.

xxx

November 13, 2012

Hard Drive ထဲက Data တွေ ဘယ်လိုသေသေချာချာဖျတ်ရမလဲ။

Unknown | 11/13/2012 04:57:00 PM | Best Blogger Tips
Hard drive ထဲက data တွေကို ကျွန်တော်တို့က Delete ဆိုပြီးတော့ နှိပ်ပြီးဖျတ်ကြတယ် တချို့ကျတော့
လဲ Quick Format ဆိုပြီးတော့ ဖျတ်တက်ကြတယ်။ ဒါပေမဲ့ ဒီ Data တွေက တကယ်မပျောက်သွားပါဘူး
Hard drive (HDD) တွေက ကျွန်တော်တို့ သိတဲ့အတိုင်း အထဲမှာ အောက်ကပုံမှာ မြင်တဲ့အတိုင်း

                                      
Disk လေးကလည်နေပြီး လက်တန်လေးတခုက ပေါ်ကနေ Data တွေဖတ်ပြီးတော့ ကွန်ပျုတာကို
ပြန်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် HDD တွေက SSD တွေထက် နည်းပြီး size တွေက ကြီးနေတာ ဖြစ်တယ်။ ဒီလိုဘဲ တချို့ Data တွေကို ရိုးရိုးနည်းနဲ့ Delete, quick format တွေလုပ်ခြင်း
ဖြင့် Hard drive ထဲမှာ ဖွင့်ကြည်လိုက်ရင် data တွေမရှိတော့ဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့
ဒီ လည်ပတ်နေတဲ့ Disk ရဲ့ ဒေါင့်တနေရာမှာ ရှိနေသေးပါတယ်။ Delete, quick format လုပ်ခြင်းက
သူရဲ့ Disk မှာရှိတဲ့ File တွေကို နာမည်ပြောင်းပေးလိုက်တာသာ ဖြစ်ပြီး Recovery လုပ်ရင်ရနိုင်ပါ
 သေးတယ်။ ဒီလိုဘဲ ကျွန်တော်တို့ သူများကို ကိုယ့်ကွန်ပျုတာ ပေးလိုက်တာတို့၊ ရောင်းလိုက်တာ
တို့ လုပ်တဲ့အခါမှာ သေသေချာချာ Software တွေနဲ့ data တွေကို မဖျတ်တဲ့အခါ သူတို့က Recovery
လုပ်ပြီး ကိုယ့်ရဲ့ ကွန်ပျုတာထဲမှာ ရှိတဲ့ အချက်အလက်တွေကို ယူသွားနိုင်ပါတယ်။ တခါတလေမှာ
Data က ကွန်ပျုတာထက် အဆမတန် တန်ဖိုးရှိပါတယ် အထူးသဖြင့် bank information, company
information, family information တွေကို သူများတွေ recovery လုပ်ပြီးရသွားနိုင်ပါတယ်။
ဒါကြောင့် အထူးသဖြင့် Company တွေမှာ ဆိုရင် ကွန်ပျုတာကို သူများတွေကို ပေးလိုက်ပေမဲ့ သူတို့
hard drive တွေကို မီးရှို, ထုခွဲ လိုက်တာတွေ့ရတယ်။ ဒါပေမဲ့ အခုတော့ software တွေရှိပါပြီး
ဒါပေမဲ့ ဒီ Software ကို အသုံးမပြုခင် ကိုယ်လိုအပ်မဲ့ Data တွေကို တော့ Backup လုပ်ထားပါ။
အောက်ပါ Software တွေက ကိုယ့်ရဲ့ Data တွေကို သေသေချာချာ Delete လုပ်ဖို့ အကောင်းမွန်
ဆုံး Software လေးတွေဖြစ်ပါတယ်။ 

Eraser
http://www.pcworld.com/product/946563/eraser.html

Roadkil's disk wipe

http://www.pcworld.com/product/1196693/roadkil-s-disk-wipe.html

Parted Magic
http://www.pcworld.com/product/949338/parted-magic.html


SBSangpi (စံပီး)

No comments: