.

xxx

November 4, 2012

Samsung Galaxy ACE 2 – I8160 Root လုပ်နည်း

Unknown | 11/04/2012 12:04:00 AM | Best Blogger Tips

အဟမ်း… ဟိုနေရာလဲ တွေ့နေရ ဒီနေရာလဲ တွေ့နေရလို့ အမြင်မကပ်ကြပါနဲ့အုံး.. :D
Galaxy ACE 2 Root လိုချင်ပါတယ် လို့ လာအော်ထားပြန်တော့လဲ
အော်တာကို ဂရုမစိုက်ပြန်ရင်လဲ ဖုန်းနဲ့ လှမ်းဆဲမှာ အိမ်ရှေ့ကနေ အိမ်ထဲကို ဂဲ နဲ့ လှမ်းထုသွားမှာတွေ ကြောက်လို့ (နောက်တာ) :P
မနည်းတော့ ရှာလိုက်ရတယ်
အဲ့ဒါက ဒီလိုလုပ်ရတယ်ဗျာ
ထုံးစံ အတိုင်း အစဉ်လိုက်လေးပေါ့နော်…
လိုအပ်တာတွေ အရင် Download ဆွဲကြစို့…
ကဲ.. အားလုံး ပြည့်စုံပြီ လုပ်ငန်း စမယ်…
1. update.zip ဖိုင်လေးကို ဖုန်း internal Memory ထဲကို ထည့်ထားပါ(အပြင်မမ်မိုရီကဒ်မှာ အလုပ်သိပ်မလုပ်ပါ)
2. ACE 2 Root I8160XXLD8_ready_to_root_ANT.tar.zip ကို ဖြေလိုက်ပါ
အထဲက I8160XXLD8_ready_to_root_ANT.tar.md5 ဖိုင်ကို သက်သက်ထုတ်ထားလိုက်ပါ။
3. Odin ကိုဖွင့်ပါ ပြီးတော့ ခုနက ထုတ်ထားတဲ့
 I8160XXLD8_ready_to_root_ANT.tar.md5
ဖိုင်ကို PDA မှာ သွားထည့်ပေးပါ။
(အောက်ပါ ပုံအတိုင်းပါ)
[IMG]
4. ပြီးရင် ဖုန်းကို Download Mode ခေါ်ပါ Volume Down + Home + Power နှိပ်ပြီး ခေါ်နိုင်ပါတယ်
ပြီးရင် ဖုန်းကို ကွန်ပြုတာဖြင့် စတင် ချိတ်ဆက်ပါ Driver သိရင် ပထမ အကွက်လေးမှာ ၀ါသွားပါလိမ့်မယ်
Auto Reboot နှင့် F.Reset Time နှစ်ခုကို အမှန်ခြစ်ပေးထားပါ။
ပြီးရင် Start ကို နှိပ်ပါ
Pass ဖြစ်သွားပြီး မီးစိမ်းသွားရင် ကြိုးဖြုတ်နိုင်ပါပြီ။
(အောက်ပါ အတိုင်းပါ)
[IMG]
5. နောက်တစ်ဆင့်ကတော့ ဖုန်းကို ပါဝါပြန်ပိတ်ပြီး Vol Up + Power နှိပ်ပြီး Recovery Mode ကိုဝင်ပါ
Apply From SD Card မှ update.zip ဖိုင်လေးကို Install လုပ်ပေးပါ။
ပြီးရင် Reboot System now ကို နှိပ်ပါ
Power ပြန်ပွင့်လာရင် သင့် ဖုန်း Root ပြီးသား ဖြစ်နေမှာပါ..
ပျော်ရွှင်ကျေနပ်ကြပါစေ…
Thit San Khant
thitsankhant@gmail.com

No comments: