.

xxx

May 31, 2013

ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းခြင်း

Unknown | 5/31/2013 09:56:00 PM | Best Blogger Tips

Written by ဖြူဖြူကို


အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော ကရင် ငြိမ်းချမ်းရေး အဖွဲ့များသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရည်စူးပြီး ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ တရပ်ကို ယမာန်နေ့က ဖွဲ့စည်း ခဲ့သည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှအရာရှိ တစ်ဦးက ဆိုပါသည်။

“ ကျင်းပတဲ့ နေရာကKNLA ရဲ့ကော့ကရိတ် မြို့နယ်မှာ ရှိတဲ့ ထို့ကော်ကိုး စခန်းမှာပေါ့နော်။ အဖွဲ့က (၆) ဖွဲ့ တက်ပါတယ်။ အဓိက ကတော့ ကရင် ငြိမ်းချမ်းရေး အဖွဲ့တွေ အားလုံးပါတယ်။ ကရင် ညီညွတ်ရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြသနာ ဖြေရှင်းဖို့ရယ် ပြီးတော့ တစ်ဖွဲ့ထဲ ပြန်လည် ပေါင်းစည်းရေး အထိ တဖြည်းဖြည်း ဆွေးနွေး သွားဖို့ ရည်ရွယ် ထားပါတယ်။” ဟုDKBA မှ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များမှာ
- နိုင်ငံရေး ဆွေးနွေးသည့် အခါ ထိရောက်မှု ရှိလာစေရန်ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ်ကြရန်။
- တမျိုးသားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးမှုကို KNU မှ ဦးဆောင်ရန်။

- မူးယစ်ဆေးဝါးပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်းသွားရန်။
- ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လတကြိမ် တွေ့ဆုံဆွေးနွေးသွားရန်။
- ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါဝင်သောလူထု ရှင်းလင်းပွဲများ ကျင်းပသွားရန်။
- ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့များနှင့် ပြည်သူများအား ထုတ်ပြန်ရန်နှင့်
- ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်းတို့ ဖြစ်ပါသည်။

ဆွေးနွေးပွဲမှ ဖွဲ့စည်း လိုက်သော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ညီညွတ်ရေး ကော်မတီဝင်များမှာ ဗိုလ်မှူး ချစ်သူ(BGF)၊ ဗိုလ်မှူးစောကြာအဲ (BGF)ဲ၊ ဒေါက်တာစောဌေးမြင့် (BGF)၊ဖိုးရင်နု (KNU/KNLA-Peace council)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့်(ဘုရားကုန်းအဖွဲ့၊ ပဒိုဖောဒို (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU)နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)၊ ဗိုလ်ချုပ် မိုရှေး(DKBA) ၊ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ဗိုလ်မှူး ကြီးစောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

တက်ရောက် ဆွေးနွေးကြသည့် ကရင် လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့မှာ၊ ဟောင်သရော အထူး ဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့၊ဘုရားကုန်းခေါ်ပဒိုအောင်ဆန်းအဖွဲ့၊ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA)၊ အစိုးရ နယ်ခြား စောင့်တပ် (BGF) အဖွဲ့မှ ဗိုလ်မှူး ချစ်သူ အဖွဲ့နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA) တို့ဖြစ်ပါသည်။

တက်ရောက်သည့် ကိုယ်စားလှယ်များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ တွဲဖက် အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ဖားအံ ခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ တပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ် ကျော်မူဟဲ၊ ပဒိုစောလေးလော်ဆော၊ တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး ဖောဒို၊ ဗိုလ်မှူး အယ်ဆဲဆဲ၊ ဗိုလ်မှူး တာမလာ၊ ဗိုလ်မှူး ဒိကွယ်၊ ဒုဗိုလ်မှူးကြီး ဘူးဖောအပါအ၀င် စုစုပေါင်း ၁၉ ဦးတို့ တက်ရောက် ခဲ့ပါသည်။

DKBA ဖက်မှ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်ပြီး တက်ရောက် ခဲ့သလို BGF မှ ဗိုလ်မှူး ချစ်သူမှ ဦးဆောင်ပြီး တက်ရောက် ခဲ့ပါသည်။ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ပဒိုဒေါဒေါ ဦးဆောင် သလို ဘုရားကုန်း အဖွဲ့မှ ပဒို အောင်ဆန်း ဦးဆောင် ခဲ့ပါသည်။ KNLA မှ ဖိုးရင်နုက ဦးဆောင် တက်ရောက်ခဲ့ သဖြင့် ဆွေးနွေးပွဲသို့ စစ်ဖက် ကိုယ်စားလှယ်ပေါင်း (၆၀) ကျော်နှင့် အရပ်ဖက် အပါဝင် စုစုပေါင်း တစ်ရာကျော် တက်ရောက် ခဲ့ပါသည်။

ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီသည် ကရင် လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း သွားကြရန် သဘောတူ ထားကြပါသည်။ ဤသို့ကြောင့် လောလောဆယ် ဖြစ်ပွားနေသော DKBA နှင့် BGF အဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခကိုလည်း ကြားဝင်ဖြေရှင်း သွားရန် ရှိပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/331-2013-05-29-04-16-13.html
ဆက်လက်ဖတ်ရှု့ရန်

ကရင်တိုင်းရင်းသား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း

Unknown | 5/31/2013 09:55:00 PM | Best Blogger Tips

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး စစ်ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဟာ တဦးတည်းသော တိုင်းရင်းသား စစ်ဦးစီးချုပ် ဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာကရင်အမျိုးသားဖြစ်တယ် ။ ဗမာပြည် ၁၉၄၈ ခုဇန္န၀ါရီလ ၄ရက် နေ့မှာလွပ်လပ်ရေးရတော့ ..
စစ်ဦးစီးချုပ်က ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၊ သူ့ရဲ့လက်ထောက်က ဗိုလ်မှူးချုပ် စောကြာဒိုး ၊ မြောက်...ပိုင်းတိုင်းမှူးက ဗိုလ်မှူးချုပ်နေ၀င်း ၊ တောင်ပိုင်း တိုင်းမှူးက ဗိုလ်မှူးချုပ် အောင်သင်း ၊ တပ်မဟာ (Brigade (1)) တပ်မှူးကြီးက ဗိုလ်မှူးချုပ် စောချစ်ခင်၊ လေတပ်အကြီးအကဲက လေတပ်ဗိုလ်မှူးကြီး စောရှီးရှိုး ၊ စစ်တပ်ရဲ့ ဘတ်ဂျက် သုံးပုံလေးပုံကို ကိုင်ရတဲ့ စစ်ထောက်ချုပ်က ဗိုလ်မှူးကြီး စောဂျော်နီ။ (Mary Callahan ၊ စာ (၁၁၉) နှင့် ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့မှတ်တမ်း (Memoirs of Four-feet Colonel, Gen Smith Dun, စာမျက်နှာ ၁၁၅) ။
ဆက်လက်ဖတ်ရှု့ရန်

RCSS ဝတ်စုံဖြင့် အစိုးရတပ်မှ သျှမ်း/မြောက်ရှိလက်နက်ကိုင်တပ်ဖွဲ့ များအားတိုက် ခိုက်နေ

Unknown | 5/31/2013 10:02:00 AM | Best Blogger Tips


Friday, 31 May 2013 သျှမ်းသံတော်ဆင့်
RCSS ဝတ်စုံဖြင့် အစိုးရတပ်မှ သျှမ်း/မြောက်ရှိလက်နက်ကိုင်တပ်ဖွဲ့ များအားတိုက် ခိုက်နေ

Friday, 31 May 2013  သျှမ်းသံတော်ဆင့်


မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ဝတ်စုံဝတ်ဆင်ကာ သျှမ်းပြည်မြောက်ပိုင်း ရှိ လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေကြောင်း ဒေသခံများ ကပြောသည်။
 

“အစိုးရစစ်ကြောင်းက လူသူလက်နက်အင်အား သုံးရာကျော်မယ်။ တချို့တဝက်က ကျနော်တို့ သျှမ်းပြည်တပ်မတော် ဝတ်စုံ အရင်က ဘက်က ကျားခေါင်းတံဆိပ်၊ အခုက ကျား ခုန်ပျံနေတဲ့ ဘက်တံဆိပ်။ နှစ်ခု စလုံး ပါတယ်။ ပြည်သူ့စစ်ပြောင်းသွား တဲ့ သျှမ်း/မြောက်တပ်မတော်ဆီ က တောင်းယူလာတယ်ထင်တယ်” - ဟု  အမှတ် ၇၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီးစွမ်မိဏ်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် မုံးဝီးအုပ်စုတွင် ယမန်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) နှင့် အခြားပူးပေါင်းတပ်ဖွဲ့တို့က မြန်မာစစ်ကြောင်းအား ပူးတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် မုံးဝီးဒေသခံအမျိုးသားတဦးကပြောသည်။

“သျှမ်းပြည်တပ်မတော်ဝတ်စုံဝတ်ထားတဲ့ စကခ ၁၆ လက်အောက်ခံ ခမရ ၃၆၇ မန်တုံကအင်အား ၃၀၀ လောက်  TNLA တအာင်းတပ်မတော်ကို တိုက်ခိုက်တာ။ သူတို့က မုံးဝီးမတိုင်ခင်အထိ ကားစီးလာ ကြတယ်။ မနေ့က ညနေပိုင်းမှာ ခြုံခို တိုက်ခိုက်ခံရတာ။ စစ်ကြောင်း ၂ ကြောင်းနဲ့တက် လာတော့ အဲဒီဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို တိုက်ဖို့ထင်တယ်” ဟု အဆိုပါ မုံးဝီးဒေသခံက ပြောပြသည်။

ဒုတိယ စစ်ကြောင်းသည်   ခလရ ၁၃၀ နှင့် ခမရ ၅၀၃ တပ်ဖွဲ့ဝင်များဖြစ် ကြပြီး  တအာင်းတပ် နှင့် ကချင်တပ်ကို ညှပ်တိုက်ဖို့ ဖြစ်နိုင် သည်ဟု ပြော သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း ကလည်း မြန်မာစစ်တပ်သည် RCSS/SSA ဝတ်စုံဝတ်ဆင်၍ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မုံးဝီး မန်တုံ တို့ဘက်တွင် ဒေသခံလူထုအား ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ပိုက်ဆံတောင်း ယူခြင်း  ရှိနေကြောင်းသျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ အစိုးရစစ်တပ် အခုလုပ်နေတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ပါ။ မရပ်ဘူးဆို ရင်တော့ ထိရောက်စွာ ပြန်လည်တုံ့ပြန်သွားမယ်။ ကျနော်တို့ နောင်မတာ ကနေခွါတာနဲ့ ကျနော့်တပ်တွေကို ကျနော်ပြောထားတယ်။ စစ်ဝတ်စုံ မဝတ်ရဘူးလို့။ အခု ကျနော်တို့ ဝတ်စုံကို မြန်မာစစ်တပ်ကဝတ်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်နေတယ်။ မိဘပြည်သူများ မြန်မာစစ်တပ် ကို မယုံမိဖို့  သတိပေးလိုက်ပါရစေ။ ကျနော်တို့တပ်ကလား အစိုးရတပ် ကလား ဆိုတာ ကြည့်ရုံနဲ့ခွဲခြားသိနိုင်ပါတယ်” ဟု ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်းက ပြောသည်။

အစိုးရ တပ်ဖွဲ့များသည် TNLA ကို အပြင်းအထန် တိုက်ခိုက် နေသဖြင့် နယ်မြေခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း ဒေ သခံများက ဆိုပါသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် KIA, TNLA, RCSS အစရှိ လက်နက်ကိုင် တိုင်းရင်း သားတပ်ဖွဲ့များ လှုပ်ရှားနေပါသည်။



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်
                           သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်

... မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ဝတ်စုံဝတ်ဆင်ကာ သျှမ်းပြည်မြောက်ပိုင်း ရှိ လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေကြောင်း ဒေသခံများ ကပြောသည်။


“အစိုးရစစ်ကြောင်းက လူသူလက်နက်အင်အား သုံးရာကျော်မယ်။ တချို့တဝက်က ကျနော်တို့ သျှမ်းပြည်တပ်မတော် ဝတ်စုံ အရင်က ဘက်က ကျားခေါင်းတံဆိပ်၊ အခုက ကျား ခုန်ပျံနေတဲ့ ဘက်တံဆိပ်။ နှစ်ခု စလုံး ပါတယ်။ ပြည်သူ့စစ်ပြောင်းသွား တဲ့ သျှမ်း/မြောက်တပ်မတော်ဆီ က တောင်းယူလာတယ်ထင်တယ်” - ဟု အမှတ် ၇၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီးစွမ်မိဏ်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် မုံးဝီးအုပ်စုတွင် ယမန်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) နှင့် အခြားပူးပေါင်းတပ်ဖွဲ့တို့က မြန်မာစစ်ကြောင်းအား ပူးတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် မုံးဝီးဒေသခံအမျိုးသားတဦးကပြောသည်။

“သျှမ်းပြည်တပ်မတော်ဝတ်စုံဝတ်ထားတဲ့ စကခ ၁၆ လက်အောက်ခံ ခမရ ၃၆၇ မန်တုံကအင်အား ၃၀၀ လောက် TNLA တအာင်းတပ်မတော်ကို တိုက်ခိုက်တာ။ သူတို့က မုံးဝီးမတိုင်ခင်အထိ ကားစီးလာ ကြတယ်။ မနေ့က ညနေပိုင်းမှာ ခြုံခို တိုက်ခိုက်ခံရတာ။ စစ်ကြောင်း ၂ ကြောင်းနဲ့တက် လာတော့ အဲဒီဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို တိုက်ဖို့ထင်တယ်” ဟု အဆိုပါ မုံးဝီးဒေသခံက ပြောပြသည်။

ဒုတိယ စစ်ကြောင်းသည် ခလရ ၁၃၀ နှင့် ခမရ ၅၀၃ တပ်ဖွဲ့ဝင်များဖြစ် ကြပြီး တအာင်းတပ် နှင့် ကချင်တပ်ကို ညှပ်တိုက်ဖို့ ဖြစ်နိုင် သည်ဟု ပြော သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း ကလည်း မြန်မာစစ်တပ်သည် RCSS/SSA ဝတ်စုံဝတ်ဆင်၍ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မုံးဝီး မန်တုံ တို့ဘက်တွင် ဒေသခံလူထုအား ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ပိုက်ဆံတောင်း ယူခြင်း ရှိနေကြောင်းသျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ အစိုးရစစ်တပ် အခုလုပ်နေတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ပါ။ မရပ်ဘူးဆို ရင်တော့ ထိရောက်စွာ ပြန်လည်တုံ့ပြန်သွားမယ်။ ကျနော်တို့ နောင်မတာ ကနေခွါတာနဲ့ ကျနော့်တပ်တွေကို ကျနော်ပြောထားတယ်။ စစ်ဝတ်စုံ မဝတ်ရဘူးလို့။ အခု ကျနော်တို့ ဝတ်စုံကို မြန်မာစစ်တပ်ကဝတ်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်နေတယ်။ မိဘပြည်သူများ မြန်မာစစ်တပ် ကို မယုံမိဖို့ သတိပေးလိုက်ပါရစေ။ ကျနော်တို့တပ်ကလား အစိုးရတပ် ကလား ဆိုတာ ကြည့်ရုံနဲ့ခွဲခြားသိနိုင်ပါတယ်” ဟု ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်းက ပြောသည်။

အစိုးရ တပ်ဖွဲ့များသည် TNLA ကို အပြင်းအထန် တိုက်ခိုက် နေသဖြင့် နယ်မြေခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း ဒေ သခံများက ဆိုပါသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် KIA, TNLA, RCSS အစရှိ လက်နက်ကိုင် တိုင်းရင်း သားတပ်ဖွဲ့များ လှုပ်ရှားနေပါသည်။



 
ဆက်လက်ဖတ်ရှု့ရန်

May 30, 2013

DKBA ကလိုထူးဘောစစ်ဌာနချုပ်မှ သဘောထား ထုတ်ပြန်ချက်

Unknown | 5/30/2013 09:30:00 PM | Best Blogger Tips
ဆက်လက်ဖတ်ရှု့ရန်

Frozen Keyboard Pro v 0.5.3 for android

Unknown | 5/30/2013 09:23:00 AM | Best Blogger Tips
Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ မေ 21 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.5.3 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.5.3 မှာတော့ ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာတွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြ
ဆက်လက်ဖတ်ရှု့ရန်

White Noise v5.0.3 နိုးစက်

Unknown | 5/30/2013 09:16:00 AM | Best Blogger Tips
တော်တော်ကိုလန်းတဲ့ APPLICATION လေးပါ
phone & tablets များအတွက်ဆင်ပြေပါတယ်
alarm သဘောမျိုးနဲ့ ဆင်တူပါတယ်
အိပ်တဲ့အချိန်ဖြစ်၂၊လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊
ခလေးငိုတဲ့အချိန်ချောဖို့ သာယာတဲ့တီးလုံးသံလေးတွေ
အမျိုးမျိုးပါပဲ၊ အသံများစွာပါဝင်ပါတယ်၊ထပ်ပြီးဒေါင်းလော့ဆွဲနိုင်ပါသေးတယ်
နောက်ခံပုံစံလေးတွေနဲ့ ထပ်တူတေးသံလေးကိုခံစားနိုင်မှာပါ
ရောစပ်ပြီးခံစားနိုင်ပါသေးတယ်ဗျာ:D
သူရဲ့လုပ်ဆောင်ချက်လေးပါ
• Helps you sleep by blocking distractions
• Relaxes and reduces stress
• Pacifies fussy and crying babies
• Increases focus while enhancing privacy
• Soothes headaches and migraines
• Masks tinnitus (ringing of the ears)
ပါဝင်သောအသံများ
ဆက်လက်ဖတ်ရှု့ရန်

Browser 4 MM v1.2 Apk 1.6MB Direct Download

Unknown | 5/30/2013 09:13:00 AM | Best Blogger Tips

 

Browser 4 MM အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် မေလ 30 ရက်နေ့ အပ်ဒိတ်လေးတင်ပေးလိုက်ပါတယ်
Android Phone & Tablet များအတွက် မြန်မာလို မရှိလဲ ၀က်ဆိုက် နဲ့ တခြားသော အင်တာနက်စာမျက်နှာများ မြန်မာလိုဖတ်နိုင်တဲ့ Android App လေးများပါ။
‌​ဇော်‌ဂျီ‌​ရော ယူနီကုဒ်‌‌​ရော နှစ်မျိုးစလုံးဖတ်ရတယ်ဆိုတော့ အဆင်ပြေတာပေါ့ ခင်ဗျာ
First Myanmar Android Applications က ထုတ်တာပါ။ မြန်မာလူမျိုးထဲ အခုလို IT App များ ရေးသားနိုင်တာ အရမ်းကို ဂုဏ်ယူစရာကောင်းသလို အားပေးလဲ အားပေးသင့်ပါတယ်။
https://play.google.com/store/apps/details?id=com.browser4mm&hl=en
ထဲမှာလည်းရယူုနိုင်သလို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>dropbox (or)Direct Download

 
ဆက်လက်ဖတ်ရှု့ရန်

May 29, 2013

Mandalay Browser – Free v1.1 for Android

Unknown | 5/29/2013 09:21:00 PM | | Best Blogger Tips



Android 4.0 နှင့်အထက်ဖုန်းတွေမှာ အင်တာနက် website တွေကြည့်ရင် ၊ facebook သုံးတဲ့အခါ မြန်မာစာမမှန်တဲ့ပြဿနာရှိပါတယ်။ အဲဒီမြန်မာစာမမှန်တဲ့ ပြဿနာတွေကိုဖြေရှင်းပေးမယ့် မြန်မာ Browser လေးတစ်ခုဖြစ်တဲ့ Mandalay Browser for Android နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Mandalay Browser for Android ကို Android version 4.0 နှင့်အထက်ရှိတဲ့ ဖုန်း/Tablet အားလုံးမှာအသုံးပြုနိင်ပြီး ယင်း browser လေးနဲ့ မြန်မာ website များကိုကြည့်တဲ့အခါ ၊ facebook သုံးတဲ့အခါ မြန်မာစာတွေကိုမှန်ကန်စွာဖော်ပြပေးနိုင်တာကိုတွေ့ရပါတယ်။ Mandalay Browser လေးကိုသုံးဖို့အတွက် ဖုန်းကို မြန်မာဖောင့်ထည့်ထားစရာ ၊ root လုပ်ထားစရာမလိုဘဲ ဖုန်းအားလုံးမှာအသုံးပြုနိင်မှာဖြစ်ပါတယ်။ Mandalay Browser ဟာ ဇော်ဂျီဖောင့်ရော ၊ Unicode font ကိုပါ support လုပ်တဲ့ browser တစ်ခုဖြစ်ပါတယ်။ မြန်မာတို့အတွက်အဆင်ပြေစေမယ့် Browser လေးတစ်ခုပါ။ Mandalay Browser ကိုရေးသားတဲ့ Developer ကတော့ InnoCube ဖြစ်ပါတယ်။ Mandalay Browser v1.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

IDM မလိုဘဲ Youtube က Video တွေ အလွယ်ဒေါင်းနည်း

Unknown | 5/29/2013 09:11:00 PM | Best Blogger Tips

 

Youtube က နေ ဗီဒီယိုတွေကို အလွယ်ဒေါင်းချင်လို့ပါ IDM မသုံးဘဲဒေါင်းရနည်းလေး
ပြောပေးပါဆိုလို့ ကျွန်တော်လည်း အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခု 
တင်ပေးလိုက်တယ် ထွေထွေထူးထူးမဟုတ်ပါဘူး firefox addon တစ်ခုသုံးပြီး
ဒေါင်းတာပါ မခဲယဉ်းပါ ကဲစလိုက်ကြစို့ဘော်ဒါတို့ရေ

အရင်ဆုံး ဒီလင့်လေးကို သွားလိုက်ပါ
ဒါဆိုရင် အောက်ပုံလေးအတိုင်း ပေါ်လာရင် Add to Firefox ဆိုတာကိုနှိပ်လိုက်ပါ
ဆက်လက်ဖတ်ရှု့ရန်

Android ဖုန်းအတွက် မခေါ်စေချင်တဲ့ ဖုန်းတွေ SMS တွေ ပိတ်နည်း

Unknown | 5/29/2013 09:00:00 PM | | Best Blogger Tips

 

                                 

                                                                 Download -      Call Blocker
ဆက်လက်ဖတ်ရှု့ရန်

FACEBOOK ကနေ FREE CALL ခေါ်ဆိုပေးနိုင်တဲ့ SAYTYA FREE CALLER (ANDROID , IOS , WINDOW )

Unknown | 5/29/2013 08:51:00 PM | | Best Blogger Tips

 
23

Facebook အသုံးပြုသူတွေအနေနဲ့ Facebook ပေါ်ကနေပြီး Free Call ခေါ်ဆိုပေးနိုင်တဲ့ Application လေး
တစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Facebook Account တစ်ခုရှိထားရုံနဲ့ အခုတင်ပေးလိုက်တဲ့ Application
လေးကို အသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Viber လိုမျိုး Code စောင့်စရာမလိုပါဘူး Install လုပ်
ပြီးအသုံးပြုရုံပါဘဲ။ Viber ထက်ပိုကောင်းတဲ့အချက်ကတော့ Phone To Phone , Phone To PC , PC to PC
ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Device အားလုံးမှာအသုံးပြုနိုင်အောင် Android OS , IOS , Window OS ,
MAC OS အတွက် ခွဲပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Free Call တစ်ခုတည်း မဟုတ်ပါဘူး Free Chatting
ပါလုပ်နိုင်ပါတယ်ဗျာ။

                                                         Download Now
 
ဆက်လက်ဖတ်ရှု့ရန်

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေသူများအတွက် Theme With Myanmar Fonts ( Root မလို )

Unknown | 5/29/2013 10:13:00 AM | Best Blogger Tips

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေကြပါဘူး.. ကျွန်တော်တို့ မြန်မာတွေကလည်း Root ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာ ဖောင့် သုံးဖို့ အဓိကဖြစ်နေတယ်မဟုတ်လား.. ဒီတော့ Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်သုံးလို့ရတဲ့ Theme With Myanmar Fonts ကိုတင်ပေးလိုက်ပါတယ်.. ဒီ Themes ကို IT Ghost ဆီမှာ တွေ့ထားတာ တော်တော်ကြာပါပြီ.. တင်ဖို့ မလိုလောက်ဘူးထင်လို့ မတင်ဖြစ်တာပါ.. မိတ်ဆွေ တစ်ယောက်က  အီးမေးပို့လာပါတယ်..
ဆက်လက်ဖတ်ရှု့ရန်

May 28, 2013

မြန်မာနိုင်ငံအတွင်း 4G ကွန်ယက်အား နိုဝင်ဘာလတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများမှ ပြောကြား

Unknown | 5/28/2013 10:23:00 PM | Best Blogger Tips
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာ လျှောက်ထားမှုတွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့်
မြန်မာနိုင်ငံအတွင်း 4G ကွန်ယက်အား နိုဝင်ဘာလတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများမှ ပြောကြား
-------------------------------------------------------
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာ လျှောက်ထားမှုတွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Sumitomo Corporation နှင့် NEC Coporation တို့မှ NTT Communications Coporation နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း အရေးပေါ် ဆက်သွယ်ရေးကွန်ယက် တည်ဆောက်မှုအတွက်........

Read More => http://www.myanmarmobileapp.com/2013/05/28/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-g4-%E1%80%80%E1%80%BC/

Ref:Smart Pro Journal
Sumitomo Corporation နှင့် NEC Coporation တို့မှ NTT Communications Coporation နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း အရေးပေါ် ဆက်သွယ်ရေးကွန်ယက် တည်ဆောက်မှုအတွက် မြန်မာ့ သတင်းအချက်အလက်၊ ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း Sumitomo ကုမ္ပဏီမှ သတင်းထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ သဘောတူညီနိုင်ခဲ့မှုမှာ ဧပြီ ၂၀၁၂ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင် အကူအညီပေးရေး ပေါ်လစီ (Official Development Assistance) ODA ၏ ပထမဆုံး စီမံကိန်းဖြစ်သည်။ သတင်းထုတ်ပြန်ချက်များအရ ယခု စီမံကိန်းမှာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပြောင်းလဲလာသော နေထိုင်မှုဘဝ ပုံစံများအတွက်လည်း ရှေးရှုထားကြောင်း သိရသည်။
ဆက်လက်ဖတ်ရှု့ရန်

May 27, 2013

ကိုးန၀င်း (9NaWim) v1.1.2 for Android

Unknown | 5/27/2013 10:17:00 PM | Best Blogger Tips



ိုကိုးနဝင်းအဓိဌာန်ပုတီးစိတ်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ကိုးန၀င်း (9NaWim) လို့ခေါ်တဲ့ Android ဖုန်း application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကိုးန၀င်းပုတီးစိပ်နည်းနဲ့ပတ်သက်ပြီး မိမိ ဘယ်နေ့မှာ ဘာဂုဏ်တော်ကိုစိပ်ရမယ်ဆိုတာကို ဒီဆော့ဝဲလေးကညွှန်ကြားပေးမှာဖြစ်ပါတယ်။ ကိုးန၀င်းပုတီးစိပ်လက်စ သူတွေအတွက်လည်း ရောက်လက်စ အဆင့် နဲ့ နေ့ကို ဆော့ဝဲထဲမှာထည့်လိုက်တာနဲ့ဘာဆက်စိပ်ရမယ်ဆိုတာကို ဆော့ဝဲက ပြောပြပေးပါလိမ့်မယ်။ ကိုးန၀င်း Android application လေးကိုရေးသားသူကတော့ Developer ကိုပြည့်ဖြိုးရှိန် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် Android ဖုန်းပိုင်ရှင်တွေအတွက် ရှိထားသင့်တဲ့ မြန်မာ application လေးတစ်ခုပါ။ ကိုးန၀င်း (9NaWim) v1.1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Here:


Mirror link:
ကိုးန၀င်း (9NaWim) v1.1.2 for Android (Link 1)
ကိုးန၀င်း (9NaWim) v1.1.2 for Android (Link 2)


ဆက်လက်ဖတ်ရှု့ရန်

ဖုန်းနံပါတ်ဖြောင့်၍ ဖုန်းခေါ်နည်း (for andriod phone)

Unknown | 5/27/2013 08:57:00 PM | Best Blogger Tips



ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
ဆက်လက်ဖတ်ရှု့ရန်
Unknown | 5/27/2013 08:46:00 PM | Best Blogger Tips
KNLA စစ်ဦးစီးချုပ် ငြိမ်းချမ်းရေးကောင် စီနှင့် သွားရောက်တွေ့ဆုံ။DSC_0103
KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဂျော်နီ။




ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီနှင့် အဖွဲ့သည် KNU/KNLA ငြိမ်းချမ်းရေးကောင် စီနှင့် သွားရောက်တွေ့ဆုံ ရန် ကော့ကရိတ် မြို့နယ်၊ ထို့ကော်ကိုးဒေသသို့ မေလ ၂၇ရက်နေ့မနက်က ထွက်ခွာသွားပြီဖြစ်သည်။
ထိုခရီးစဉ်နှင့် ပတ်သက်၍ KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ခွဲထွက် ကရင်အစုအဖွဲ့တွေ တစည်းတလုံး တည်းရှိဖို့ အပြန်အလှန် စည်းလုံးမှု တည်ဆောက်နိုင်ဖို့ သွားရောက်ဆွေးနွေးတာ ဖြစ်တယ်။ KNU ကနေ ခွဲထွက်သွားတဲ့ အဖွဲ့ တွေ တစ်စုမက ရှိပေမဲ့ အမျိုးသား ပြန်လည်ညီညွှတ်ရေးအတွက် တဖွဲ့ချင်းအလိုက်ကော၊ စုပေါင်းပြီးတော့ပါ တဆင့်ချင်း လုပ် သွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလိုသွားရောက်ရာတွင် စစ်ဦးစီးချုပ်နှင့်အတူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစော ရွှေမောင်း၊ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ကျော်မူဟဲ၊ ပဒိုစောလေးလော်ဆော၊ တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီးဖောဒို၊ ဗိုလ်မှူး အယ်ဆဲဆဲ၊ ဗိုလ်မှူးတာမလာ၊ ဗိုလ်မှူးဒိကွယ်၊ ဒုဗိုလ်မှူးကြီးဘူးဖော အပါအ၀င် စုစုပေါင်း ၁၉ဦး၊ ကားခြောက်စီးဖြင့် မြ၀တီနယ် စပ်မှ ထွက်ခွာသွားသည်ဟု သိရသည်။
သို့သော် ၎င်းတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ရက်တာ ကြာမြင့်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စများကိုပါ ပြောဆိုမည်ဟု ကေအိုင်စီမှ အကြမ်း ဖျင်း သိရှိထားသော်လည်း အသေးစိတ် ဆွေးနွေးသွားမည့် အကြောင်းအရာများကိုမူ ဆွေးနွေးပြီးမှသာ ပြောဆိုနိုင်မည်ဖြစ် ကြောင်း KNU ဘက်က ပြောဆိုသည်။
ဆက်လက်ဖတ်ရှု့ရန်

Samsung Galaxy S4 ၏ အကောင်းဆုံးနှင့် အထူးခြားဆုံး စွမ်းရည်များ

Unknown | 5/27/2013 09:21:00 AM | Best Blogger Tips
 
Samsung Galaxy S4 ၏ အကောင်းဆုံးနှင့် အထူးခြားဆုံး စွမ်းရည်များ 

အသစ် ထွက်ရှိလာတဲ့ Samsung Galaxy S4 ဆိုတာ Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ တောင်ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း HTC One နဲ့ ပခုံးခြင်းယှဉ်ပြီး နံပါတ် ၁ နေရာကို လုနေတာပါ။ 

မူရင်း Android OS ကို ပြုပြင်ထားတဲ့ Samsung ရဲ့ User Interface (UI) နဲ့ ထည့်သွင်းပေးထားတဲ့ Samsung မူပိုင် app တွေအပြင် ဒီ Galaxy S4 ဟာ လွန်စွာထူးခြား ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ထိတွေ့မှုဖြင့် ထိန်းချုပ် လုပ်ဆောင်ချက် (gestures) ၊ လှုပ်ရှားမှုဖြင့် ထိန်းချုပ် လုပ်ဆောင်ချက် (motion control) နှင့် အသံဖြင့် ထိန်းချုပ် လုပ်ဆောင်ချက် (voice command) စသည်တို့ ထည့်သွင်းပေးထားပါတယ်။ 

Samsung အနေနဲ့ အထက်ပါ ထိန်းချုပ်လုပ်ဆောင်နည်း ၃ ခုကို ဖန်တီးထားမှုအပိုင်းမှာ Apple ကော HTC ကိုပါ အဝေးမှာ ချန်ထားနိုင်ခဲ့ပြီ လို့တောင်ဆိုရမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ အလွယ်တကူ သိရှိနိုင်အောင်လည်း အသေးစိတ် ရှင်းပြမှုတွေကို လုပ်ဆောင်ချက်တိုင်းအတွက် ထည့်သွင်းပေးထားပါတယ်။ 

သို့သော်လည်း အချို့သော စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက အသေအချာ ရှာဖွေမှသာ တွေ့ရှိနိုင်မှာဖြစ်ပြီး နည်းပညာပိုင်း အတန်အသင့် ကျွမ်းကျင်ဖို့လည်း လိုပါလိမ့်မယ်။ အခု ဆက်လက်ဖော်ပြ သွားမှာကတော့ Galaxy S4 ရဲ့ အထူးခြားဆုံးနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်များနဲ့ လုပ်ဆောင်ချက်များကို စားသုံးသူတို့ အလွယ်တကူ သိရှိ အသုံးပြုနိုင်မယ့် နည်းများပဲ ဖြစ်ပါတယ်။ 


ထိတွေ့မှု ၊ လှုပ်ရှားမှု နှင့် အသံဖြင့် ထိန်းချုပ် လုပ်ဆောင်ချက်များ 

Air Gesture : ထိတွေ့မှုသုံး မျက်နှာပြင်ပါတဲ့ စမတ်ဖုန်းကို ထိတွေ့စရာ မလိုပဲ ဝှေ့ယမ်းလှုပ်ရှားမှုနဲ့ ထိန်ချုပ်လို့ ရတယ်ဆိုတော့ စဉ်းစားစရာပါ။ “What good is your touchscreen phone when you don’t need to touch it anymore.” လို့တောင် နောက်ပြောင်နေကြပါတယ်။ 

သင့်အနေနဲ့လည်း အထက်ပါ ပုဂ္ဂိုလ်များထဲက တစ်ယောက်ဖြစ်ပြီး ဒီ ဝှေ့ယမ်းလှုပ်ရှားမှုဖြင့် ထိန်းချုပ်လုပ်ဆောင်ချက်အား ကျော်သွားမယ် ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ အစပိုင်းမှာ နည်းနည်းရှုပ်ထွေးတယ်လို့ ခံစားရနိုင်ပေမယ့် ဖုန်းကိုင်ဖို့တို့ စပီကာဖွင့်တာတို့ အီးမေးလ်ကြည့်တာတို့ကို လက်လေးဝှေ့ယမ်းလိုက်တာနဲ့ လုပ်ဆောင်နိုင်တယ်ဆိုတာ လွန်စွာမှကို လန်း တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဓာတ်ပုံများကို ကြည့်ရှုရာမှာလည်း လက်ဖြင့် ဝှေ့ယမ်းကာ နောက်တစ်ပုံသို့ ပြောင်းနိုင်မှာ ဖြစ်ပါတယ်။  

Motion Control : လှုပ်ရှားမှုသုံး လုပ်ဆောင်ချက် နောက်တစ်ခုကတော့ Motion Control ဖြစ်ပြီး Galaxy S4 ကို ဘယ်လိုကိုင်တွယ် လှုပ်ရှားလဲပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖုန်းအသံပိတ်ဖြင့် ဖုန်းကို မှောက်လိုက်ရုံနဲ့ရသလို မိမိဖုန်းခေါ်လိုသူ၏ ဖုန်းနံပါတ်အား Contact ထဲ၌ ရှာဖွေပြီး ဖုန်းအား နားသို့ ကပ်လိုက်ပါက အလိုအလျောက် ဖုန်းခေါ်ပေးခြင်း စသည်တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

S Voice Drive : Apple ရဲ့ Siri ရဲ့ မဟာပြိုင်ဖက် တစ်ဖြစ်လဲ Samsung ရဲ့ ဒီဂျစ်တယ် ကိုယ်ရေးအရာရှိပဲ ဖြစ်ပါတယ်။  


Smart Settings (သို့) အလိုရှိရာ setting များအား ကြိုတင် သတ်မှတ်ထားခြင်း

Wi-Fi Smart Mode : ဖုန်းကွန်ယက်ကနေ့ Wi-Fi ကို အလိုအလျေက် ပြောင်းလဲချိတ်ဆက်ပြီး Wi-Fi ပေါ်ကနေ ဖုန်းခေါ်နိုင်အောင် ပြုလုပ်ပေးမယ့် လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ 

Smart Screen : Galaxy S3 မှာ ပါဝင်လာတဲ့ Smart Stay (သို့) ဖုန်းအသုံးပြုသူ၏ အမူအရာအား သိရှိနားလည်မှုဆိုတဲ့ လုပ်ဆောင်ချက်ကို လူတွေ အတော်လေးကို နှစ်သက်ခဲ့ပါတယ်။ သင်ဖုန်းကို ကြည့်နေသ၍ ဖုန်းပိတ်မသွားခြင်းဟာ Smart Stay ရဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။ 

ယခု S4 မှာတော့ တစ်ဆင့်မြင့်ပြီး အသုံးပြုသူရဲ့ မျက်လုံး၏ အမူအရာအပေါ်မူတည်ပြီး စာဖတ်ရာတွင် စာမျက်နှာ အပေါ်၊ အောက် အတက်အဆင်း ပြုလုပ်ခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် ဖုန်းမျက်နှာပြင် အနေအထားကိုလည်း portrait မှ landscape သို့ ပြောင်းလဲမှုအား ရပ်တန့်ပေးနိုင်မှာ ဖြစ်ပါတယ်။ 


Android OS အား အဆင့်မြှင့်တင် ထားမှုများ 

Android OS ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားတဲ့ Custom UI မှာတော့ Notification Panel နှင့် Keyboard တို့မှာ လုပ်ဆောင်ချက် အသစ်အချို့ ထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် Keyboard မှာ ပါဝင်တဲ့ Swiftkey ကို အဆင့်မြှင့်ထားပါတယ်။ 

နောက်ထပ် ထူးခြားတဲ့ အချက်တစ်ခုကတော့ Multiwindow ပဲ ဖြစ်ပါတယ်။ ၅ လက်မ နီးပါးရှိပြီး အရွယ်အစား ကြီးမားတဲ့ Galaxy S4 ရဲ့ မျက်နှာပြင်ကို ၂ ခြမ်းစိတ်ပြီး အလုပ် ၂ မျိုး တစ်ပြိုင်နက် လုပ်နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလုပ်ဆောင်ချက်ကို app အများအပြားမှာ မလုပ်ဆောင်နိုင် သေးပါဘူး။ 


Samsung ၏ မူပိုင် App များ 

Optical Reader : အမြင်အာရုံဖြင့် ဖတ်ရှုမှု နည်းပညာလို့ တိုက်ရိုက်ဘာသာ ပြန်လိုက်ရင် ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီ Optical Reader ခေါ် ဖုန်းကင်မရာကနေတဆင့် စာလုံးများကို scan လုပ်ပြီး text အဖြစ် ပြောင်းလဲပေးနိုင်တာက လွန်စွာထူးခြားပါတယ်။ ဖတ်ရှုနေတဲ့ စာလုံးတွေကိုလည်း အင်္ဂလိပ်ဘာသာ အပါအဝင် အခြာဘာသာစကား တစ်ဒါဇင်လောက်ကို အချိန်နဲ့ တပြေးညီ ဘာသာပြန်ပေး နိုင်ပါသေးတယ်။  

ဒါအပြင့် barcode တွေကိုလည်း ဖတ်ရှုနိုင်စွမ်း ရှိတာကြောင့် သင့်အနေနဲ့ app တစ်ခုသီးသန့် download လုပ်စရာ မလိုတော့ပါဘူး။ 

S Translator : သင့်အနေနဲ့ ဘာသာစကားသစ် သင်နေတယ်။ ဒါမမဟုတ် ခရီးသွားနေတယ် ဆိုရင်တော့ ဒီ S Translator ဟာ လွန်စွာမှကို အသုံးဝင်မယ့် app တစ်ခုပဲ ဖြစ်ပါတယ်။ Samsung အနေနဲ့ S Translator ကို ဖန်တီးရာမှာ အင်အား အတော်လေးကို စိုက်ထုတ်ထားလို့ ဒီ app ရဲ့ စွမ်းဆောင်ရည်ကလည်း သင့်ကို အံအားသင့်စေမှာ ဖြစ်ပါတယ်။ 

S Translator ကို Android app အတော်များများနဲ့ ပူးပေါင်း အသုံးပြုနိုင်ပြီး အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ခြင်းအား အသံ (သို့) စာသားဖြင့် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။


 အသစ် ထွက်ရှိလာတဲ့ Samsung Galaxy S4 ဆိုတာ Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ တောင်ဆိုနို...င်ပါတယ်။ လက်ရှိအချိန်မှာလည်း HTC One နဲ့ ပခုံးခြင်းယှဉ်ပြီး နံပါတ် ၁ နေရာကို လုနေတာပါ။
ဆက်လက်ဖတ်ရှု့ရန်

May 26, 2013

MMTech (မြန်မာနည်းပညာ) v-1 {Android}

Unknown | 5/26/2013 10:01:00 PM | Best Blogger Tips
 

 

ဒီ app လေးကို ဖန်တီးရခြင်းရည်ရွယ်ချက်ကတော့ မြန်မာနည်းပညာဆိုဒ်တွေ

အများကြီး ရှိတဲ့အထဲကမှ update ဖြစ်သော ဆိုဒ်များကို စုစည်းဖော်ပြထားပြီး

တင်သမျှ ပို့စ်များ ကို အင်တာနက်ဖွင့်ထားရုံဖြင့် အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်မည်

ဖြစ်ပါသည်။ Feed များကို Download လုပ်ပြီးပါက Offline လည်း ဖတ်ရှုနိုင်ပါမည်။

အဓိကကတော့ မိုဘိုင်းဖုန်းကနေ အင်တာနက်အသုံးပြုရတာ မလွယ်ကူတဲ့ကြားက

ဝက်ဆိုဒ်အများကြီးကို လျှောက်ဖွင့်နေစရာမလိုဘဲ ဒီ app လေးတစ်ခုနဲ့

တင်သမျှပို့စ် အားလုံး သိစေဖို့ပါ။

အခုဒီ Version-1 မှာ ၀က်ဆိုဒ် (၁၆)ခု ပါဝင်ပါတယ်


ပါဝင်သော ၀က်ဆိုဒ်များကတော့ (Version-1)
ဆော့ဝဲမြို့တော်
ဝင်းကမ္ဘာကျော်
MMITHELPER
ဘလော့ခရီးသည်
ပြည်ဘလော်ဂါ
ကိုချင်းလေး
ညီနေမင်း
လွင်မင်းဗိုလ်
အိုင်တီမုဆိုး
ကိုလတ်(ကျွဲဆင်း)
အမျိုးကောင်းသား
အာကာဖြိုး
Techspace
မောင်(စွယ်စုံကျမ်း)

Developed by

အောင်ကျော်ခိုင်(ပုသိမ်)


APP Screenshots



ကြိုက်သလို Share လုပ် နိုင်ပါသည် ဒါပေမယ့် မူရင်းလင့်လေးအား Credit: ပေးပါခင်ဗျာ
ဆက်လက်ဖတ်ရှု့ရန်

Galaxy S4 Theme v-2.2

Unknown | 5/26/2013 09:53:00 PM | Best Blogger Tips

 


S4 Theme လေးနော် HD ဆိုတော့ Tablet တွေ အတွက်လည်း အဆင်ပြေတယ်
ဒါပေမယ့် ဖိုင်ဆိုဒ်တော့များတယ် Android version 1.6 နှင့် အထက်
ဖုန်းအားလုံး အဆင်ပြေပါတယ်တဲ့ 18 May 2013 က ထုတ်ထားတဲ့ version-2.2
ပါ အောက်ကပုံလေးတွေ ကြည့် ကြိုက်ရင်ဒေါင်း...ဒါပြဲ....ေိေိ

Screenshots :
 
 
 
 


Download : 33Mb APK
ဆက်လက်ဖတ်ရှု့ရန်

WCDMA only ပြောင်းမရတဲ့ ဖုန်းတွေအတွက် ပြောင်းရတဲ့ APK

Unknown | 5/26/2013 09:49:00 PM | Best Blogger Tips

 

 

တော်တော်များများမေးတဲ့ အကြောင်းလေးကို အခုတော့ တင်လိုက်တော့မယ်
ကျွန်တော်တို့ GSM ဖုန်းတွေမှာ အင်တာနက်သုံးရင် လိုင်းနှစ်မျိုးရှိပါတယ်
2G(GSM only) and 3G(မြန်မာပြည်က 3G မစစ်တဲ့ WCDMA only) ဆိုပြီးတော့
ဒါပေမယ့် WCDMA only ဆိုတဲ့ လိုင်းကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာသာ
သုံးနိုင်ပြီး လိုင်းက 2G ထက်ပိုကောင်းပါတယ် 
အဲဒါကို အချို့ဖုန်းတွေမှာ 2G only ဆိုတာပဲ ပါတယ်
3G only or WCDMA only ဆိုတာ မပေါ်ပါဘူး အဲတော့ 3G လိုင်းရတဲ့
နေရာတွေမှာ 2G က Auto ပြောင်းသွားတဲ့အခါမျိုးတွေမှာ ကိုယ်တိုင်
Manual ပြောင်းနိုင်တဲ့ ဆော့ဝဲလေးတစ်ခုပါ Network ဆိုတဲ့ ဆော့ဝဲလေးပါ
ပုံမှာပြထားတဲ့အတိုင်း WCDMA only လား GSM only လား
ကြိုက်သလိုပြောင်းနိုင်ပါသည် ဖိုင်ဆိုဒ်ကလည်း KB သာရှိတဲ့အတွက်
လူတိုင်းဒေါင်းနိုင်မှာပါ


or

ဆက်လက်ဖတ်ရှု့ရန်

Android Application ကို မြန်မာမှုပြုရအောင်

Unknown | 5/26/2013 09:46:00 PM | Best Blogger Tips

 

English ဘာသာနဲ့ရေးထားတဲ့ Application ကို ဗမာစာပြောင်းချင်သူများအတွက် ဗမာစာပြောင်းလဲနည်းကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်တာတွေကတော့…..

APK Multi-Tool (Official APK MULTI-TOOL နဲ့ Frameworks ကို download ပြုလုပ်ရပါမယ်)
Notepad++ (စာသားတွေကို ၀င်ပြင်တဲ့အခါမှာ Notepad++ ကိုအသုံးပြုရမှာပါ)
Java (စာဖတ်သူစက်ထဲမှာ Java မရှိသေးဘူးဆိုရင်တော့ Java ကိုပါ download ပြုလုပ်ရမှာပါ)
ဆက်လက်ဖတ်ရှု့ရန်

May 23, 2013

Facebook အကောင့် ဖွင့်မရခြင်း အကြောင်း/Block ခံရခြင်း အကြောင်း

Unknown | 5/23/2013 10:02:00 AM | Best Blogger Tips



Facebook အကောင့် ဖွင့်မရခြင်း အကြောင်း/Block ခံရခြင်း အကြောင်း

- Friend အသားကုန် Add ခြင်း

ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း ကျနော် မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း

ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

- Group အများအပြား ဝင်ခြင်း

user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နောတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ ကျနော်တို့တော့ အဆင်ပြေနေတာပဲ။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ ဒါကျ ကိုယ်တိုင် မကြုံဖူးတော့ မသိဘူး။

- နေရာ ပြောင်းသုံးလွန်းခြင်း

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း

ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း

Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း

ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။

- အသက် ၁၈ နှစ်မပြည့်သေးရင်

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- App ဇွတ်သုံးခြင်း

သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့်လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။

- အခြားအကြောင်းအရာများ


အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။

အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/05/facebook-block.html

အေးချမ်းမွန် Credit & Copy From > TechSpace Journal < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်


- Friend အသားကုန် Add ခြင်း

ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း ကျနော် မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။
...
- Message ဇွတ်ပို့ခြင်း

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

May 22, 2013

Galaxy Note 3 မစောင့်နိုင်သူများအတွက် ဈေးသက်သာ Orient N3

Unknown | 5/22/2013 09:53:00 AM | Best Blogger Tips

ဈေးသက်သာတာမှ တော်တော်လေးကို သက်သာပါတယ်။ ထွက်လာမယ့် Samsung Galaxy Note 3 က ၆ သိန်း၊ ၇ သိန်း မက ရှိကောင်းရှိမယ်။ ပုံမှာ ပြထားတဲ့ Orient N3 ကတော့ မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်ထဲပါ။

မူရင်းရောင်းဈေးက ၂၂၉.၆၈ ဒေါ်လာပါ။ ဒေါ်လာ ၁၆၀ ဈေးချထားခြင်း ဖြစ် ပါတယ်။ Orient Deal အမည်ရ တရုတ် စမတ်ဖုန်း ကုမ္မဏီက ထုတ်လုပ် တာပါ။ တရုတ်ဖြစ်ဆိုပေမယ့် Huawei, ZTE ...တို့လို့ World Class ဝင်မယ့် အမျိုးအစား ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

May 19, 2013

စက္ကန့် ၂၀ နဲ့ အားပြည့်မယ့် Battery ကဲ့သို့သောစွမ်းအင်သိုလှောင်ပစ္စည်း

Unknown | 5/19/2013 09:50:00 PM | Best Blogger Tips
စက္ကန့် ၂၀ နဲ့ အားပြည့်မယ့် Battery ကဲ့သို့သောစွမ်းအင်သိုလှောင်ပစ္စည်း
********************************************

ကျွန်တော်တို့ဆဲလ်ဖုန်းတွေကိုအားဖြည့်ဖို့ အတွက်အချိန် နာရီပေါင်းမှားစွာအသုံးပြုနေစရာမလိုတော့ပါဘူး ။

Eesha Khare လို့အမည်ရတဲ့ ၁၈ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်က ဒီလ ၁၂ ရက်ကနေ ၁၇ နေ့ထိ @[22707976849:274:Intel] က ကျင်းပခဲ့တဲ့ international science and engineering fair 2013 မှာ ၂၀စက္ကန့် ကနေ ၃၀စက္ကန့် အတွင်းအားအပြည့် ပြည့်စေမယ့် စွမ်းအင်သိုလှောင်ပစ္စည်း တစ်မျိုးကိုတီထွင်ပြသခဲ့ပါတယ်။

အဲဒီ ပစ္စည်းကို  Supercapacito လို့နာမည်ပေးထားပါတယ်။ သူမဟာ နာနိုဓါတုဗေဒ ကိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ဆဲလ်ဖုန်းဘက်ထရီ ခဏခဏကုန်နေတာကို မခံစားနိုင်တော့လို့ အခုလိုတီထွင်ခဲ့ရခြင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

အဲဒီပစ္စည်းကို လက်ကိုင်ဖုန်းများနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေမှာတပ်ဆင်အသုံးပြုသွားမှာဖြစ်ပြီး အဲဒီမူပိုင်ခွင့်ကိုဝယ်ယူချင်နေသူ ကုမ္ပဏီကြီးတွေကလည်းအများအပြားရှိနေပါတယ်။ဒါပေမယ့် Eesha Khare ကတော့ သူ့ရဲ့တီထွင်မှုကိုရောင်း/မရောင်းနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောသေးပါဘူး။

Khare ဟာအဲဒီတီထွင်မှုနဲ့ Intel ရဲ့ Foundation Young Scientist Award ကိုဆွတ်ခူးခဲ့ပါတယ်။

ref : @[155869377766434:274:NBC News]

------------------------------------------------------------------------
င်္For more interesting fact ► @[310546462409467:274:Knowledge Myanmar]


ကျွန်တော်တို့ဆဲလ်ဖုန်းတွေကိုအားဖြည့်ဖို့ အတွက...်အချိန် နာရီပေါင်းမှားစွာအသုံးပြုနေစရာမလိုတော့ပါဘူး ။

Eesha Khare လို့အမည်ရတဲ့ ၁၈ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်က ဒီလ ၁၂ ရက်ကနေ ၁၇ နေ့ထိ Intel က ကျင်းပခဲ့တဲ့ international science and engineering fair 2013 မှာ ၂၀စက္ကန့် ကနေ ၃၀စက္ကန့် အတွင်းအားအပြည့် ပြည့်စေမယ့် စွမ်းအင်သိုလှောင်ပစ္စည်း တစ်မျိုးကိုတီထွင်ပြသခဲ့ပါတယ်။

အဲဒီ ပစ္စည်းကို Supercapacito လို့နာမည်ပေးထားပါတယ်။ သူမဟာ နာနိုဓါတုဗေဒ ကိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ဆဲလ်ဖုန်းဘက်ထရီ ခဏခဏကုန်နေတာကို မခံစားနိုင်တော့လို့ အခုလိုတီထွင်ခဲ့ရခြင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

အဲဒီပစ္စည်းကို လက်ကိုင်ဖုန်းများနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေမှာတပ်ဆင်အသုံးပြုသွားမှာဖြစ်ပြီး အဲဒီမူပိုင်ခွင့်ကိုဝယ်ယူချင်နေသူ ကုမ္ပဏီကြီးတွေကလည်းအများအပြားရှိနေပါတယ်။ဒါပေမယ့် Eesha Khare ကတော့ သူ့ရဲ့တီထွင်မှုကိုရောင်း/မရောင်းနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောသေးပါဘူး။

Khare ဟာအဲဒီတီထွင်မှုနဲ့ Intel ရဲ့ Foundation Young Scientist Award ကိုဆွတ်ခူးခဲ့ပါတယ်။

ref : NBC News
ဆက်လက်ဖတ်ရှု့ရန်

မိမိ Laptop ကနေ အလွယ်တကူ Wifi ပြန်လွှင့်မယ်

Unknown | 5/19/2013 09:13:00 AM | Best Blogger Tips

 

ဒီနေ့ နည်းလေးကတော့ အင်မတန်မိုက်တယ်လို့ပါ ဆိုရတော့မှာပေါ့
ဒါပေမယ့် စက်တိုင်းတော့ မရဘူးဗျ မရဘူးဆိုတာက ဒီလိုပါ hotspot ပြန်လွှင့်ဖို့
မရတဲ့ စက်တွေဆိုရင်တော့ လုပ်မရနိုင်ပါဘူး 
အဲဒါဘယ်လိုသိနိုင်မလဲဆိုတော့ Windows+R နဲ့ တွဲနှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ပါ
ဒါဆို Command Prompt လေးကျလာပါမယ်
အဲဒီမှာ netsh wlan show drivers ကို ရိုက်ထည့်လိုက်ပါ ပြိးရင် Enter နှိပ်
အောက်ကပုံလေးအတိုင်းဖြစ်လာလိမ့်မယ်
အဲဓိကက အဲမှာစတာ ကြည့်လိုက် 
Hosted network supported : နေရာမှာ Yes ပြရင် hotspot လုပ်ရပါတယ်
No ပြနေမယ်ဆိုရင်တော့ ဒီအဆင့်မှာတင်ရပ်လိုက်ပါတော့ မရပါဘူး

 

ပြီးသွားရင်  ဒီဆော့ဝဲ   ကိုဒေါင်း ဖိုင်ဆိုဒ်က ပါးပါးလေး
ဆက်လက်ဖတ်ရှု့ရန်

GL to SD (Root) V1.9.8 For Android

Unknown | 5/19/2013 09:12:00 AM | | Best Blogger Tips

Android စက်ရုပ်သမားတွေအတွက်ပါ အခုနောက်ပိုင်းထွက်တဲ့ဖုန်းအမြင့်တွေမှာ ကြုံတွေ့နေရတဲ့ Move to SD Card ဆိုတဲ့စာကိုဖျောက်ထားတာကြောင့် Apps တွေကို မန်မိုရီကဒ်ထဲကို ဘယ်ဆော့ဝဲနဲ့မှရွှေ့မရတဲ့ ပြသနာလေးတစ်ခုရှိနေပါတယ် ။
ကျနော့် S 3 ဖုန်းကအစပေါ့ ခိခိ
အဲဒီပြသနာကိုဖြေရှင်းနိုင်ဖို့  မားကပ်မှာအခုနောက်ဆုံးထွက်ဗားရှင်းဖြစ်တဲ့ GL to SD (Root) ဆော့ဝဲလေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ လိုချင်သူများ အောက်မှာဒေါင်းယူပါ ။
ဆက်လက်ဖတ်ရှု့ရန်

May 18, 2013

ဘိလပ်မြေစက်ရုံတည်ဆောက်မည်ကို မိကရင်ရှိသံဃာနှင့် လူထု(၁၄၀၀)ကျော်ကန့်ကွက်

Unknown | 5/18/2013 07:23:00 PM | Best Blogger Tips

 မေလ ၁၈ရက၊် ၂၀၁၃ခုနှစ်၊ ကေအိုင်စီ။

ကရင်ပြည်နယ်၊ ဖားအံမြို့ မိကရင်ကျေးရွာ အနီးတွင် (SHREE CEMET Company) မှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မိကရင်ကျေးရွာအုပ်စု အတွင်းရှိ သံဃာနှင့်လူထု(၁၄၀၀)ကျော် လက်မှတ်ထိုး၍ မြန်မာအစိုးရထံသို့ ကန့်ကွက်စာ တင်လိုက်ပြီဖြစ်သည်။

... ယင်းကန့်ကွက်စာကို ဖားအံမြို့အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ (PFDP)သို့ အကူ အညီတောင်းခံကာ ထိုမှတဆင့် ယမန်နေ့ မေလ(၁၇)ရက်နေ့က ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ (PFDP)ဖာပွန်ရှိ ဖားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစီငွါက နေပြည်တော် ပြည်သူ့လွှတ်တော်ရုံး၊ စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ပေးပို့လိုက်သည်ဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်

May 15, 2013

SRS one Click Root Tools For Android ( 7 MB )

Unknown | 5/15/2013 10:19:00 AM | Best Blogger Tips

ကဲ...မိမိရဲ့ Android ဖုန်းလေးကို Root ဖောက်ချင်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက်Root Toolအလန်းလေး နောက်ဆုံး Update တစ်ခုတင်ပေးလိုက်ပါတယ်ခင်မျ.. အယ်..ပထမဆုံးပြောကြားချင်တာက ဒီ Root Tool လေးကိုသုံးမယ်ဆိုရင် Internet ချိတ်ဆက်ထားဖို့တော့လိုမယ်နော့်... Huawei , Sony Xperia ,Samsung , HTC , ZTE စတဲ့ စတဲ့ဖုန်းအမြောက်အများကို Online Access ကနေ Root ပေးမှာပါ...ROOT လုပ်ဖို့အပြင် Feature အသစ်တွေပါလာတယ်ဘာလဲဆိုတော့ ADB Toolboxတဲ့ဗျအောက်ပုံလေးကြည့်ပါ ၀င်လေ့လာကြည့်တော့မှအားပါးးတကယ်အသုံးဝင်စရာပဲ…. Pattern LOCK,PIN LOCK,PASSWORD စတာတွေဖြုတ်နိုင်တယ်ဗျ….တခုရှိတာကတော့ USB Debug ON ထားဖို့နဲ့ Root Access ရှိနေဖို့ပဲ…တကယ်အသုံးဝင်တယ်နောက်တခုက Pattern LOCK မှာဆို Patternကိုဖြုတ်ရုံတင်မဟုတ်ဘူး


ဗျ…Pattern ကိုဘယ်လိုပုံစံပေးထားလဲကြည့်လို့ပါရတယ်ဗျ….အဲလောက်နဲ့တင်မိုက်နေပြီမှတ်လားး…
... Pattern ဖြုတ်မယ်ဆို Reset Gesture lock PIN,PASSWORDဖြုတ်မယ်ဆို Reset user lock ခလုတ်ပါ…Complete ပြရင်တော့ဆွဲချင်တာဆွဲထည့်ချင်တာထည့်ပြုတ်ပြီပဲ……..ရှိသေးတယ်ဗျ..နောက်ထပ်Gmail အကောင့်ဖျတ်တာ [Reset Gmail] ရယ်….Wipe Data [Factory Reset] ရယ်လဲရသေးတယ်….နောက်နှစ်ခုကတော့ Reboot ရယ် Reboot recoveryပါပါသေးတယ်ဗျာ .တော်တော်ကောင်းပြီးအသုံးဝင်ပါတယ်ခင်မျာ... Download ရယူနိုင်ကြပါပြီ

ကဲဗျာ ဒါလေးကတော့ http://mmithelper.blogspot.com/ က ရေးသားထားမှုလေးပေါ့ဗျာ..။
သူ့ဒေါင်းလော့လင့်တော့ မထည့်ပေးလိုက်ဘူး မူရင်းဆိုက်ကိုဘဲ ညွန်းထားတာ ကောင်းမယ်ထင်လို့ပါ..။
ကျုပ်ကတော့ မတင်ပေးတော့ဘူး လင့်လေးညွန်ပြလိုက်တော့မယ် မူရင်းထုတ်လုပ်တဲ့ဆိုက်လေးမှာ ဒေါင်းပါ..။
ဒေါင်းရန် http://www.srsroot.com/
See more
SRS one Click Root Tools For Android ( 7 MB ) 
 ကဲ...မိမိရဲ့ Android ဖုန်းလေးကို Root ဖောက်ချင်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက်Root Toolအလန်းလေး   နောက်ဆုံး Update တစ်ခုတင်ပေးလိုက်ပါတယ်ခင်မျ.. အယ်..ပထမဆုံးပြောကြားချင်တာက ဒီ Root Tool လေးကိုသုံးမယ်ဆိုရင် Internet ချိတ်ဆက်ထားဖို့တော့လိုမယ်နော့်... Huawei , Sony Xperia ,Samsung , HTC , ZTE စတဲ့ စတဲ့ဖုန်းအမြောက်အများကို Online Access ကနေ Root ပေးမှာပါ...ROOT လုပ်ဖို့အပြင် Feature အသစ်တွေပါလာတယ်ဘာလဲဆိုတော့ ADB Toolboxတဲ့ဗျအောက်ပုံလေးကြည့်ပါ ၀င်လေ့လာကြည့်တော့မှအားပါးးတကယ်အသုံးဝင်စရာပဲ…. Pattern LOCK,PIN LOCK,PASSWORD စတာတွေဖြုတ်နိုင်တယ်ဗျ….တခုရှိတာကတော့ USB Debug ON ထားဖို့နဲ့ Root Access ရှိနေဖို့ပဲ…တကယ်အသုံးဝင်တယ်နောက်တခုက Pattern LOCK မှာဆို Patternကိုဖြုတ်ရုံတင်မဟုတ်ဘူး


ဗျ…Pattern ကိုဘယ်လိုပုံစံပေးထားလဲကြည့်လို့ပါရတယ်ဗျ….အဲလောက်နဲ့တင်မိုက်နေပြီမှတ်လားး…
Pattern ဖြုတ်မယ်ဆို Reset Gesture lock PIN,PASSWORDဖြုတ်မယ်ဆို Reset user lock ခလုတ်ပါ…Complete ပြရင်တော့ဆွဲချင်တာဆွဲထည့်ချင်တာထည့်ပြုတ်ပြီပဲ……..ရှိသေးတယ်ဗျ..နောက်ထပ်Gmail အကောင့်ဖျတ်တာ [Reset Gmail] ရယ်….Wipe Data [Factory Reset] ရယ်လဲရသေးတယ်….နောက်နှစ်ခုကတော့ Reboot ရယ် Reboot recoveryပါပါသေးတယ်ဗျာ .တော်တော်ကောင်းပြီးအသုံးဝင်ပါတယ်ခင်မျာ... Download ရယူနိုင်ကြပါပြီ

 ကဲဗျာ ဒါလေးကတော့ http://mmithelper.blogspot.com က ရေးသားထားမှုလေးပေါ့ဗျာ..။
သူ့ဒေါင်းလော့လင့်တော့ မထည့်ပေးလိုက်ဘူး မူရင်းဆိုက်ကိုဘဲ ညွန်းထားတာ ကောင်းမယ်ထင်လို့ပါ..။
ကျုပ်ကတော့ မတင်ပေးတော့ဘူး လင့်လေးညွန်ပြလိုက်တော့မယ် မူရင်းထုတ်လုပ်တဲ့ဆိုက်လေးမှာ ဒေါင်းပါ..။
ဒေါင်းရန် http://www.srsroot.com/
ဆက်လက်ဖတ်ရှု့ရန်

May 14, 2013

Unknown | 5/14/2013 10:50:00 AM | Best Blogger Tips

ထိုင်းနိုင်ငံမှ တည်ဆောက်မည့် ဒေါန တောင်ကျော်ကားလမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေမှု စတင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

ထိုင်းနိုင်ငံမှ တည်ဆောက်မည့် ဒေါန တောင်ကျော်ကားလမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေမှု စတင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

ထိုင်းနိုင်ငံမှ တည်ဆောက်မည့် ဒေါန တောင်ကျော် ကားလမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေမှု စတင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ဒေါနတောင်ကျော်လမ်း ဖောက်လုပ်မည့် ထိုင်းကုမ္ပဏီ See Sang Karnyotah (1979)Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းတွင် ပါဝင်မည့် ဒေါနတောင်ကျော် ကားလမ်းသစ် ဖောက်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ထိုင်းအစိုးရမှ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ဒေါနတောင်ကျော် ကားလမ်း၏ ခန့်မှန်းခြေအရှည်မှာ ၂၈ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ-ကော့ကရိတ် လမ်းသစ်ကို ဖောက်လုပ်နေသော ထိုင်းကုမ္ပဏီဖြစ်သည့် See Sang Karnyotah (1979)Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်မတို့ မြ၀တီ-ကော့ကရိတ် လမ်းကြောင်းဖြစ်တဲ့ ဒေါနတောင် ကားလမ်းကို စတင်ဖောက်လုပ်ဖို့ စီစဉ်နေပါတယ်။ အခု ဒေါနတောင် လမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေတာတွေ ဆောင်ရွက်နေပါတယ်။ လုပ်ငန်းဆောင်ရွက်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။ လမ်းအူကြောင်းရှာပြီး မြေပြင်ဖို့ ဆောင်ရွက်မှာပါ။ နောက်ထပ်နှစ်နှစ်လောက် ကြာမယ်။ ၂၀၁၅ အတွင်း အပြီးသတ်နိုင်ဖို့ ဆောင်ရွက်မှာပါ" ဟု ပြောကြားသည်။

ယခု ဖောက်လုပ်မည့် ဒေါနတောင်ကျော် ကားလမ်းသစ်သည် လက်ရှိအသုံးပြုနေသည့် ဒေါနတောင် ကားလမ်းဟောင်းထက် ပိုမိုပြေပြစ်ကာ အကွာအဝေးပို၍ တိုတောင်းမည်ဖြစ်သည်။

မြန်မာ-ထိုင်း အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ဒေါနတောင် ကားလမ်းတွင် လမ်းပျက်စီးမှုကြောင့် နေ့စဉ်ယာဉ်အစီးရေ ရာချီ၍ပိတ်ဆို့မှု ဖြစ်ပေါ်လျက် ရှိသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ကုန်စည်များကို မြန်မာနိုင်ငံ၊ မြ၀တီမြို့မှတစ်ဆင့် ရန်ကုန်နှင့် အခြားမြို့များသို့ သယ်ဆောင်ရာတွင် ယခု ဒေါနတောင် ကားလမ်းသည် အဓိကလမ်းကြောင်း ဖြစ်သည်။

ဒေါနတောင် ကားလမ်းတွင် နေ့စဉ် ယာဉ်သွားလာမှုကို အတက်နေ့နှင့် အဆင်း နေ့ခွဲခြား သတ်မှတ်ထားသော်လည်း နေ့စဉ်လိုပင် တစ်တောင်လုံး ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မိုးရာသီ ကာလများတွင်လည်း ကားလမ်းပေါ်သို့ မြေပြိုကျမှု၊ တောင်ပြိုမှုများကြောင့် လမ်းပိတ်ဆို့မှု ပို၍ဆိုးရွားကာ ခရီးသွားများအတွက် အသက်အန္တရာယ်နှင့် အမြဲတစေ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ဒေါနတောင် ကုန်သွယ်ရေး လမ်းကြောင်းအား တပ်မတော်နှင့် နယ်မြေခံ လက်နက်ကိုင်တပ်များ တင်းမာမှုဖြစ်ပေါ်သည့်အခါ ပိတ်ထားလေ့ရှိကြောင်း၊ အဆိုပါလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ၀န်းကျင်က ဂျပန်များ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်တပ်များ မြန်မာပြည်မှ ပြန်လည်ဆုတ်ခွာရာတွင် အသုံးပြုခဲ့သည်ဟု သိရသည်။   

(ဓာတ်ပုံ - ထိုင်းနိုင်ငံမှ တာဝန်ယူ ဖောက်လုပ်မည့် မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းသစ်စီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို မေ ၉ ရက်က တွေ့ရစဉ်)
(ဓာတ်ပုံ - ထိုင်းနိုင်ငံမှ တာဝန်ယူ ဖောက်လုပ်မည့် မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းသစ်စီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို မေ ၉ ရက်က တွေ့ရစဉ်) 

 ထိုင်းနိုင်ငံမှ တည်ဆောက်မည့် ဒေါန တောင်ကျော် ကားလမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေမှု စတင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ဒေါနတောင်ကျော်လမ်း ဖောက်လုပ်မည့် ထိုင်းကုမ္ပဏီ See Sang Karnyotah (1979)Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းတွင် ပါဝင်မည့် ဒေါနတောင်ကျော် ကားလမ်းသစ် ဖောက်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ထိုင်းအစိုးရမှ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ဒေါနတောင်ကျော် ကားလမ်း၏ ခန့်မှန်းခြေအရှည်မှာ ၂၈ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။
...

မြ၀တီ-ကော့ကရိတ် လမ်းသစ်ကို ဖောက်လုပ်နေသော ထိုင်းကုမ္ပဏီဖြစ်သည့် See Sang Karnyotah (1979)Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်မတို့ မြ၀တီ-ကော့ကရိတ် လမ်းကြောင်းဖြစ်တဲ့ ဒေါနတောင် ကားလမ်းကို စတင်ဖောက်လုပ်ဖို့ စီစဉ်နေပါတယ်။ အခု ဒေါနတောင် လမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေတာတွေ ဆောင်ရွက်နေပါတယ်။ လုပ်ငန်းဆောင်ရွက်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။ လမ်းအူကြောင်းရှာပြီး မြေပြင်ဖို့ ဆောင်ရွက်မှာပါ။ နောက်ထပ်နှစ်နှစ်လောက် ကြာမယ်။ ၂၀၁၅ အတွင်း အပြီးသတ်နိုင်ဖို့ ဆောင်ရွက်မှာပါ" ဟု ပြောကြားသည်။

ယခု ဖောက်လုပ်မည့် ဒေါနတောင်ကျော် ကားလမ်းသစ်သည် လက်ရှိအသုံးပြုနေသည့် ဒေါနတောင် ကားလမ်းဟောင်းထက် ပိုမိုပြေပြစ်ကာ အကွာအဝေးပို၍ တိုတောင်းမည်ဖြစ်သည်။

မြန်မာ-ထိုင်း အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ဒေါနတောင် ကားလမ်းတွင် လမ်းပျက်စီးမှုကြောင့် နေ့စဉ်ယာဉ်အစီးရေ ရာချီ၍ပိတ်ဆို့မှု ဖြစ်ပေါ်လျက် ရှိသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ကုန်စည်များကို မြန်မာနိုင်ငံ၊ မြ၀တီမြို့မှတစ်ဆင့် ရန်ကုန်နှင့် အခြားမြို့များသို့ သယ်ဆောင်ရာတွင် ယခု ဒေါနတောင် ကားလမ်းသည် အဓိကလမ်းကြောင်း ဖြစ်သည်။

ဒေါနတောင် ကားလမ်းတွင် နေ့စဉ် ယာဉ်သွားလာမှုကို အတက်နေ့နှင့် အဆင်း နေ့ခွဲခြား သတ်မှတ်ထားသော်လည်း နေ့စဉ်လိုပင် တစ်တောင်လုံး ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မိုးရာသီ ကာလများတွင်လည်း ကားလမ်းပေါ်သို့ မြေပြိုကျမှု၊ တောင်ပြိုမှုများကြောင့် လမ်းပိတ်ဆို့မှု ပို၍ဆိုးရွားကာ ခရီးသွားများအတွက် အသက်အန္တရာယ်နှင့် အမြဲတစေ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ဒေါနတောင် ကုန်သွယ်ရေး လမ်းကြောင်းအား တပ်မတော်နှင့် နယ်မြေခံ လက်နက်ကိုင်တပ်များ တင်းမာမှုဖြစ်ပေါ်သည့်အခါ ပိတ်ထားလေ့ရှိကြောင်း၊ အဆိုပါလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ၀န်းကျင်က ဂျပန်များ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်တပ်များ မြန်မာပြည်မှ ပြန်လည်ဆုတ်ခွာရာတွင် အသုံးပြုခဲ့သည်ဟု သိရသည်။  

 



ဆက်လက်ဖတ်ရှု့ရန်

May 11, 2013

အစိုးရနှင့် ဆွေးနွေး ရမည့် အချက်များ DKBA ပြင်ဆင်

Unknown | 5/11/2013 05:58:00 PM | Best Blogger Tips
အစိုးရနှင့် ဆွေးနွေး ရမည့် အချက်များ DKBA ပြင်ဆင်

11 May 2013  by  ရွှေဟင်္သာသတင်းဌာန 

အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ဆွေးနွေးသည့် အခါ ကရင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန် အတွက် ကရင် ငြိမ်းချမ်းရေး အဖွဲ့များ ကရင် ပြည်နယ် ကော့ကရိတ်မြို့၌ ယမာန် နေ့တွင် တိုင်ပင် ဆွေးနွေးခဲ့ ကြသည်ဟု ကရင် ငြိမ်းချမ်းရေး ကော်စီမှ ပြောခွင့် ရသူ တီမိုသီက ဆိုပါသည်။

“ ငြိမ်းချမ်းရေး ကိစ္စကို ဖေါ်ဆောင်တော့မယ် ဆိုရင် စစ်တပ်က ၀င်မပါပါနဲ့။ ၀င်မရှုပ်ပါနဲ့။ စစ်တပ်ဟာ အစိုးရ ယန္တယား တခုပါ။ ရဲတို့လိုပေါ့။ အခု ကရင်ပြည်နယ် ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ စစ်တပ်က ၀င်ရှုပ်လို့ ဖြစ်တဲ့ ကိစ္စ တွေချည်း ပါဘဲ။” ဟု ဆိုပါသည်။

ယင်းဆွေးနွေး ပွဲတွင် ဗိုလ်မှူးကြီး ကျော်သက်နှင့် ဗိုလ်မှူးကြီး ဆန်းအောင်တို့ ဦးဆောင်သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် ( DKBA)နှင့် ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ တို့ကသာ ပါဝင်ကြပြီး အပစ်အခတ် ရပ်စဲ ထားသော အဖွဲ့ များလည်း ဖြစ်ပါသည်။

ဤဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့က ဖြစ်ပွား ခဲ့သော DKBA နှင့် အစိုးရ နယ်ခြားစောင့် BGF တို့၏ လက်နက်ကိုင် ပဋိပက္ခကို အစိုးရ ကိုယ်စားလှယ် များနှင့် ဖြေရှင်းသည့် အခါ လိုအပ်ချက်များ တင်ပြနိုင်ရန် ညှိနှိုင်းကြသော ဆွေးနွေးပွဲ ဖြစ်ပါသည်။

အစိုးရ တပ်များသည်၊ ငြိမ်းချမ်းရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများကို အကြောင်းပြပြီး၊ လမ်းဖေါက် လုပ်ခြင်း။ လမ်းဖေါက်လုပ် ရာတွင်လည်း - စစ်ရေး အရ အရေးကြီးသော နေရာတွင် ဖေါက်လုပ်ခြင်း၊ လမ်းကြောင်း၌ စစ်တပ်ဂိတ် တိုးချဲ့  ချထားခြင်းများ ပြုလုပ် လာပါသည်။

BGF တပ်များအား အရင် ရှေ့တိုး ခိုင်းပြီး နေရာ ယူခြင်း၊ စစ်တပ်မှ လယ်မြေ သိမ်းပိုက်ခြင်း၊ ခရီးသွား ပြည်သူများကို စိုးရိမ် ထိပ်လန့် စေရန် ခြိမ်းခြောက်ခြင်း၊ ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ များ၏ သွားလာမှုကို ကန့်သတ် လာခြင်း၊ တွေ့ရှိပါက လက်နက် သိမ်းခြင်းများ ပြုလုပ် လာခဲ့ကြောင်း ဆိုပါသည်။

BGF အား စီးပွားရေး အခွင့်ထူးများကို အကောင်အထည် ဖေါ်စေခြင်းအားဖြင့် DKBA နှင့် အခြား ကရင် ငြိမ်းချမ်းရေး အဖွဲ့များနှင့် ထိပ်တိုက် ဖြစ်လာစေရန် တမင် ဖန်တီး ထားခြင်းကို ရှေင်ရှားရန် တောင်းဆို သွားမည်ဟု ဆိုပါသည်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေးသည် ကရင် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း တာဝန် ရှိကြောင်း၊ လူထု လုံခြုံရေးနှင့် စီးပွားရေးအရ လည်းကောင်း၊ သွားလာရေး အရ လည်းကောင်း  လွတ်လပ်စွာ ရှိသင့်သည်ဟု ဆိုပါသည်။ ဤအချက်များကို အစိုးရ ဖက်မှ လိုလား နေသော်လည်း အစိုးရ တပ်ပိုင်း ဆိုင်ရာ များက ဖေါက်ဖျက် နေသည်ဟု ထောက်ပြ ကြပါသည်။

ဤအခြေအနေ များကြောင့် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် DKBA နှင့် BGF တပ်များ (၃) ရက်ကြာ တိုက်ခိုက် ခဲ့ကြပါသည်။ တိုက်ခိုက်မှု ဖြစ်ပွား လာသည့် တချိန်ထဲတွင် အစိုးရ တပ်များသည် မြိုင်ကြီးငူ ဒေသရှိ မယ်ပမှ DKBA တပ်များ ဆုတ်ခွာ ပေးရန် ရာဇသံ ပေးခဲ့သည် အထိ ဖြစ်ပွား ခဲ့ပါသည်။

ဤပြသနာကို ဖြေရှင်းရန် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့ ကရင် ပြည်နယ်သို့ လာရောက်ရန် ရှိသည်ဟု ၄င်းတို့နှင့် ဆွေးနွေး ခဲ့သည့် DKBA မှ ဗိုလ်မှူး မောင်လေးက ဆိုပါသည်။

ဤသို့ကြောင့် ပြသနာ ပြေလည်စေရန် တကယ် ဖြစ်ပေါ်နေသော အစိုးရ စစ်တပ်၏ ပြုမူဆောင်ရွက် နေပုံများကို တင်ပြရန် ဆွေးနွေး ခဲ့ကြပါသည်။  ငြိမ်းချမ်းရေးသည် အစိုးရ အပေါ်၌သာ မူတည်ကြောင်း၊ အပစ်အခတ် ရပ်စဲထား သော်လည်း  သီးသန့် နယ်မြေ သတ်မှတ်ချက် မထားဘဲ လိုအပ်သော နိုင်ငံရေး စစ်ရေး အမြတ် ထွက်ရန် အတွက် နည်းလမ်း အမျိုးမျိုး သုံးပြီး  စီစဉ် လုပ်ဆောင် နေခြင်းသာ ဖြစ်ကြောင်း ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့များက ထောက်ပြကြပါသည်။


11 May 2013 by ရွှေဟင်္သာသတင်းဌာန

အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ဆွေးနွေးသည့် အခါ ကရင် ပြည်နယ်တွင် ဖြစ...်ပေါ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန် အတွက် ကရင် ငြိမ်းချမ်းရေး အဖွဲ့များ ကရင် ပြည်နယ် ကော့ကရိတ်မြို့၌ ယမာန် နေ့တွင် တိုင်ပင် ဆွေးနွေးခဲ့ ကြသည်ဟု ကရင် ငြိမ်းချမ်းရေး ကော်စီမှ ပြောခွင့် ရသူ တီမိုသီက ဆိုပါသည်။
ဆက်လက်ဖတ်ရှု့ရန်