February 11, 2013

ကာမရာဂစိတ်ကိုထကြွစေသည့် တရားမ၀င်ဆေးဝါးများ ဖမ်းဆီးရမိ (အမျိုးသမီးများသတိထားစရာ)


ACM Re-post Date : 2013 Feb 11
                       
၉-၂-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၊ ကညုံရပ်ကွက်နေ ဦးအောင်နိုင်(၄၈)နှစ်၏ ““အာရုဏ်ဦး””ဆေးဆိုင်သို့ သတင်းအရ

ဝင်ရောက်ရှာဖွေရာ အမျိုးသမီးများအားတိုက်ကျွေးပါက ကာမရာဂစိတ်ကို
ထကြွစေသည့် တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်
အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် ဦးအောင်နိုင်အား ထားဝယ်ရဲစခန်း(ပ)၅၉/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၁၁၃၀အချိန် အဆိုပါဆိုင်သို့ထပ်မံရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည့် ကျားဟိုမုန်းအားတိုးဆေး
Play Boy စာတမ်းပါဆေးအမျိုးအစား ၆ မျိုး၊ အချိန် ကြာမြင့်စေသည့်
လိမ်းဆေး၊Sholonying စာတမ်းပါလိမ်းဆေး၊Lady A Bergin စာတမ်းပါ လိမ်းဆေး၊ Nivea Beauty Breast စာတမ်းပါလိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ၁၂၃၅အချိန် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်နေ အောင်ကျော်မိုး(၄၂)နှစ်၏ကွမ်းယာဆိုင်၊ ၁၂၄၀အချိန် (၁)ရပ်ကွက်ရှိ ဦးကျော်မြင့်(၅၆)နှစ်၏ ကွမ်းယာဆိုင်နှင့် ၁၂၃၀အချိန် ဈေးတန်းရပ်ကွက်ရှိ ဇော်ဇော်ဝင်း(ခ)ဗေဒါ(၂၃)နှစ်၏ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များခွဲ၍၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေခဲ့ရာ ကွမ်းယာဆိုင်အသီးသီးတွင်Red Spider စာတမ်းပါ
ကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်းဆိုင်ရာ
နိုးကြွစေသည့် တရုတ်နိုင်ငံထုတ်ဆေးဝါးမျိုးစုံ၊ စုစုပေါင်းတန်ဘိုး
ငွေကျပ်(၆၇၀၀၀ိ/-)ခန့်အား ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး အောင်ကျော်မိုးအား မြိတ်ရဲစခန်း(ပ)၁၀၀/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျော်မြင့်အား (ပ)၁၀၁/၂၀၁၃၊ အဆိုပါဥပဒေ
ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ဇော်ဇော်ဝင်း(ခ)ဗေဒါအား (ပ)၁၀၂/၂၀၁၃၊ အထက်ပါဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူ
ထားကြောင်း သတင်းရရှိသည်။
-----------------------------------------------------------------------

ရဲဇာနည် မှကူးယူဖော်ပြပါသည်။



No comments:

Post a Comment