.

xxx

November 7, 2012

မတရားမှုကို ခုခံကာကွယ်မှုစွမ်းအားရှိသော အမေရိကန်ရောက် ကရင်လူငယ်များ

Unknown | 11/07/2012 10:54:00 PM | Best Blogger Tips

              

မြန်မာပြည်မှ ကရင်လူမျိုးတွေကို ဗမာအစိုးရရဲ့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုကြောင့် အမေရိကန်နိုင်ငံ
City Heights မှာ ခိုလှုံရောက်ရှိနေထိုင်ကြတဲ့ ငြိမ်းချမ်းရိုးသားတဲ့ ကရင်လူငယ်တစုရဲ့ အကြောင်းပါ။

အခုတော့ သူတို့တွေဟာ သူတို့နိုင်ငံမှာရှိတဲ့ လက်နက်နဲ့ဗိုလ်ကျတဲ့ ဗမာအစိုးရကို ခုခံတိုက်ခိုက်ခဲ့တဲ့
ပုံစံမျိုးနဲ့မတူတဲ့ တခြားသောတိုက်ကွက်တမျိုးပါ။

ဒီတိုက်ကွက်ပုံစံနဲ့  အမေရိကန်မှာရှိတဲ့ ဂိုဏ်းစတားတွေကို ပညာပေးဆုံးမတဲ့ ခုခံကာကွယ်မှုတမျိုး
လည်း ဆိုနိုင်ပါတယ်။

လက်ကိုင် cell phone မှတဆင့် လမ်းလယ်ခေါင်မှာ ဒုက္ခသည်တွေအပေါ် အဓိကထား အကြမ်းဖက်တိုက်ခိုက်တတ်တဲ့ ဂိုဏ်းစတားတွေရဲ့ သတင်းကို 10 News မှ စုစည်းထားတဲ့ ဗွီဒီယို
ပြကွက်လည်း ဖြစ်ပါတယ်။

ဒီ ဗွီဒီယို မှတ်တမ်းကို ရဲအရာရှိဟောင်း Kevin La Chapelle က ယူကျုမှတဆင့် မြင်တွေ့ခဲ့ပြီး
တဲ့နောက်ပိုင်းမှာပဲ အရေးယူလုပ်ဆောင်ချက်တခုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့ ခေါင်းဆောင်မှု အကယ်ဒမီကို စတင်ဖွဲ့စည်းလိုက်ပါပြီ။
 အဲဒီမှာပါဝင်တဲ့ သူတွေဟာ ဦးတည်ချက် မျှော်လင့်ချက်တွေနဲ့အတူ  ရှေ့ဆက်ပြီး
ဘယ်လိုဘယ်ပုံနဲ့တို့ရဲ့ဦးတည်ချက်ကို အမိအရ ဖေါ်ဆောင်ကြမလဲဆိုတာတွေကို ဖွင့်ဆိုတဲ့
နေရာလည်း ဖြစ်ပါတယ်။

ရဲအရာရှိ လာချာပယ်လီအနေနဲ့လည်း ရဲရင့်မှုအစွမ်းသတ္တိရှိတဲ့ ကရင်လူငယ်တွေကို ပြည်တွင်း
ဂိုဏ်ဒစတားတွေရဲ့ စည်းရုံးသွေးဆောင်မှုထဲ မပါဝင်ရအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးနေပါတယ်။ပြီးတော့လည်း ဒီလိုပြောခဲ့ပါတယ်။

- ကျွန်တော်ထင်ပါတယ်၊ ဒီလိုဖြစ်ရပ်မျိုးက တကယ်ကို ကံမကောင်းအကြောင်းမလှတဲ့ ကိစ္စတခုလို့ ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေမှာ ရာဇ၀င်ပုံပြင်လေးတွေကိုယ်စီနဲ့ ခံစားချက်တွေ ရှိပြီးသားပါ။ ဥပမာပြောရရင် သူတို့ရဲ့တိုင်းပြည်မှာ မိဘ ညီအကို ဆွေမျိုးတွေ အသတ်ခံရတယ်၊
 နှိပ်စက်ညှင်းဆဲမှုတွေ မျိုးစုံခံခဲ့ရတယ်၊ အိမ်တွေ ရွာတွေ မီးရှို့ခံရတဲ့သူတွေပါ။ ဒီအကြောင်းရင်းတွေကြောင့် လွတ်မြောက်ရာကို ထွက်ပြေးတိမ်းရှောင်ပြီး အမေရိကကို ရောက်ရှိ ခိုလှုံနေကြသူတွေပါ။

- သူတို့တွေဟာ အမေရိကားမှာ ဘ၀သစ် တည်ဆောက်ဖို့ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း
ရောက်ရှိလာရင်း ဒီမှာ နောက်ထပ်တဖန် အနိုင်ကျင့်ခြင်းခံရတာမျိုး ထပ်ကြုံရတာကိုက ကံဆိုး
လွန်းပါတယ်။

- အခုဆိုရင် အမေရိကန်နိုင်ငံရဲ့ ဆန်ဒီယေဂို (San Diego) မြို့မှာဆိုရင် ကရင်လူမျိုးဒုက္ခသည်
၃၀၀ လောက်ရှိမယ်လို့ ထင်ရပါတယ်။

ရုပ်သံကို ကြည့်ရှုနိုင်ပါတယ်။


                         


http://www.9dblood.com/2012/11/blog-post_7907.html

No comments: