.

xxx

November 6, 2012

သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk

Unknown | 11/06/2012 06:43:00 AM | | Best Blogger Tips
 
              
                ဒီ Post ကို ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးအရမ်းအဆင်ပြေလို့ သူငယ်ချင်းတွေကိုမျှဝေပေး
လိုက်တာပါ။ခေါင်းစဉ်လေးဖတ်လိုက်တာနဲ့တင်ဘဲ သူငယ်ချင်းတော်တော်များများ စိတ်ဝင်စားသွားမယ့်
Post လေးတစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Mobile Phone
တွေနဲ့ အင်တာနက်ကို လူတော်တော်များများ အသုံးပြုလာကြပါပြီ။ ဒါပေမယ့် GSM Phone ရဲ့ Internet 
Connection ကတော့ တော်တော်လေးကိုစုတ်ခြာ နေတာပါ။ ဘယ်အချိန်ဖွင့်လိုက်ဖွင့်လိုက် E ကနေ
မတက်တော့ဘူး။ တစ်ခါတစ်လေကျမှ H ကိုရောက်တယ်ဗျာ။ အရမ်းကို ကောင်းရင်တော့ 3G လောက်
ခဏလေးတက်လာပါတယ်။ အဲဒီ ကွန်နရှင်မျိုးက စက္ကန့်ပိုင်းလောက်ဘဲ ရတာနော် ။ E ဆိုတဲ့ ကွန်နရှင်
နဲ့ ဘယ်လိုမှ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ပါဘူး။ သတင်းတွေ ၊ Gmail ၊ Facebook ၊ နဲ့
အခြားသော website လေးတွေမှာသာ ၀င်ရောက်ဖတ်နိုင်ရုံလေးဘဲ သုံးလို့ရပါတယ်။ တစ်ခါတစ်လေဆို
ရင် ဘယ်လိုမှ လိုင်းတက်မလာပါဘူး။ WCDMA Phone ရဲ့ Internet Connection ကတော့ အဲဒီလိုမျိုး
မဟုတ်ပါဘူး။ တော်တော်လေးကို ကောင်းမွန်တာတွေ့ရပါတယ်။ WCDMA ရဲ့ ကွန်နရှင်ကျနေချိန်က
GSM ရဲ့ ပုံမှန်ကွန်နရှင်လောက်ကို ဖြစ်နေပါတယ်။


                 အခုကျွန်တော်မျှဝေပေးချင်တဲ့ Application လေးကတော့  သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk
ဆိုတဲ့ Android Application လေးဖြစ်ပါတယ်။ အသုံးပြုရာလည်းတော်တော်လေး လွယ်ကူအဆင်ပြေ
ပါတယ်။ Set preferred network type: ရဲ့ အောက်မှာ WCDMA only ဆိုတာလေးကိုပြောင်းပေး
လိုက်ရင်ရပါပြီ။ အောက်က ပုံလေးအတိုင်းပါ GSM only နေရာမှာ WCDMA only ဆိုဒါလေးကို ပြောင်း
ပေးလိုက်ရင်ရပါပြီ။ ဒါဆိုရင် ဘယ်အချိန်ဘဲ Internet ဖွင့်ဖွင့် အနိမ့်ဆုံး H ဆိုတာ တန်းပေါ်ပြီး WCDMA
ရဲ့ ကွန်နရှင်အတိုင်းသုံးရမှာပါ။



                   WCDMA ရဲ့ ကွန်နရှင်အတိုင်းသုံးရတယ်ဆိုပြီး WCDMA လိုမျိုး တစ်မိနစ်ကို 4ကျပ်ပေး
ရလိမ့်မယ်တော့မထင်နဲ့နော်။ 2ကျပ်ဘဲပေးရမှာပါ။ ဘယ်လောက်အဆင်ပြေလည်းဗျာ။ ဖိုင်ဆိုဒ်က
လည်း 5kb ဘဲရှိတယ်ဗျာ။ Android v 1.5 နှင့် အထက်ဖုန်းများမှာသာ အသုံးပြုရအဆင်ပြေမှာဖြစ်ပါ
တယ်ဗျာ။ အပန်းမကြီးတဲ့အတွက် စမ်းသပ်အသုံးပြုမယ်ဆိုရင် မမှားဘူးလို့ အကြံပေးချင်ပါတယ်ဗျာ။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေနော်။



http://www.pcfreetime.com/images/download.gif

1 comment:

Unknown said...

Handset ကc8813d huaweii ပါset prefered မှာcdma ပဲပြ​နေတယ်​​ပြောင်​လို့ရဘူးဘယ်​လိုလုပ်​ရအှာလဲkimpi97@ကိုပြန်​ဆက်​သွယ်​​ပေးပါ