June 29, 2013

Save2 PC Light 4.2.8.391 Portable 6MB

ဗီဒီယို ဒေါင်းလော့လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ ဗီဒီယိုလင့်လေးကို ကူးပြီး ထည့်ဒေါင်းယုံပါဘဲ 
Portable ဆိုတော့ အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
မန်မိုရီကတ်ထဲမှာ ဆောင်ထားယုံနဲပိုအိုကေတာပေါ့ဗျာ
ဗီဒီယို ကိုယ်လိုချင်တဲ့ ဖိုင်ပြောင်းပြီးတော့လည်းဒေါင်းရပါတယ် 

AppGratis v2.0.2 for Android

အခုပေးမယ့် Application လေးကို Android ဖုန်း/Tablet သုံးစွဲသူတိုင်းကြိုက်မှာပါ။ ဒီ ဖုန်းဆော့ဝဲလေးက ဘာကောင်းလဲဆိုတော့ Google Play မှာ ပိုက်ဆံနဲ့ဝယ်ရတဲ့ဆော့ဝဲတွေကိုသူက တစ်နေ့တစ်ခုနှုန်းနဲ့ Free ပေးပါတယ်။ Cracked လုပ်ထားတဲ့ app တွေကိုပေးတာမဟုတ်ဘဲ သူဝယ်ထားတဲ့ဟာတွေကို Free ပြန်ပေးတာပါ။ ဘယ်လိုလဲ ကြိုက်သွားကြပြီမလား ။ ဆော့ဝဲလေးရဲ့နာမည်ကတော့ AppGratis လို့ခေါ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

June 27, 2013

Albany မှာ Hip Hop မရှိရင် အသက်မရှင်ချင်တဲ့ ကရင်လူငယ်လေး E.T.K (R4K Family)

Albany မှာ Hip Hop မရှိရင် အသက်မရှင်ချင်တဲ့ ကရင်လူငယ်လေး E.T.K (R4K Family)

.....................................................................................................

အော်ဘနီ(Albany)မြို့က ကရင်လူငယ်တွေဟာ စိန်ခေါ်မှုနဲ့ ပျော်ရွှင်မှုကို ပုံမှန်ဖြတ်သန်းနေရင်းကနေ မထင်မှတ်ပဲ မနက်ဖြန်များ စွာကို အားအင်အပြည်နဲ့ ချီတက်ဖို့ ရုတ်တရက် သက်ဝင်လှုပ်ရှား လာကြပါတယ်။ လောကကြီးအကြောင်းသင်ကြားဖို့ မေ့လျော့နေသူတချို့လည်း နိုးထလာကြပါတယ်။

ဒါတွေဟာ ဒီလူငယ်လေးတွေရဲ့ သွေးကြောထဲပျံ့နှံ့စိမ့်ဝင်နေတဲ့ hip hop ဂီတကို တစိုက်မတ်မတ် သီဆိုလိုက်စားနေတဲ့ သူတို့ရဲ့လူငယ်ရောင်းရင်းတဦး Albany မြို့ထဲ ရောက်ရှိလာတဲ့အခိုက်အတန့်မှာ
တွေ့မြင်နေရတဲ့ လှုပ်ရှားမှုပုံရိပ်တွေပဲ ဖြစ်ပါတယ်။

အဲဒီလူငယ်လေးက ဘယ်သူပါလဲ။ မှိန့်ဖျော့ဖျော့ Albany မြို့ပြရောင်ကို အရောင်ဆိုးပေးလိုက်တာ ဘယ်သူပါလဲ။ တနည်းအားဖြင့် အော်ဘနီကရင်လူငယ်တွေရဲ့ အားအင်တွေကို ရုတ်တရက် ဖြည့်ဆည်း ပေးလိုက်တာဘယ်သူပါလဲ။

ဒီလူငယ်လေးကတော့ hip hop မရှိရင် အသက်မရှင်ချင်ဘူးဆိုတဲ့၊ hip hop ဂီတကို ရူးသွပ်စွာ သီဆိုလိုက်စားနေတဲ့ E T K (ခေါ်) အဲသုဂ်ကျာ ပါပဲ။
R4K Family(Rap For Karen) အဖွဲ့တည်ဆာက်ထားတဲ့လူလည်း ဖြစ်ပါတယ်။

သူဟာဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မန်းဗလစိန်(ခေါ်) ဖူ့ခွဲကဘောင်ရဲ့ ရင်သွေးလေးတဦးလည်း ဖြစ်ပါတယ်။ လူငယ်လေးတဦးအနေနဲ့ ဂီတအပေါ်ခံယူချက်နဲ့ ကရင့်အမျိုးသားအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားကို ပရိသတ်များ အကဲခတ်လို့ ရအောင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး- အဲသောင်ကျာ အနေနဲ့ ဒီ hip hop ဂီတကို ဘယ်အချိန်က စတင် လေ့လာခဲ့ပါသလဲ။

ဖြေ - ကျွန်တော်အနေနဲ့ဒီ hip hop ဂီတလောကထဲကို အသက်15 နှစ် ကစပြီးဝင်ရောက်ခဲ့ပါတယ်၊ အစတုန်းက ဆိုဖို့လုပ်ဖို့တော့မလုပ်ဖြစ်ပါဘူး၊ ဒါပေမဲ့ hip hop အ၀တ်အစားကိုစ၀တ်ပြီး Break Dance အကတွေစကပါတယ်။ ၂ နှစ်လောက်ကြာသွားပြီးမှ သီချင်းစလုပ်ပါတယ်၊ hip hop ၊ rap တစ်ခုထဲဘဲမဟုတ်ပါဘူး၊ Break Dance,DJ,Graffiti and Rap အဲဒီအားလုံးကလည်း Hip Hop တွေပဲမို့ အားလုံးလုပ်ဖြစ်ခဲ့ပါတယ်။

မေး- hip hop အပြင် တခြား pop တို့ Rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးရှိပါသလား။

ဖြေ - hiphop အပြင် တခြား pop တို့ rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးမရှိပါဘူးဗျာ၊ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ ဒီကရင်သီးချင်းလောကဂီတမှာ pop တို့ rock တို့ ဆိုတဲ့လူလဲများများရှိထားပြီးဆိုတော့
hip hop ဘက်ကများများ မရှိသေးပါဘူးဆိုလေ၊ ဒါကြောင့် ကျွန်တော်ဘက်က hip hop ဘက်ကဘဲ အမြဲတမ်းလုပ်သွားဖို့ပဲ စိတ်ကူးရှိပါတယ်။

မေး- အခု အဲသောင်ကျာ သီဆိုထားတဲ့သီချင်းတွေ youtube ပေါ်မှာ ပရိသတ်တွေ တော်တော်များများ အားပေးတာကို တွေ့ရပါတယ်။ အဲဒီအပေါ်ရော အားရကျေနပ်မှု ရှိပါသလား။

ဖြေ - အားရပ်ကျေနပ်မှု ရှိလားဆိုတော့ ရှိပါတယ်ဗျာ၊ ဒါပေမဲ့ အားပေးတဲ့ လူရှိပြီး တိုက်ဖျက်တဲ့လူလည်း ပါတယ်ဗျာ၊ ဒါပေမဲ့ အားနည်းချက်လည်း ရှိပါတယ်၊ ကျွန်တော် ဒီထက် လူတွေအားပေး ကျေနပ်မှုရှိအောင် ဆက်ပြီး ကြိုးစားလုပ်ပါ့မယ်၊ ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေကို ကျွန်တော့် R4K Family အဖွဲ့က အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

မေး - ဒါဆိုရင် E.T.K က R 4 K အဖွဲ့ တည်ဆောက်ထားတဲ့လူငယ်တဦးအနေနဲ့ R4K ရဲ့ အဓိပ္ပါယ်နဲ့ အဖွဲ့ရဲ့ အကြောင်းကို နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ- ဟုတ်ကဲ့ပါ ကျွန်တော် R4K Family ကို ဖွဲ့ခဲ့ပါတယ်၊ စစလုပ်ချင်းတုန်းက အဖွဲ့ဖွဲ့ဖို့ အစီအစဉ်မရှိပေမဲ့ တစ်နှစ်လောက်ကြာသွားတဲ့အခါ တယောက်ထဲဆိုတော့ ငြီးငွေ့လာပါတယ်၊ ဒါကြောင့် သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတော့ သူတို့တွေလည်း လှိုက်လှိုက်လှဲလှဲ ရှိတဲ့အတွက် စဖွဲ့ဖြစ်ပါတယ် ။
တကယ်တော့ အဖွဲ့စလုပ်တုံးက R4K နာမည်တော့မပေးထားပါဘူး၊ Angel HiP လို့ပေးထားပါတယ်၊ နောက်ပြီးမှ အွန်းလိုင်းပေါ်မှာ သူငယ်ချင်းမတစ်ယောက်နဲ့သိကျွမ်းပြီး R4K နဲ့ အဖွဲ့နာမည်ပေးဖို့ အကြံပြုပါတယ်။ ကျွန်တော်လည်း စိတ်ကြိုက်တွေ့တာနဲ့ ပြောင်းလိုက်ပါတယ်။

R4K က ဘာအဓိပ္ပါယ်လဲဆိုတော့ Rap For Karen ကရင်တွေအတွက်ပါပဲ၊ ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်နော်တို့လုပ်တဲ့ HipHop သီချင်းတွေက လက်ရှိခေတ်ရဲ့အခြေအနေတွေကို ထင်ဟပ်စေတဲ့ ကရင်အမျိုးသားအားလုံးအတွက်ပေါ့၊ R4K Family မှာ ပါဝင်တဲ့သူတွေများပေမဲ့ တကယ်တမ်းသီချင်းဆိုဖြစ်တဲ့လူက လေးယောက်ငါးယောက်လောက်ဘဲရှိပါတယ်၊ ကျန်တဲ့လူတွေက သီဆိုဖို့မရှိပါသေးဘူး ဒီလေးယောက်ငါးယောက် က တော့ သာအွာ(T.A) သာအဲဆိုဒ်(Lil' Pok) အဲယှူး(E.S) အဲသမော့(E.T.K) နှင့် ယှးဖောင်ယှူး(ShooMayne)ပါဘဲဗျာ။

မေး- အခု ထုတ်မဲ့သီချင်းတွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ကြားသိရတယ်။ နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ - အင်း ဟုတ်ပါတယ်ဗျာ အကောင်းဆုံးဖြစ်အောင်တော့ကျွန်နော်ကြိုးစားအားထုတ်ထားတယ်၊
အခု တစ်ယောက်ထဲ solo တခွေက ဘယ်နေ့ဘယ်ရက်ထွက်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ အချိန်ယူပြီး လုပ်နေပါတယ်။

မေး- ဒီဂီတကို ဘယ်လို လေ့လာသင်ယူခဲ့ပါသလဲ။ ဆိုလိုတာက ဒီ Music ကို ဖန်တီးနိုင်ဖို့အတွက် သင်ကြားပေးတဲ့ ဆရာတွေရော ရှိပါသလား။

ဖြေ - ပြောလိုက်ရင်ဆိုတော့ဒီအခြအနေအထိ ရောက်လာဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး၊ မကောင်းတဲ့လမ်းတွေ၊ ပြသနာတွေ အများကြီးကြုံခဲ့ရပါတယ်။ သင်ယူတာက အွန်လိုင်းထဲမှာရော နောက်ပြီး လုပ်တတ်တဲ့ ကျွန်တော့်ထိုင်းသူငယ်ချင်းတွေရော နောက်ပြီး သူများတွေလုပ်တာလိုက်ပြီးနားထောင် လိုက်လုပ် အဲဒီနဲ့ တစ်ဆင့်ပြီး တစ်ဆင့် တတ်လာပါတယ်ဗျာ။

မေး- ခေတ်ရေစီးကြောင်းက အမြဲတမ်း စီးဆင်းနေတော့ ဒီ ဟစ်ဟော့ဂီတက ရေရှည် ရှင်သန်နိုင်ပါ့မလား။

ဖြေ - ကျွန်တော့်အနေနဲ့ ဒီဟစ်ဟော့က တစ်ဆင့်ပြီးဆစ်ဆင့် တိုးတက်လာဖို့ဘဲရှိသွားမယ်လို့ ယုံကြည်ပါတယ်။ လူသားတွေရှိနေသရွေ့ ဒီဟစ်ဟော့က ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။
ဒီဟစ်ဟော့မရှိရင် အသက်မရှင်ချင်ပါဘူးဗျာ။

မေး- နိုင်ငံတကာမှာ ကရင်လူငယ်တွေတော်တော်များများ ရောက်ရှိနေကြပြီပေါ့နော်။ ဒီလူငယ်တွေကိုရော စကားလက်ဆောင်ပါးခဲ့ပေးပါဦး။

ဖြေ - အင်း ပြောချင်တာက ကျွန်တော်တို့ ကရင်လူငယ်တွေအားလုံး ကိုယ်ဘာကြိုက်သလဲ ကိုဘာချစ်လဲ ကိုယ်ဘာဝါသနာပါလဲ စိတ်အားထက်သန်တဲ့လိုင်းတခုခုကို ရွေးချယ်ပါ။ လုပ်သွားပါ ။တကယ်လို့ ဒီလမ်းက လဲကျသွားလို့ရှိရင် ပြန်ထပြီး ပန်းတိုင်ကို ရောက်အောင်းသွားပါ။ တွေ့ကြုံရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို
နောက်မဆုတ်တမ်း ရင်ဆိုင်ကျော်လွှားပါ။ ဒီပန်းတိုင်လမ်းက အစဉ်မဖြောင့်ဖြူးတော့ အားမာန်အပြည့်နဲ့ သွားမှ လိုရာခရီးကို ရောက်မှာပါ။ "Don't Let Your Dream Just Be A Dream" လို့ နောက်ဆုံးပြောချင်ပါတယ်။

အော်ဘနီ(Albany)မြို့က ကရင်လူငယ်တွေဟာ စိန်ခေါ်မှုနဲ့ ပျော်ရွှင်မှုကို ပုံမှန်ဖြတ်သန်းနေရင်းကနေ မထင်မှတ်ပဲ မနက်ဖြန်များ စွာကို အားအင်အပြည်နဲ့ ချီတက်ဖို့ ရုတ်တရက် သက်ဝင်လှုပ်ရှား လာကြပါတယ်။ လောကကြီးအကြောင်းသင်ကြားဖို့ မေ့လျော့နေသူတချို့လည်း နိုးထလာကြပါတယ်။

USB Disk Security v6.4.0.1 For Pc 4MB

USB Disk Security ဆိုရင် တော်တော်များများသိမှာ USB storage ကနေဗိုင်းရပ်ဝင်မလာအောင် ကာကွယ်တဲ့ ဆောစ့်ဝဲလ်လေးပါ သုံးချင်တဲ့ သူငယ်ချင်းများ
သုံးနိုင်အောင်  နောက်ဆုံးအပ်ဒိတ်လေးတင်ပေးလိုက်ပါတယ် ၀င်ဒိုး 8 မှာလည်း အသုံးပြုလို့ရပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>> zippyshare (or)  datafilehost(or)  trunkize

June 26, 2013

ဖုန်းလာရင် လှုပ်လိုက်ရုံဖြင့် ကိုင်ပြီးသားဖြစ်သော Shake to answer

Samsung နောက်ပိုင်းထွက်ဖုန်းများလို Shake (လှုပ်)ရုံဖြင့် ဖုန်းကိုင်ပြီးသားဖြစ်သော
Shake to answer ကို Android ဖုန်းတိုင်းတွင်ထည့်သွင်းနိုင်ပါသည်။
ဖိုင်ဆိုဒ်ကလဲ 46.54 KB ပဲရှိပါတယ်။

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
June 25, 2013

ဖုန်းထဲကပင် Root နိုင်တဲ့ Framaroot

Framaroot တဲ့ Apk root tools

လေးပါ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်စရာမလိုပဲ

ဖုန်းထဲမှာတင် အဆင်ပြေစေမယ့် Root tool

လေးပါ Root လုပ်နိုင်မယ့် Device တွေကတော့

အောက်မှာပြထားပါတယ် Samsung အတော်များများကိုရပါတယ်

phone bill မကုန်အောင် အင်တာနက် free သုံးမယ်

ဒီနည်းလေးးကတော့  ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။

 ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

June 22, 2013

Android ဖုန်းနောက်ဆုံးထွက်တွေကိုလည်း Root နိုင်တဲ့ V 1.4.1

ဒီ Root Tool လေးကိုတွေ့တာတော့ ကြာပြီ ဒါပေမယ့် တကယ်မစမ်းရသေး
တော့ မတင်ဖြစ်သေးတာ အခုတော့ တကယ်တင်လိုက်ပြီ တကယ်ရလို့ပါ
နောက်ဆုံးထွက်ဖုန်းတွေအကုန်လုံးကိုရတယ်ဗျာ ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ပြီးတော့
မှ သိတာ အဓိကကတော့ Sony တို့ Huawei တို့ပေါ့ အဲကောင်တွေက ရစ်တယ်လေ
bootloader unlock လုပ်ခိုင်းတယ် အဲကုဒ်ကိုလည်း ယူဖို့ ၂ ရက်လောက်
စောင့်ရသေးတယ် အဲဒါအချိန်တွေကုန်တယ် ဒီကောင်ကတော့ မိုက်တယ်
one click အဲကောင်တွေမလိုဘူး 

June 21, 2013

Computerနဲ့ချိတ်ပြီးအသုံးပြုဖို့wifi mouse apk

မသိသေးတဲ့သူတွေအတွက်ပါ...
ကျွန်တော်တို့ရဲ့ Androidဖုန်းတွေကို Wireless Mouse အဖြစ် Computerနဲ့ချိတ်ပြီးအသုံးပြုဖို့အတွက် ပထမဆုံး wifi mouse apk လေးဒေါင်းလိုက်ပြီး ဖုန်းမှာ installလုပ်ပါ. ပြီးရင် ကိုယ်ချိတ်မယ့် computerအတွက် လိုအပ်တဲ့ mouseserver software ကိုဒေါင်းပါ... ဒေါင်းပြီးသွားရင် ဖုန်းရဲ့ Tethering and Portable Hotspot ကနေပြီး wifi hotspotလွှင့်ပေးပါ... အဲ့ဒါကို computerကနေ wifiလှမ်းချိတ်ပါ... computerမှာသွင်းထားတဲ့ mouseserver software ကို runလိုက်ပါ... ဖုန်းမှာinstallလုပ်ထားတဲ့ wifi mouse appထဲဝင်ပြီး auto connectလုပ်လိုက်ရင် ဖုန်းဟာ wireless mouse အဖြစ်အသုံးပြုလို့ရပါပြီ... နောက်ပြီး wireless keyboardအဖြစ်လည်း အသုံးပြုလို့ရပါတယ်... ကျွန်တော်စမ်းကြည့်တာအဆင်ပြေလို့ ပြန်shareပေးလိုက်ပါတယ်... အားလုံးအဆင်ပြေကြပါစေ...

Down...load wifi mouse apk for phone
http://www.mediafire.com/download.php?q6y3shlpxfocuhb

Download mouse server software for computer
http://wifimouse.necta.us/
See more

June 20, 2013

Facebook အကောင့်အသစ်ဖွင့်ရင် lock မကျအောင်ဖွင့်မယ်

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ facebook အကောင့်အသစ်ဖွင့်ရင် လော့ကျကျနေတယ်ပြောလို့ အဆင်ပြေနိုင်ဆုံးနည်းလမ်းလေးကို ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အကောင့် လေးခုလောက် စမ်းပြီး ဖွင့်ပေးပြီးသွားပါပြီး လော့ မကျပါဘူးအဆင်ပြေပါတယ်။ သူငယ်ချင်းအားလုံးလည်း ဒီနည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။ စမ်းသပ် ကြည့်မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox browser လေးနဲ့ ဖွင့်မဲ့နည်းလမ်းလေးကိုပြောပါ့မယ်။

မြန်မာ့ရှမ်းကိုးမီးကစားချင်သူတွေအတွက်ပါ။ (Android)

ဒါလေးကတော့ Facebook မှာရေပန်းစားနေတဲ့ မြန်မာ့ ရှမ်း ကိုးမီး ဖြစ်ပါတယ်…..
လိုချင်သူတွေအနေနဲ့ဒေါင်းလို့ရအောင်တင်ပေးလိုက်ပါတယ်……

Facebook အကောင့်နဲ့ဝင်လိုက်တာနဲ့ကစားလို့ရပါပြီနော် .....                          <<< Download Link >>>

June 17, 2013

ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ

ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ဒီမိုကရေစီ ကရင် အကျိုးပြုတပ်မတော် DKBA က ကမကထပြုပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာမှာ ကျင်းပ ပါတယ်။ ဒီကနေ့ ပြီးဆုံးသွားတဲ့ နှီးနှောဖလှယ်ပွဲကနေ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်လွတ်လပ်ခွင့်မရရှိတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲဖို့ တောင်းဆိုလိုက်ပါတယ်။ RFA အဖွဲ့သား ဦးဘအောင်က တင်ပြထားပါတယ်။

DKBA တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆို

RFA BurmeseDKBA တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆို
RFA Burmese
----------------------------------------------------------------------------------------
ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာပါဝင်တဲ့ အချက်တချို့ကို DKBA ကလိုထူးဘောတပ်ဖွဲ့ ဗိုလ်မှူးစန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"နံပါတ် ၁ အချက်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်၊ နံပါတ် ၂ အချက်က စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တမျိုးသားလုံးပါဝင်သော ညီလာခံကြီးတစ်ရပ်ခေါ်ယူရန်၊ ၃ အချက် မတရားသည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှုကင်းသော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးကြေညာပေးရန်တို့ဖြစ်ပါတယ်"

ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလ သဘောတူညီချက်တွေကို အစိုးရတပ်တွေအနေနဲ့ အတိအကျ လိုက်နာဆောင်ရွက်ဖို့နဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို မှန်ကန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒီကြေညာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် တက်ရောက်လာသူတွေထဲက အဖွဲ့ဝင် ၁၇ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က ကိုယ်စားလှယ်တွေ၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအပြင် ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ABSDF ကျောင်းသားအဖွဲ့၊ မဲဆောက်အခြေစိုက် NLD (LA) အဖွဲ့အပါအဝင် အဖွဲ့အစည်း ၃ဝ ခန့်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ပါတယ်။
----------------------------------------------------------------------------------------
ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

June 16, 2013

တပ်သိမ်းလယ်မြေများ၌ ကရင်အလံစိုက်မည်ဟု တွံတေး KPP ပြောဆို

 ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
                                     တပ်သိမ်းလယ်မြေများ၌ ကရင်အလံစိုက်မည်ဟု တွံတေး KPP ပြောဆို
ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်မှ ကျေးရွာအုပ်စုနှစ်စု ပေါင်း၍ အစိုးရစစ်တပ်မှ သိမ်းဆည်းထားခဲ့သော လယ်မြေများ ကို ပြန်လည်ရယူပြီး လာမည့် ဇွန်လ ၂၀ရက်နေ့တွင် ကရင့်အမျိုးသားအလံတော်အား စိုက်ထူသွားကြမည်ဟု ဒေသခံ လယ်သ မားများအရေး ကူညီဆောင်ရွက်ပေးနေသော ကရင်ပြည်သူ့ပါတီ (KPP) မှ မန်းအုန်းမြင့်သိန်းက ကေအိုင်စီသို့ ပြောသည်။

ဇွန်လ ၁၄ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်သမားများနှင့် မ၀န်းကျေးရွာအုပ်စုရှိ လယ်သမားများ တွေ့ဆုံ၍ ယခင် က ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်မ၊ တပ်ရင်းများမှ စိုက်ထူထားသောအလံများနေရာတွင် ကရင့်အမျိုးသား အလံတော်အား ပြန်လည် အစားထိုးစိုက်ထူရန်အတွက် သဘောတူခဲ့သဖြင့် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဤသို့ အလံစိုက်ထူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လယ်မြေသိမ်းယူခဲ့သော တပ်ရင်း တပ်မ များအား တရားဝင်စာပေးပို့ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

အသိမ်းခံလယ်မြေများကိစ္စကို ဧပြီလအတွင်းက မြန်မာအစိုးရ စစ်ဦးစီးချုပ်အပြင် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုခဲ့ ရာ မူလလယ်ပိုင်ရှင်များကို (၁၆၈)ဧက ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဟု ဆိုသော်လည်း သီးစားခ ပိုမို ပေးဆောင်သောသူများ ကိုသာ လုပ်ကိုင်ခွင့်ပေးသဖြင့် လယ်သမားများမှာ မိမိတို့ဖာသာ ထွန်ယက်လုပ်ကိုင်ခဲ့ကြရသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး ပြန်လည် ရယူထားသော လယ်မြေများနှင့် လက်ရှိလုပ်ကိုင် နေကြသော လယ်မြေများ အပါအ၀င် ဧက ၁၀၂၄ပတ်လည်တွင် အလံများ စိုက်ထူကြမည်ဟုလည်း သိရသည်။

ရေတွင်းကုန်း ကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက “ကျနော်တို့ပါတီကို အကူအညီတောင်းတာဟာ စနစ်တကျဖြစ်ဖို့နဲ့ ဥပဒေနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်အောင် တောင်းတာပါ။ ကျနော်တို့ လယ်သမားတွေက ပါတီကို ခုတုံးမလုပ်ပါဘူး။ တောင်း ဆိုထားတဲ့ ရွာတွေအားလုံးဟာ ကရင်အများစု နေထိုင်ကြတဲ့ရွာတွေပါ။”ဟု ရှင်းပြသည်။

ယခုလို လယ်မြေများ၌ ကရင့်အမျိုးသားအလံတော် စိုက်ထူရခြင်းမှာ စုစည်းမှု၊ စည်းလုံးမှုနှင့်အတူ ကရင်လူမျိုးများ ဘ၀ဖွံ့ဖြိုး တိုးတက်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ထိုဒေသနေ KPP ပါတီဝင်များက ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်မှ ကျေးရွာအုပ်စုနှစ်စု ပေါင်း၍ အစိုးရစစ်တပ်မှ သိမ်းဆည်းထားခဲ့သော လယ်မြေများ ကို ပြန်လည်ရယူပြီး လာမည့် ဇွန်လ ၂၀ရက်နေ့တွင် ကရင့်အမျိုးသားအလံတော်အား စိုက်ထူသွားကြမည်ဟု ဒေသခံ လယ်သ မားများအရေး ကူညီဆောင်ရွက်ပေးနေသော ကရင်ပြည်သူ့ပါတီ (KPP) မှ မန်းအုန်းမြင့်သိန်းက ကေအိုင်စီသို့ ပြောသည်။

... ဇွန်လ ၁၄ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်သမားများနှင့် မ၀န်းကျေးရွာအုပ်စုရှိ လယ်သမားများ တွေ့ဆုံ၍ ယခင် က ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်မ၊ တပ်ရင်းများမှ စိုက်ထူထားသောအလံများနေရာတွင် ကရင့်အမျိုးသား အလံတော်အား ပြန်လည် အစားထိုးစိုက်ထူရန်အတွက် သဘောတူခဲ့သဖြင့် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဤသို့ အလံစိုက်ထူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လယ်မြေသိမ်းယူခဲ့သော တပ်ရင်း တပ်မ များအား တရားဝင်စာပေးပို့ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

အသိမ်းခံလယ်မြေများကိစ္စကို ဧပြီလအတွင်းက မြန်မာအစိုးရ စစ်ဦးစီးချုပ်အပြင် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုခဲ့ ရာ မူလလယ်ပိုင်ရှင်များကို (၁၆၈)ဧက ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဟု ဆိုသော်လည်း သီးစားခ ပိုမို ပေးဆောင်သောသူများ ကိုသာ လုပ်ကိုင်ခွင့်ပေးသဖြင့် လယ်သမားများမှာ မိမိတို့ဖာသာ ထွန်ယက်လုပ်ကိုင်ခဲ့ကြရသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး ပြန်လည် ရယူထားသော လယ်မြေများနှင့် လက်ရှိလုပ်ကိုင် နေကြသော လယ်မြေများ အပါအ၀င် ဧက ၁၀၂၄ပတ်လည်တွင် အလံများ စိုက်ထူကြမည်ဟုလည်း သိရသည်။

ရေတွင်းကုန်း ကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက “ကျနော်တို့ပါတီကို အကူအညီတောင်းတာဟာ စနစ်တကျဖြစ်ဖို့နဲ့ ဥပဒေနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်အောင် တောင်းတာပါ။ ကျနော်တို့ လယ်သမားတွေက ပါတီကို ခုတုံးမလုပ်ပါဘူး။ တောင်း ဆိုထားတဲ့ ရွာတွေအားလုံးဟာ ကရင်အများစု နေထိုင်ကြတဲ့ရွာတွေပါ။”ဟု ရှင်းပြသည်။

ယခုလို လယ်မြေများ၌ ကရင့်အမျိုးသားအလံတော် စိုက်ထူရခြင်းမှာ စုစည်းမှု၊ စည်းလုံးမှုနှင့်အတူ ကရင်လူမျိုးများ ဘ၀ဖွံ့ဖြိုး တိုးတက်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ထိုဒေသနေ KPP ပါတီဝင်များက ရှင်းပြသည်။
 
APK တွေကို Backup လုပ်ထားမယ် (Restore ပြန်လုပ်နိုင်သည်)

App Backup & Restore 
ဖုန်းတစ်လုံးကို အမြဲကလိနေသူတွေအတွက်တော့ တကယ်အဆင်ပြေစေတဲ့ဆော့ဝဲလေးပါ
ကျွန်တော်တို့ Android လေးကို ခဏခဏ ROM တွေ တင် ခဏခဏ Reset တွေလုပ်
လုပ်ပြီးတိုင်းဆော့ဝဲတွေကို ပြန်ပြန် install လုပ်ရတာအမောပဲ အဲဒီလို မမောရလေအောင်
ဒါလေးသာဆောင်ထားလိုက်ပါ ဒီဆော့ဝဲလေးကို သွင်းထားပြီးရင် ကိုယ်လိုချင်တာတွေကို backup 
လုပ်ထား နောက် ROM အသစ်ဖြစ်သွားတော့ ဒီ APK လေးကို အရင်သွင်းဖို့တော့လိုတယ်
ပြီးရင် backup လုပ်ထားတာတွေအားလုံးကို Restore ပြန်လုပ်လိုက်
အချိန်ကုန်လည်း သက်သာတယ် လူလည်း သိပ်မပင်ပမ်းတော့ဘူး
အခုတင်ပေးလိုက်တာကတော့ Version 3.0 လေးပါ
 
Require- Android version 2.1 and up
file size -1.29 MB

အမေရိကန်ကြိုးဝိုင်းပေါ်က ကရင့်လက်ဝှေ့ကျော် ဏီအိမ်မင်း(Nyein Maung)- ဗွီဒီယို

Posted by အဲခေါင်သောင့် at 5:22 AM

စောငြိမ်းမောင် (Nyein Maung) လက်စွမ်းကို ကြည့်ကြရအောင်။

မည်သည့် Software မှ မသုံးပဲ Windows က နေ WiFi Hostspot လွှင့်ပြီး Internet ရှယ်နည်း--

ကြီးကြီး နဲ့ ကြည်ကြည် ကြည့်ချင်ရင် ပုံကို ကလစ်လိုက်ပါ--

Software သုံးတယ်ဆိုတာ Memory စားတဲ့ အပြင် RAM တက်ပြီး စက်ပါလေးလာပါတယ်--

အခုလို နည်းနဲ့ ဆိုတော့ Software လည်း မလို ပါဘူး--

Connectify WiFi HotSpot တို့ဆို WiFi ပြန်လွှင့်ဖို့ကို Money ပေးနေရပါသေးတယ်--

အခုနည်းနဲ့ windows 7 & 8 မှာ ကောင်းကောင်း အသုံးပြုလို့ရပါတယ်-- စက်လည်း မလေးဘူး 

ပိုက်ပိုက်လဲ မကုန်တော့ဘူးပေါ့  မလုပ်တက်မှာစိုးရိမ်လို့ ပုံလေးတွေနဲ့ အားဖြည့်ပေးထားတယ်ဗျာ

လုပ်ကြည့်ပါနော်

June 14, 2013

အပစ်ရပ်ပြီးသော်လည်း ဖားအံ-သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှုရှိနေဆဲ

 ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
အပစ်ရပ်ပြီးသော်လည်း ဖားအံ-သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှုရှိနေဆဲ
ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တနှစ်ကျော်ကြာပြီးဖြစ် သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတားကို ခရီးသွားလာဖြတ်ကျော်ခွင့်မှာ အစိုးရမှ အချိန်ကန့်သတ်မှု ထားရှိနေဆဲဖြစ်ကြောင်း ခရီးသည်များက ပြောသည်။

ဖားအံ-မြိုင်ကလေးကို ဆက်သွယ်ထားသည့် ၎င်းသံလွင်မြစ်ကူးတံတားကို ည ၁၀နာရီခွဲအချိန်၌ ဖြတ်သန်းသွားလာခွင့် စတင် ပိတ်လိုက်ပြီး နံနက် ၃နာရီအချိန်မှသာ ပြန်လည် ဖွင့်ပေးသောကြောင့် ရန်ကုန်-ဖားအံ ပြေးဆွဲနေသည့် အမြန်လိုင်းကား စီးနင်း လိုက်ပါသူ ညခရီးသွားများမှာ တံတားဖွင့်ချိန် မရောက်မချင်း မြိုင်ကလေးကျေးရွာ အဝေးပြေးလမ်းပေါ်တွင် ကားပေါ်၊ ကား အောက် အိပ်စောင့်နေရ၍ အချိန်ကြန့်ကြာမှုများ ဖြစ်နေရသည်။

ဖားအံ-ရန်ကုန် ပြေးဆွဲနေသည့် ရွှေမြန်မာကားမောင်းသူတစ်ဦးက “တံတားက ည(၁၀)နာရီခွဲမှာ ပိတ်ပြီးနံနက် (၃)နာရီရောက်မှ ပြန်ဖွင့်ပေးတော့ ညကားတွေဆိုရင် ဖားအံမြို့ကိုဝင်မဲ့အခါ နံနက် (၃)နာရီ မထိုးမချင်း ခရီးသည်တွေ ကားပေါ်မှာပဲ အိပ်စောင့်ရ တာပေါ့။ အရင်တုန်းကလိုမျိုးပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ တံတားဖြတ်ကျော်ခွင့်ကို ကန့်သတ်ထားသည့်အပေါ် အနီးအနား ကျေးရွာရှိ ဒေသခံများအတွက် လူမှုရေးနှင့် နာရေး စသည့်အ ရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက တံတားပေါ် မဖြတ်ကျော်တော့ဘဲ စက်လှေများငှားရမ်းကာ သွားလာနေကြရသည့် အတွက် မဖြစ်သင့်သည့် အန္တရာယ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

သို့သော် ၎င်းသံလွင်တံတားကို အကန့်အသတ်ဖြင့် ဖြတ်ကျော်ခွင့် ပြုလုပ်ရခြင်းမှာ လုံခြုံရေးအတွက်ဖြစ်ကြောင်း ကရင်ပြည် နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်၏ ကိုယ်ရေးလုံခြုံရေးအရာရှိ-PSO စောခေါင်ပန်ထော့က ကေအိုင်စီသို့  ပြောဆိုသည်။

မြန်မာအစိုးရသည် KNU နှင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီအချိန်က တံတားဖြတ်ကျော်ခွင့်ကို အကန့်အသတ်ဖြင့်သာ ဖြတ် ကျော်သွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
 
ဖားအံ-မော်လမြိုင်သွားလာနေသူ ခရီးသည်အမျိုးသမီးတစ်ဦးက “အခုကာလဟာ အပစ်အခတ် ရပ်စဲထားတာ ဘာကို လုံခြုံရေး ထားတာလဲပေါ့။ မော်လမြိုင်-မုတ္တမသွားရင် သံလွင်တံတားကို ၂၄နာရီစလုံး သွားလာနေနိုင်ပြီ။ ဒါပေမယ့် ရန်ကုန်ကနေ ဖားအံ ပြန်လာတော့ ဖားအံ သံလွင်တံတားဖွင့်ဖို့ မြိုင်ကလေးမှာ နှစ်နာရီနီးပါးလောက် စောင့်လိုက်ရတာ အဆင်မပြေဘူး”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ စုစုပေါင်းအရှည် ၆၁၆.၃၀မီတာရှိသည့် သံလွင်တံတားကို ၁၉၉၄ခုနှစ်တွင် စတင် တည် ဆောက်ခဲ့ပြီး သြဂုတ်လ (၃)ရက်၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လာရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တနှစ်ကျော်ကြာပြီးဖြစ် သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတားကို ခရီးသွားလာဖြတ်ကျော်ခွင့်မှာ အစိုးရမှ အချိန်ကန့်သတ်မှု ထားရှိနေဆဲဖြစ်ကြောင်း ခရီးသည်များက ပြောသည်။

ဲငြိမ်းချမ်းရေး အကြိုဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ

 ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ငြိမ်းချမ်းရေး အကြိုဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ

ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ ဦးဆောင် သောအဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကြိုဆွေးနွေးရန် ရန်ကုန်သို့ ယနေ့ ထွက်ခွာသွားကြောင်း KNU က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ဇွန်လ ၁၅ရက်နေ့တွင် ဥက္ကဌ စောမှုတူးစေးဖိုး ဦးဆောင်သောအဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် သွားရောက်တွေ့ ဆုံမည်ဖြစ်သည်ဟု ကေအိုင်စီသို့ ပြောသည်။

“ဥက္ကဌကြီး ဦးဆောင်တဲ့အဖွဲ့က လက်ရှိ နိုင်ငံရေးပြဿနာတွေ၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ပဒိုစောသောသီဘွဲက ပြောဆိုသည်။

KNU ဥက္ကဌ စောမှုတူးစေးဖိုး ဦးဆောင်သောအဖွဲ့တွင် ပဒိုစောရောဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ၊ ဗိုလ်မှူးဒိကွယ် စသည်တို့ ပါဝင်ကြောင်း သိရသော်လည်း ၎င်းတို့သည် ၀န်ကြီးဦးအောင်မင်းအဖွဲ့နှင့် ရန်ကုန်မြို့ မည်သည့်နေရာ၌ တွေ့ဆုံမည် ကိုမူ KNU မှ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယနေ့တွင်ပင် KNU ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒိုစောတာဒိုမူး ဦးဆောင်၍ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒို စောအောင်ဝင်းရွှေ၊ ပဒိုစောအယ်ကလူစေး၊ စောတာမှုလာနှင့် KNLA မှ ဗိုလ်မှူးတာမလာသောတို့ ပါဝင်သော အဖွဲ့ဝင် ၅ဦးပါအဖွဲ့ သည်လည်း ယနေ့ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ပဒိုစောတာဒိုမှုးဦးဆောင်သောအဖွဲ့သည် ဇွန်လ ၁၅ရက်နေ့၌ပင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ တာဝန်ရှိသူ များ၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct)ကို ဆွေး နွေးသွားရန်ရှိသည်ဟု ယနေ့ထုတ်ပြန်သည့် KNU ၏ သတင်းကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့က KNU ဗဟိုကော်မတီ အစည်းအဝေးတရပ်ကို ကရင်ပြည်နယ် KNU တပ်မဟာ(၇) ထိန်းချုပ်နယ် မြေတွင် ၃ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ခရီးစဉ်များကို စတင်ခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ ဦးဆောင် သောအဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကြိုဆွေးနွေးရန် ရန်ကုန်သို့ ယနေ့ ထွက်ခွာသွားကြောင်း KNU က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။
...

June 11, 2013

Whistle Android Finder PRO v4.6 APK

အသုံးဝင်မယ့်ဆော့ဝဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ..
မိမိရဲ့ဖုန်းမှာ ဒီကောင်လေးထည့်သွင်းထားယုံနဲ့ ဖုန်းကိုဘယ်မှာထားမိမှန်းမသိရင် 
လေချွန်သံပေးလိုက်ရင် ပြန်ထူးတဲ့ ဆောဝဲလေးပါ.. ဗားရှင်းအသစ်ထွက်လို့ ပြန်ပေးတာပါ
pro ဗားရှင်းဖြစ်တာကြောင့် futureတွေ အပြည့်ဝအသုံးပြုနိုင်မှာပါ ………
ဖုန်းကပြန်ထူးတဲ့အသံကို များစွာပါဝင်ပါတယ် .. မိမရဲ့ အသံကိုလည်း recov လုပ်ပြီး အသုံး
ပြုနိုင်ပါတယ် ခငိဗျာ….. :D  
Updated:
June 5, 2013
Current Version:
4.6
Requires Android:
2.1 and up
Category:
Tools
Size:
3.2M
Price:
US$1.15

Videos

App Screenshots

  dropbox ဖြင့်ဒေါင်းယူပါ

  mediafire ဖြင့်ဒေါင်းယူပါ

June 9, 2013

Face book ကနေ စကားပြောမယ် Paltalk Free v4.5.0 For Pc & Apk & ipa (10MB)

ဒီဆောစ့်ဝဲလ်လေးကတော့ face book အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
ဖုန်းကနေ ဗီဒီယိုချက် စကားပြော စတာတွေ အသုံးပြုလို့ရပါတယ်
ဗီဒီယိုချက်မှာဆိုရင် တစ်ပြိုင်တည်း ကိုယ်အပါဝင် သုံးယောက်ချက်လို့ရပါတယ်
စကားပြောတာလည်း အသံကြည်ပါတယ် သူက 3G 4G ၀ိုင်ဖိုင်ကွန်ရက်အတွင်းမှာ အသုံးပြုလို့ရပါတယ်
အသုံးပြုချင်တယ်ဆိုရင် ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် ဖွင့်ပါ
face book နဲ့ဝင်ပါ အကောင့်နာမည်ပေးတဲ့အခါ မြန်မာနာမည်အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
မြန်မာနာမည်နဲ့ပေါ်နေရင် အင်္ဂလိပ်နာမည်ပြောင်းပေးပြီးတော့ Save လိုက်ပါ

June 5, 2013

Android Device ကနေ Printer နဲ့ချိတ်ဆက်ပြီး Print ထုတ်ပေးမယ့် PrintHand Mobile Print Premium 4.1.2

ကိုယ့်ရဲ့ Android Device ဆီကနေ Print ထုတ်ဖို့အတွက် ကွန်ပျူတာနဲ့ ချိတ်ဆက်နေစရာ မလိုပါဘူး.. Bluetooth, Wifi စနစ်ပါတဲ့ Printer သာရှိမယ်ဆိုရင် PrintHand Mobile Print Premium 4.1.2 ကို Android Device မှာ Install လုပ်ပြီး တိုက်ရိုက်ချိတ်ဆက်ကာ Print ထုတ်နိုင်ပါတယ်.. ကိုယ့်ထဲမှာရှိတဲ့ Data တွေသာမက Cloud Server က Data တွေ၊ Facebook Album, Web page, Box, DropBox ဆီက Data တွေကိုပါ Print ထုတ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ.. Premium ဖြစ်တာကြောင့် ဖရီးဗားရှင်းထက် ပိုမိုကောင်းမွန်မှာပါ.. Google Play မှာတော့ 12.95 ဒေါ်လာနဲ့ ဝယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်..
Print from your device directly via WiFi or Bluetooth without a computer.

ဘက်ထရီကောင်းသည့် Acer စမတ်ဖုန်း Liquid S1

ဘက်ထရီကောင်းသည့် Acer စမတ်ဖုန်း Liquid S1  

အရွယ်အစားက ၅.၇ လက်မ ဆိုတော့ ကျောက်သင်-စမတ်ဖုန်း လို့ ခေါ်ရ ပါမယ်။ ထူးခြားချက်ကတော့ ဘက်ထရီက ယနေ့ ထွက်နေတဲ့ စမတ်ဖုန်း အားလုံးထက် ပိုမို တာရှည်ခံပါတယ်လို့ဆိုပါတယ်။  Liquid S1  လို့ အမည်ပေး ထားပါတယ်။ 

1280x 720 screen, Processor 1.5 GHz, Android က 4.2 Jelly Bean OS, RAM က 1GB, internal က 8 GB, 32 GB အထိ Expend လုပ်နိုင်၊ ကင်မရာက 8 megapixel ဆိုတော့ ယနေ့နောက်ဆုံးပေါ် HTC One, Samsung S4 တို့ကို မမှီတာတော့ သေချာ ပါတယ်။ 

Dual-SIM  feature လည်း ပါဝင်ပါတယ်တဲ့။ ဘက်ထရီ ကတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်သွင်းထားရင် တော်ရုံဖုန်းက ၂၄ နာရီ သုံးပြီးတဲ့အခါ ၂၀ ရာခိုင်နှုန်းအောက်ကို ရောက်ပါတယ်။ ထိုင်ဝမ် တရုတ်ဖုန်း ပေမယ့် အရည်အသွေးကိုတော့ အာမခံထားပါတယ်။ အဓိကက ဥရောပနဲ့ အမေရိက ဈေးကွက်ကို ဖြန့်ချိမှာပါ။ ဈေးနှုန်းကလည်း သက်သာမယ့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: pocketlint

Aung Kham (TSJ team)

-
http://blog.techspace.com.mm/2013/06/acer-liquid-s1.html

Open Gesture Pro v1.7.6(sign သင်္ကေတတခုခုရေးလိုက်ယုံနဲ့ဖုန်းတခုလုံးကိုခိုင်းစေမယ်)

ကဲ……လာပြန်ပြီဗျာ နောက်ထပ် အလန်းလေးတစ်ခု မိမိတို့အသုံးပြုနေတဲ့ android phone

တခုလုံးရဲ့ စနစ်တွေကို လက်ကလေးနဲ့ sign သင်္ကေတ တခုခုရေးခြစ်လိုက်တာနဲ့

ကိုယ့်ဖုန်းမှာရှိတဲ့ system တွေကိုတိုက်ရိုက် ထိန်းချုပ်လုပ်ဆောင်ပေးသွားမယ့်

June 4, 2013

ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။ 

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။ 

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
techblog

Aung Kham (Stuff Myanmar)

-

 ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက...်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

Android အတွက် Equalizer 3.2.8

အသံထွက်စွမ်းရည်ပိုကောင်းအောင် ချိန်ညှိခြင်းကို Equalizer ချိန်တယ်လို့
ခေါ်ပါတယ် Android မှာလည်း အချို့ Player မှာ ပါဝင်ပါတယ်
ဒါပေမယ့်အခုတင်ပေးလိုက်တဲ့ဆော့ဝဲကတော့ အစုံဆုံးပဲဗျို့
မစုံရအောင်လည်း သူက ဒီတစ်မျိုးပဲလုပ်ဆောင်ပေးတာလေ

Android version 2.2 အထက်သုံးနိုင်ပြီး
အခုတင်ပေးလိုက်တဲ့ version ကတော့

Equalizer 3.2.8 ပါ
ဖိုင်ဆိုဒ်က 2.32MB

June 2, 2013

" စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့ "

" စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့ "

August Smart Lock လို့ အမည်ပေးထားတဲ့  Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့ 
အီလက်ထရောနစ် သော့ခလောက် ဖြစ်ပါတယ်။ အသုံးပြုရန် အတွက်
မိမိ အသုံးပြုတဲ့ စမတ်ဖုန်းမှာ ဆော့ဝဲလ်ကို Install လုပ်ထားရပါမယ်။

မိမိ အိမ်ကို ၀င်စေလိုတဲ့ သူများကို သာ ဖုန်းမှာ ပါတဲ့ ဆော့ဝဲလ်မှာ စာရင်း လုပ်ထားမှာ ဖြစ်ပြီး မိမိအိမ်ထဲမှာ ရှိတဲ့ အချိန် ထိုင်ရာက မထ ဖုန်းဖြင့် တံခါးဖွင့်နိုင်ပါတယ်။ ဒါမှ မဟုတ် မိမိ အိမ်မှာ မရှိတဲ့ အချိန် အိမ်ထဲ ၀င်စေလိုတဲ့ သူကို ဖုန်းနဲ့ အတည်ပြုပေးထားပြီး ၀င်ခွင့်ပေးနိုင်ပါတယ်။

ဖုန်းမှာ ထည့်သွင်းထားတဲ့ အချက်အလက်များမှာ မိမိ အိမ်ထဲ ၀င်စေလိုတဲ့ သူများကိုသာ တံခါးအလိုအလျောက် ဖွင့်ပေးမှာ ဖြစ်တဲ့ အတွက် မိမိမ၀င်စေလိုတဲ့ သူများကိုလည်း တံခါးပိတ်ထားနိုင်ပါတယ်။

နောက်ပြီး တံခါးမှာ တပ်ထားတဲ့ အီလက်ထရောနစ် သော့ခလောက်ဟာ ကိုယ်ပိုင် ဘတ္တရီ အားကို အသုံးပြုထားပါတယ်။  ဒီတော့ မီးပျက်ရင် အလုပ်မလုပ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး ။

မိမိ အိမ်ကို ၀င်ခွင့်ပြုထားတဲ့ သူတွေကိုလည်း ဘယ်အချိန် ဘယ်နှစ်နာရီမှာ ၀င်ရောက်သွားတယ်ဆိုတာကို မိမိ အိမ်မှာ မရှိတဲ့ အချိန်မှာလည်း ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းမှာ အသိပေး စာ ပို့ ပေးမှာ ဖြစ်ပါတယ်။

အကယ်လို့ မိမိ ဖုန်းချို့ ယွင်းမှု့ ကြောင့် တစ်စုံတစ်ရာ ဖြစ်ခဲ့ ရင်လည်း  ရိုးရိုး သော့တံ ဖြင့်ပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ 

ဒီ Smart Lock အကြောင်းကို လေ့လာလိုရင် အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။ 

>> http://www.youtube.com/watch?feature=player_embedded&v=EFlPncm4fnY#!

--------

Ref; August Smart Lock 

Freddy ( Stuff Myanmar)

August Smart Lock လို့ အမည်ပေးထားတဲ့ Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့...

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။