February 11, 2013

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကဒိုင်တိကျေးရွာအနီးတွင် ကားမိုင်းပေါက်ကွဲမှုဖြစ်ပွား




 ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကဒိုင်တိကျေးရွာအနီး ရှမ်းရွာ လမ်းကုန်းဆင်းအနီးတွင်
 BGF၁၀၁၃ နယ်ခြားစောင့်တပ်ရင်းမှတပ်ရင်းတည် ဆောက်ရေးအတွက် သဲတင်သောကားအား ယနေ့ ဖေဖေါ်ဝါရီလ ၁၁ရက် နံနက် ၆နာရီခွဲ အချိန်ခန့် တွင်ကားမိုင်းကွဲ၍ ယာဉ်မောင်းအပါအ၀င် (၃)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း အတူး အသက်(၄၅)နှစ် ဖားပွန်၊ ရန်နိုင်ဦး(ခ)ချာတိတ် အသက်(၁၄)နှစ် ကဒိုင်တိကျေးရွာ၊အမည်မသိ လူငယ်တစ်ဦး စုစုပေါင်း(၃)ဦးတို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး မောင်နိုင်ခေါ် ကြက်ဖ အသက်(၁၄)နှစ်မှာ ဒဏ်ရာမပြင်းထန်သည့်အတွက်ဟု   ဆိုကာ ကဒိုင်တိဆေးရုံးတွင်သာ ကုသနေမှုခံယူနေစဉ် ယနေ့နံနက်(၁၁း၀၀)ခန့်တွင်
သေဆုံးသွားပြီး ကဒိုင်တိကျေးရွာမှ အသက်(၁၂)နှစ်ရှိ ဒေါ်နီသန်း၏ သားမှာလည်း စိုးရိမ်ရအတွင်းလူနာအဖြင့် ကမမောင်းဆေးရုံတွင်ကုသခံနေရကြောင်း ဒေသခံ အမာခံတစ်ဦးက ပြောကြားသည်။

လုံခြုံရေးတာဝန်ယူထားသော တပ်မတော်၊BGFတပ်ရင်း၊ ရဲစခန်းများသို့ ဖြစ်စဉ်အသေးစိပ်အား စုံစမ်းမေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဇွဲကပင်မောင်မောင် (ဘားအံ)
ACM Re-post Date : 2013 Feb 11

No comments:

Post a Comment