စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ညီညွှတ်သောတိုင်းရင်းသားလူမျိုးမ
...
၎င်းဆွေးနွေးပွဲတွင် နိုင်ဟံသာ ဦးဆောင်သည့် UNFC က ၎င်းတို့ချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံ ၆ချက် ကို တင်ပြခဲ့ပြီး ၀န်ကြီး ဦးအောင်မင်းဦးဆောင်သည့် အစိုးရဘက်က လာမည့် အောက်တိုဘာလတွင် ပြည်လုံး ကျွတ်အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးတင်ပြခဲ့ကြကာ နှစ်ဖက်သဘောတူညီမှု မရရှိဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ရသည်ဟု ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောသည်။
“ကျမတို့ နှစ်ဖက်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ စာချုပ်စာတမ်းနဲ့ သဘောတူညီမှု ရရှိတဲ့အထိတော့ မရှိဘူး။ ဒါပေမယ့် ရှေ့ဆက်ဆွေးနွေးသွားရမယ့် အရာတွေ လုပ်ဆောင်သွားဖို့တော့ သဘောတူခဲ့ကြပါတယ်။” ဟု ပဒိုနော်စီဖိုးရာစိန်က ကေအိုင်စီသို့ ပြောသည်။
UNFC မှ တင်ပြထားသည့် လမ်းပြခဲ့သည့် လမ်းပြမြေပုံအရ တိုင်းရင်းသားလက်နက်ကိုင်တော်လှ
ထို့အပြင် လက်ရှိ မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရ ရှိပြီဖြစ်သော်လည်း ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဆိုသလို ရှိနေသေးသောကြောင့် ပြည်လုံးကျွတ်အတိုင်းအတာဖြင့် အခိုင်အမာအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း UNFC က ဆိုသည်။
ဆွေးနွေးပွဲတွင် ၀န်ကြီး ဦးအောင်မင်းက “ကျနော်တို့ ဆွေးနွေးထားတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့ဆက်ဆွေးနွေး သွားဖို့ သဘော ထားရှိပါတယ်။ အခု UNFC က တင်ပြထားတဲ့အရာတွေက ဒီဆွေးနွေးပွဲမှာတော့ ဆုံးဖြတ်လို့ မရသေးဘူး။ နောက်ထပ် ဒီထက်ဆက်ဆွေးနွေးဖို့ ရှိပါတယ်”ဟု ပဒိုနော်စီဖိုးရာစိန်က ပြန်လည်ပြောဆိုသည်။
ယခုတွေ့ဆုံတွေ့ဆုံဆွေးနွေးပွဲတွ
UNFC ကို ၂၀၁၁ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အင်အား
ဖေဖော်ဝါရီလက UNFC နှင့် အစိုးရတို့ နိုင်ငံရေးဆွေးနွေးပွဲအကြိုညှိန
No comments:
Post a Comment