Tips

Tuesday, January 22, 2013 

Version 1 ထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသည့် HWH Application Version 2.0 ဖြင့် ပြည်တွင်းပြည်ပ သတင်းဝက်ဆိုဒ်အခု (၄၀)ကျော်မှ တက်လာသည့် သတင်းများအား မည်သည့်ဝက်ဆိုဒ်မှ ၀င်ကြည့်ရန်မလိုပဲ ၄င်းဝက်ဆိုဒ်များမှ တက်လာသည့် သတင်းများအား အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပြီဖြစ်သည်။ 

အဆိုပါ ၀က်ဆိုဒ်များမှ မိမိမနှစ်သက်သော သတင်းဌာနများပါရှိခြင်း (သို့) သတင်းများခြင်းကြောင့် သတင်းဌာန အချို့အား ပယ်ဖျက်လိုပါက Source>> သတင်းဌာနအား Long Press>>Delete Feed လုပ်၍ ပယ်ဖျက်နိုင် ကြောင်းသိရသည်။

ယခင် HWH App Version 1 တွင် သတင်းဝက်ဆိုဒ်အခု(၂၂)မှ သတင်းများသာ ကြည့်ရှုနိုင်ခဲ့ရာမှ ယခု Version 2 တွင် (၄၄)ခုအထိ ကြည့်ရှုနိုင်ခြင်းဖြစ်သည်။ 



အဆိုပါ HWH Application အား Android ဖုန်းအားလုံးအတွက် အခမဲ့ ဖြန့်ဝေထားခြင်းဖြစ်ပြီး ၄င်းအတွက် Credit/ Ref; မလိုဘဲ ကြိုက်သလို Share နိုင်သည့် Application ဆော့ဝဲလ်ဖြစ်သည်။

အင်တာနက် Connection ၅မိနစ်လောက်အချိန်ပေး ဖွင့်ရုံဖြင့် သတင်းများ၊ သုတ၊ ရသ၊ နည်းပညာ သတင်း ဆောင်းပါး အစရှိသည့်များအား Offline အနေအထားနှင့် သတင်းနှင့် သတင်းဆောင်းပါးများအား ပြန်လည် ဖတ်ရူနိုင်မည်ဖြစ်သည်။

သုတ၊ ရသ၊ နည်းပညာ၊ သတင်း ဆောင်းပါးများအား မူရင်း Websiteများမှ RSS Feed ရယူကာ ဤ App တွင် ထည့်သွင်း အသုံးပြု ထားခြင်းဖြစ်သည်။ ကောင်းနိုးရာရာ RSS Feedများကို HWH Version 1.0တွင် ထည့်သွင်း ပေးထားပြီး နောက် Version များတွင်လည်း User တို့၏ တောင်းဆိုမူအလိုက် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

HWH Version 2.0 တွင် ပါရှိသော သတင်း ဌာနများမှာ အောက်ပါအတိုင်း ဖြစ်သည်။

App Open>>Source

၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)

၂။ ရိုးရာလေး (သတင်းစာမျက်နှာ)

၃။ Voice Of America(VOA) (သတင်းစာမျက်နှာ)

၎။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)

၅။ အင်တာနက်ဂျာနယ် (နည်းပညာ)

၆။ ဧရာဝတီ (သတင်းစာမျက်နှာ)

၇။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)

၈။ Opposite Eye (သတင်းစာမျက်နှာ)

၉။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)

၁၀။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)

၁၁။ ၀င်းကမ္ဘာကျော် (နည်းပညာ)

၁၂။ ဒေါင်းမာန်ဟုန် (သတင်းစာမျက်နှာ)

၁၃။ Myanmar Hiphop Channel(MHC) (လူငယ်ကြိုက် သီချင်းသစ်များ)

၁၄။ TechSpaceဂျာနယ် (နည်းပညာ)

၁၅။ Models (ခေတ်သစ်မော်ဒယ်လေးများ)

၁၆။ နစ်နေမန်း (သတင်းစာမျက်နှာ)

၁၇။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)

၁၈။ ခေတ်လူငယ် (သတင်းစာမျက်နှာ)

၁၉။ Hot News Weekly (သတင်းဆောင်းပါး)

၂၀။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)

၂၁။ ပေါ်ပြုလာဂျာနယ် (သတင်းစာမျက်နှာ)

၂၂။ မိုးမခ (သတင်းစာမျက်နှာ)

၂၃။ ချစ်သူဆီသို့ (ခံစားချက် ရသ)

၂၄။ မြန်မာပြည်မှမြန်မာလူမျိုး (သုတ+ရသ)

၂၅။သက်တန့်ချို( ရသစာပေများ)

၂၆။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)

၂၇။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)

၂၈။ Heart Canteen( ရသစာပေများ)

၂၉။ RFA Burmese(သတင်းစာမျက်နှာ)

၃၀။ The Voice Weekly(သတင်းစာမျက်နှာ)

၃၁။ Planet Myanmar Network(သတင်းစာမျက်နှာ)

၃၂။ Mizzima - News in Burmese(သတင်းစာမျက်နှာ)

၃၃။ CJMyanmar(သတင်းစာမျက်နှာ)

၃၄။88 Generation Students(88မျိုးဆက်ကျောင်းသားများ)

၃၅။ Burma VJ Media Network(သတင်းစာမျက်နှာ)

၃၆။ Freedom News Group(Burma) (သတင်းစာမျက်နှာ)

၃၇။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)

၃၈။ Messenger News Journal(သတင်းစာမျက်နှာ)

၃၉။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)

၄၀။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)

၄၁။ News of Myanmar(သတင်းစာမျက်နှာ)

၄၂။ ITgroup(နည်းပညာ)

၄၃။BBC Burmese(သတင်းစာမျက်နှာ)

၄၄။ 7Day News Journal(သတင်းစာမျက်နှာ)

အဆိုပါ HWH Application Version 2.0 ရယူလိုပါက အောက်ပါလင့်များမှ တဆင့်ရယူနိုင်သည်။

http://www.mediafire.com/?s613e02vnpt65e4

OR

http://www32.zippyshare.com/v/44044002/file.html

OR

https://www.dropbox.com/s/cw7cy1ln2pqmozu/HWH%20Version2.0.apk

သတင်းများ ရယူရန်( Updateလုပ်ရန်)နှင့် ဖတ်ရူရန်အတွက်အောက်ပါအတိုင်း ပြုလုပ်နိုင်သည်။


Internet ဖွင့်>>App Open>>Phone Option>>Update All>>Notification Barတွင် Downloadဆွဲနေမည်။ ပြီးလျှင် Internetပိတ်၍ သတင်းဖတ်ရူနိုင်ပါပြီ။

**အချို့သတင်းများအား Extractလုပ်ကြည့်မှ မြင်ရမည်ဖြစ်သည်။**Extractလုပ်ရန် ညာပေါ်ထောင့်ရှိ Star Icon ဘေးရှိ RSSပုံစံ Icon ကို ကစားပေးရမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များအား သိရှိလိုပါက www.hwhforandroid.blogspot.com သို့ ၀င်ရောက်ကြည့်ရှု့နိုင်သည်။

No comments: