Tweet |
Previous Next
Wednesday, December 12, 2012
မန်ချက်စတာ ယူနိုက်တက် အသင်းသည် အာဆင်နယ် တောင်ပံတိုက်စစ်မှူး သီအိုဝဲလ်ကော့တ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အာဆင်နယ်နှင့် စာချုပ်သက်တမ်း နှစ်ဝက်မျှသာ ကျန်တော့သည့် အင်္ဂလန် လက်ရွေးစင်ကို မန်နေဂျာ အာစင်ဝင်းဂါးက ဇန်နဝါရီ ဈေးကွက် ကာလတွင် မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေသည်။
ဝဲလ်ကော့တ်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၅၀၀၀)ဖြင့် (၅)နှစ် သက်တမ်းတိုးရန် လန်ဒန် ကလပ်ထံမှ ကမ်းလှမ်းမှုကို ငြင်းဆိုထားသည်။ Daily Mail သတင်းစာက ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် မန်ချက်စတာ စီးတီး အသင်းများက အလိုရှိနေသည့်တိုင် မန်ယူသာ အမှန်တကယ် ကြားဝင်လာပါက ကစားသမား၏ ဦးစားပေး ရွေးချယ်ရာကလပ် ဖြစ်လာနိုင်ကြောင်း ဖော်ပြခဲ့သည်။ အိုးလ်ထရက်ဖို့ဒ်တွင် ဝဲလ်ကော့တ်၏ အာဆင်နယ် အသင်းဖော်ဟောင်း ရော်ဘင် ဗန်ပါစီ အထူးတလည် ခြေစွမ်းပြ ကစားနေသည်။ မန်ယူသည် စာချုပ်ကိစ္စ အဆင်မပြေသည့် ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား လူးဝစ်နာနီကို ရောင်းချဖြစ်ဖွယ် ရှိနေရာ ဝဲလ်ကော့တ်သည် အသင့်တော်ဆုံး အစားထိုး ကစားသမား ဖြစ်လာနိုင်သည်။ တစ်ဖက်တွင်လည်း ဝင်းဂါးသည် မန်ယူနှင့် စာချုပ်သက်တမ်း (၁)နှစ်ခွဲ ကျန်နေသေးသည့် နာနီကို ပြန်လည် ဝယ်ယူဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဝဲလ်ကော့တ်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင် ခံစားခွင့်မျိုးကို အလိုရှိနေပြီး အသင်းက ယင်းကိုပေးချေရန် ငြင်းဆန်ထားသည်။ နာနီသည် မန်ယူတွင် တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀)ရရှိနေပြီး တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀)ထိ တိုးမြှင့် ရယူလိုသော်လည်း မန်ယူက ပယ်ချခဲ့သည်။ Daily Mailက ဝဲလ်ကော့တ်ကို ဝယ်ယူသော ကလပ်အသင်းများ အနေဖြင့် ပေါင်စတာလင် (၈)သန်းမျှ ပြောင်းရွှေ့ကြေး ပေးချေရနိုင်ကြောင်းလည်း သုံးသပ် ဖော်ပြသွားသည်။ Source: DailyMail,http://www.planet.com.mm |
|
Previous Next
Wednesday, December 12, 2012
မန်ချက်စတာ ယူနိုက်တက် အသင်းသည် အာဆင်နယ် တောင်ပံတိုက်စစ်မှူး သီအိုဝဲလ်ကော့တ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အာဆင်နယ်နှင့် စာချုပ်သက်တမ်း နှစ်ဝက်မျှသာ ကျန်တော့သည့် အင်္ဂလန် လက်ရွေးစင်ကို မန်နေဂျာ အာစင်ဝင်းဂါးက ဇန်နဝါရီ ဈေးကွက် ကာလတွင် မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေသည်။
ဝဲလ်ကော့တ်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၅၀၀၀)ဖြင့် (၅)နှစ် သက်တမ်းတိုးရန် လန်ဒန် ကလပ်ထံမှ ကမ်းလှမ်းမှုကို ငြင်းဆိုထားသည်။ Daily Mail သတင်းစာက ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် မန်ချက်စတာ စီးတီး အသင်းများက အလိုရှိနေသည့်တိုင် မန်ယူသာ အမှန်တကယ် ကြားဝင်လာပါက ကစားသမား၏ ဦးစားပေး ရွေးချယ်ရာကလပ် ဖြစ်လာနိုင်ကြောင်း ဖော်ပြခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်တွင် ဝဲလ်ကော့တ်၏ အာဆင်နယ် အသင်းဖော်ဟောင်း ရော်ဘင် ဗန်ပါစီ အထူးတလည် ခြေစွမ်းပြ ကစားနေသည်။ မန်ယူသည် စာချုပ်ကိစ္စ အဆင်မပြေသည့် ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား လူးဝစ်နာနီကို ရောင်းချဖြစ်ဖွယ် ရှိနေရာ ဝဲလ်ကော့တ်သည် အသင့်တော်ဆုံး အစားထိုး ကစားသမား ဖြစ်လာနိုင်သည်။ တစ်ဖက်တွင်လည်း ဝင်းဂါးသည် မန်ယူနှင့် စာချုပ်သက်တမ်း (၁)နှစ်ခွဲ ကျန်နေသေးသည့် နာနီကို ပြန်လည် ဝယ်ယူဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဝဲလ်ကော့တ်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင် ခံစားခွင့်မျိုးကို အလိုရှိနေပြီး အသင်းက ယင်းကိုပေးချေရန် ငြင်းဆန်ထားသည်။ နာနီသည် မန်ယူတွင် တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀)ရရှိနေပြီး တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀)ထိ တိုးမြှင့် ရယူလိုသော်လည်း မန်ယူက ပယ်ချခဲ့သည်။ Daily Mailက ဝဲလ်ကော့တ်ကို ဝယ်ယူသော ကလပ်အသင်းများ အနေဖြင့် ပေါင်စတာလင် (၈)သန်းမျှ ပြောင်းရွှေ့ကြေး ပေးချေရနိုင်ကြောင်းလည်း သုံးသပ် ဖော်ပြသွားသည်။
Source: DailyMail,http://www.planet.com.mm