.

xxx

December 25, 2013

SterJo Wireless Passwords v.1.4 ( wifi password finder )

Unknown | 12/25/2013 06:27:00 AM | Best Blogger Tips

 

ကျွန်တော်ဒီပိုစ့်လေးမှာ SterJo Wireless Passwords အကြောင်းနဲနဲပြောပါမယ်။ဒီကောင်လေးကိုသူငယ်
ချင်းတို့သုံးတတ်မယ်ဆိုရင်တော့အတော်လေးအသုံးဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်မှာရှိနေ
တဲ့ wifi လိုင်းတွေကိုအလွယ်တကူရှာပေးနိုင်ပါတယ်။ရှာပေးနေရုံနဲ့တော့သူအလုပ်ကဒါပဲလားဆိုတော့
မပြီးသေးပါဘူး။ဘာကြောင့်လဲဆိုတော့သူက wifi password cracker တစ်ခုဖြစ်နေလို့ပါ။အောက်မှာလည်း
ပုံတွေပြထားပါတယ်။သူငယ်ချင်းတို့အတွက် ဆော့စ်ဝဲကိုတော့ယူဆောင်လာပေးပါပြီ။သေချာတာတစ်ခု
တကယ်လို့များသူငယ်ချင်းကအခြားလူဆီကနေတစ်ကြိမ်တစ်ခါလောက်များ Wifi ယူသုံးဖူးတယ်ဆိုရင်
တော့ ဒီကောင်လေးကို Run လိုက်တာနဲ့အရင်ကအတိုင်း Pass တွေပြန်ရပြီးအသုံးပြုနိုင်မှာတော့သေချာ
တယ်။ ကိုယ်တိုင်လုပ်ကြည့်တာအဆင်ပြေတာတွေရလို့သုံးတတ်ရင်အသုံးဝင်တဲ့ဆောစ့်ဝဲကောင်းတစ်ခု
ဖြစ်ပါတယ်။အားလုံးအတွက်အဆင်ပြေအောင် Protable နဲ့ exe 2ခုတင်ပေးလိုက်ပါတယ်။ကြိုက်ရာကို
ဒေါင်းလော့စ်လုပ်ယူနိုင်ပါတယ်။wifi password ကိုမေ့သွားရင်လည်းဒီကောင်လေးကိုသုံးပါ။

ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။
Windows XP, Windows Vista, Windows 7 and Windows 8 (32-bit and 64-bit)

After you run this application, it will instantly scan your wireless network and immediately help your wireless security. It will display the information about wireless networks you connected to before. This wifi password finder will also display the info about the network currently being used. For each network, the interface will show you useful information such as Service Set Identifier, Password, Authentication type and Encryption method. In the context menu, you will be able to copy the password selected. How to find forgotten wifi password will become a past.

In a second, you can save all the information you will get. You can save it in a text file. A Save button allows you to store the file where you want. This application is simple to understand.


 


http://bc.vc/e1xp13

http://bc.vc/9OGkOe 

နည်းပညာမြို့တော်
ဆက်လက်ဖတ်ရှု့ရန်

December 18, 2013

မြန်မာ- ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ

Unknown | 12/18/2013 01:01:00 AM | Best Blogger Tips


18.12.2013

လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့ ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆိုပါတယ်။

မြန်မာအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာ ကြိုတင် လျှောက်ထားစရာ မလိုပဲ အပြန်အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေဟာ ဖနွမ်းပင် ဒါမှမဟုတ် ဆီရမ်ရိလေဆိပ်မှာ ၁၄ ရက် ဗီဇာရမှာ ဖြစ်ပြီး ဗီဇာကြေးလည်း ပေးစရာ မလိုပါဘူး။ အလားတူ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း မြန်မာနိုင်ငံကို လာတဲ့အခါ ဗီဇာကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

ဒီဗွီဘီ
ဆက်လက်ဖတ်ရှု့ရန်

ကွန်ပြုတာအတွက် Zapya (Beta)

Unknown | 12/18/2013 12:58:00 AM | Best Blogger Tips

 



Zapya ဆိုတာဘာလဲဆိုပြောစရာမလိုလောက်တော့ဘူးနဲ့ တူတယ်။
အခု PC အတွက် Zapya ထွက်ရှိလာပါပြီ။IOS ရော Android ရော ချိတ်ပီး
သီချင်းတွေ ဆော့ဖ်ဝဲတွေ ဖိုင်တွေ ရှယ်လို့ ရပါတယ်။စမ်းကြည့်တာတော့အိုကေတယ်။
သုံးပုံသုံးနည်းကတော့ ဆော့ဖ်ဝဲဖွင့်လိုက်တာနဲ့  hotspot ထောင်ပီးသားပဲ။Password
ရော တစ်ခါတည်းခံပီးသား။လွယ်ပါတယ်။ရှယ်ရတာလည်း မြန်တယ်။ 
Laptop တွေနဲ့ တော့ အိုကေတယ်။desktop တော့ မစမ်းကြည့်ရသေးဘူး :D
အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

ဆက်လက်ဖတ်ရှု့ရန်

December 10, 2013

Font Style ပြောင်းလို့ မရတဲ့ Android ဖုန်းတစ်ချို့ကို မြန်မာဖောင့် ထည့်သွင်းနည်း

Unknown | 12/10/2013 05:51:00 AM | Best Blogger Tips
 
ဒီတစ်ခါ တင်ပေးလိုက်တဲ့ Android နည်းပညာ ပို့(စ်)လေးကတော့ Android ဖုန်း တစ်ချို့ Setting => Display => မှာ Font Style ပြောင်းလို့ မရတဲ့ Device များကို လွယ်လွယ်ကူကူ မြန်မာဖောင့် ထည့်နည်းလေးကို မသိသေးတဲ့ မိတ်ဆွေများ အတွက်အလွယ်တကူ ထည့်သုံးလို့ရအောင် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ကဲ အရင်ဆုံး အောက်ပေးထားတဲ့ File တွေကို Download ဆွဲယူပါ။



၃။ Myanmar Font ကိုတော့ ဒီနေရာလေးမှာ ၀င်ပြီး ကြိုက်တာတစ်ခု Download ရယူနိုင်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

December 8, 2013

လူအများ သုံးနေတဲ့ Wireless Connection တခုကို မိမိ တဦးတည်း လိုင်းအကောင်းဆုံးဖြစ်အောင် လုပ်နည်း။

Unknown | 12/08/2013 03:01:00 AM | Best Blogger Tips


Wireless Connection တစ်ခုကို ဆယ်ယောက်လောက် အတူဝိုင်းသုံးနေတယ်..အဲဒါဆိုရင်လိုင်းကတော့နှေး
နေမှာပါ..ဒီလို ၀ိုင်းသုံးနေတဲ့ကြားထဲကမှ အဲဒီအင်တာနက်လိုင်းအကုန်လုံးကို မိမိတစ်ဦးတည်းပိုကောင်းစေ
ဖို့အတွက်နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်..စမ်းကြည့်ပါ ရှယ်အကျိုးထူးပါလိမ့်မယ်..
(1) Right Click on Computer > Device Manager

(2) Scroll down, expand the Network Adapters list, and Double Clickyour WiFi Adapter  

(3) Then Click Advanced tab to show all available modifications

 (4) Select the property called Speed & Duplex and change the Valuefrom Auto Negotiation to 1.0 Gbps Full Duplex

(5) Click Ok to Apply all settings, you may also need to restart the computer.
Done! You'll now get all the Internet Connection and speed up your LAN & WLAN Bandwidth to the maximum speed.

Source by : www.mmithelper.com 


အားလုံးအဆင်ပြေပါစေ.......။
ဆက်လက်ဖတ်ရှု့ရန်

November 24, 2013

Samsung Zawgyi Enabler V1.0 For Android

Unknown | 11/24/2013 10:56:00 PM | Best Blogger Tips



နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတစ်ချို့တွေအတွက် Samsung Zawgyi Enabler လို့ခေါ်တဲ့ Android ဖုန်းဆော့ဝဲလေး တစ်ခုကို Myanmar Mobile App Store (www.myanmarmobileapp.com) မှရေးသားထုတ်လုပ်လိုက်ပါပြီ ။Android 4.2 နှင့်အထက် မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများကို မြန်မာဘာသာစကား Myanmar Zawgyi ထည့်သွင်းပေးမည်ဖြစ်ပါသည်။ဖုန်းတွင်း setting များအားလုံးတွင် မြန်မာဘာသာစကားပါဝင်လာစေမည်ဖြစ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုရန် သင့်ဖုန်းအား root လုပ်ထားရန်လိုအပ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုပြီးပါက ဖုန်းရဲ့ Setting >Language & input ထဲသို့ဝင်၍
ဆက်လက်ဖတ်ရှု့ရန်

November 18, 2013

Built In မြန်မာစာမပါသောAndroid ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းခြင်း

Unknown | 11/18/2013 11:55:00 PM | Best Blogger Tips
ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့ကျွန်တော့်ရဲ့Samsung Galaxy Tab 2 P3100 လေးဖြစ်ပါတယ်။။။
Version ကတော့ 4.2.2 ကိုတင်ထားပါတယ်…မြန်မာစာက Built in မပါတော့တော်တော်လေးစိတ်ညစ်
ခဲ့ပါတယ်….အခုတော့ကျွန်တော်တော်တော်လေးစိတ်သက်သာသွားပါပြီ…ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့်သူငယ်ချင်းဆောင်းညီဦး(ပျဉ်းမနားသား)ကကျွန်တော့်ကိုSoftwareလေးတစ်ခုပေးတယ်။။။
ဆက်လက်ဖတ်ရှု့ရန်

November 15, 2013

ကွန်ပျူတာမလိုပဲ ဖုန်းထဲက နေ Root ကြမယ် 100% Worked

Unknown | 11/15/2013 06:41:00 AM | Best Blogger Tips
ဖုန်းတွေကို Root တဲ့နေရာမှာ ကွန်ပျူတာကနေပဲ လုပ်နေရတာ အားလုံးအသိပါ။ 
ကွန်ပျူတာကို လူတိုင်းမကိုင်နိုင်၊မသုံးတတ်ကြပါဘူး။ Root Tool တွေရှိပေမယ့်
ကွန်ပျူတာမရှိလို့၊မသုံးတတ်လို့ ကိုယ့်ဟာကို Root မလုပ်ရတဲ့သူတွေ အများကြီးပါ။အဲဒီအခါ
ဖုန်းထဲကနေ လုပ်လို့ရရင်ကောင်းမှာပဲဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဖုန်းဆော့ဝဲတွေရှာမိကြမှာပါ။
ကျနော်လည်းရှာဖူးပါတယ်။တွေ့ပါတယ်။ဒါပေမယ့် အမှန်တကယ် အလုပ်မလုပ်ပါဘူး။ဟိုဟာလိုရတာနှင့် ဒီဟာလိုရတာနှင့်ပါ။ကွန်ပျူတာသုံးတတ်ပြန်တော့လည်း Driver လိုရတာနှင့် ရှုပ်နေတာပါပဲ။အခုတော့ 
ဖုန်းထဲကနေ အမှန်ကန် Root လို့ရတဲ့ apk လေးထွက်ပေါ်လာပါပြီ။ကျနော်
G510,8813D,C8813 ကို စမ်းကြည့်တာ unlockcode မတောင်းပဲ Root နိုင်ခဲ့ပါတယ်။ Super User လေးက အစိမ်းရောင်အရိုးခေါင်းလေးနှင့်ပါ။
ဆက်လက်ဖတ်ရှု့ရန်

November 14, 2013

Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း

Unknown | 11/14/2013 05:12:00 AM | Best Blogger Tips

By ရဲရင့် ထက်မြတ်

Facebook Account အသစ်ကို သင်ကိုယ်တိုင် ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်းလေးပါ။ Confirm Code ရိုက်ဖြည့်စရာမလိုသလို Connection ကောင်းလျင် အချိန် (၁၀) မိနစ်ခန့်သာ ကြာနိုင်ပါသည်။ ရှေးဦးစွာ gmail အကောင့်လိုအပ်ပါတယ်။

၁။ gmail အကောင့်ဖွင့်ရန် ဖုန်းမှာ gmail app ရှိရပါမယ်။ gmail app ဖွင့်ဝင်ပြီးလျင် ထို app မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ next ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော create နှင့် sign in မှ create ကို နှိပ်ပါ။
ဆက်လက်ဖတ်ရှု့ရန်

November 1, 2013

အစိုးရနှင့် UNFC တို့၏ အပစ်အခတ် ရပ်စဲရေး မူကြမ်း ၈၀ ရာခိုင်နှုန်း ကွဲလွဲနေ

Unknown | 11/01/2013 01:14:00 AM | Best Blogger Tips

 

အပစ်အခတ်ရပ်စဲရေး, UNFC, တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့, ငြိမ်းချမ်းရေး
လိုင်ဇာညီလာခံကို လုံခြုံရေး ယူပေးနေသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ သဘောတူထားသည့် မူကြမ်းနှစ်ခုမှာ ၈၀ ရာခိုင်နှုန်းခန့် ကွဲလွဲနေကြောင်း UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
--------------------------------------------------------------------------------

“အစိုးရကထုတ်ပြန်တဲ့ မူကြမ်းက အရမ်းရှည်လွန်းတယ်။ တော်လှန်ရေးအဖွဲ့တွေ သိပ်နားမလည်ဘူး။ ဒီတော့ ဒီအပိုင်းကိုညှိရမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းတွင် ခေါင်းစဉ်ကြီး ၁၅ ခု ပါဝင်ပြီး UNFC က ရေးဆွဲသည့် မူကြမ်းတွင်မူ ခေါင်းစဉ်ကြီး ၆ ခု ပါဝင်ကြောင်း သိရသည်။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းကို ပြင်ပသို့ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ လွန်ခဲ့သည့် ၁၀ ရက်ခန့်ကမှ UNFC က လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အများစုမှာ အစိုးရ၏ အဆိုပါ မူကြမ်းကို မရရှိသေးကြောင်း၊ အစိုးရ၏ မူကြမ်းနှင့် ပတ်သက်၍ ယနေ့ ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။

လာမည့် နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံပွဲကို UNFC အနေဖြင့် တက်ရောက် ဆွေးနွေးရန် ရှိ၊ မရှိကို ဧရာဝတီက မေးမြန်းရာ ပြောကြားရန် စောသေးကြောင်း၊ လိုင်ဇာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှသာ ဆွေးနွေးတိုင်ပင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖြေကြားသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် အစိုးရက တရားဝင် ဖိတ်ကြားလာပါက တိုင်းရင်းသားအဖွဲ့များ အနေဖြင့် တပေါင်းတည်းသာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ထိုအချက်ကို ယမန်နေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ် ၉၅ ရာခိုင်နှုန်းက သဘောတူထားပြီး မည်သည့် အဖွဲ့ကမျှ ဖောက်ထွက်ာ လက်မှတ်ထိုးမည် မဟုတ်ကြောင်း သိရသည်။

UNFC ကို တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်ပြည်တပ်မတော် (AA)၊ နာဂလက်နက်ကိုင် တပ်ဖွဲ့ NSCN တို့ကိုလည်း UNFC ၏ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့မှာမူ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

“သူတို့အဖွဲ့တွေ မတက်တာနဲ့ ဒီကိစ္စကို သဘောတူ ညှိနှိုင်းလို့ မရဘူးဆိုတာတော့ မဟုတ်ပါဘူး။ တက်တဲ့လူတွေဆီက ရလာတဲ့ သဘောထားကို သွားပေးမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UWSA နှင့် NDAA  တို့က ကျန်းမာရေး မကောင်းခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာမှာ မြန်မာဘာသာဖြင့် ဖြစ်သဖြင့် နားမလည်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အကြောင်းကြားကြောင်း သိရသည်။

ယမန်နေ့ လိုင်ဇာ ညီလာခံ ပထမရက်တွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ UNFC ၏ မူကြမ်းကို ဆွေးနွေးတင်ပြခဲ့ပြီး သဘောတူညီချက် ရလဒ်ကို ယနေ့တွင် ထုတ်ပြန်နိုင်မည်ဟု သိရသည်။

http://burma.irrawaddy.org/
ဆက်လက်ဖတ်ရှု့ရန်

October 31, 2013

ဒီရက်ပိုင်း facebook ပေါ်မှာခေတ်စားနေတဲ့ ဖုန်းဆော့ဝဲလေးတစ်ခုပါ

Unknown | 10/31/2013 11:50:00 PM | | Best Blogger Tips
                                     
ကိုဓါတ်ပုံကိုဖြတ်ထုတ်ပြီး ဆော့ဝဲထဲမှာပါတဲ့ပုံတွေကိုခဲခြစ်ပန်းချီအသွင်နဲ့ထည့်သွင်းလို့ရပါတယ်....
ဆော့ဝဲနာမည်ကတော့ googleplay မှာတရုတ်လိုရေးထားပါတယ်..... အင်္ဂလိပ်နာမည်နဲ့ဆိုရင်ဆော့ဝဲနာမည်က Manboker လို့သိရပါတယ်...Manboker V2.3.1 for Andriod ကိုအောက်ကလင့်မှာDownlod လုပ်နိုင်ပါတယ်.....

                                        >>>>>DOWNLOAD<<<<<<
ဆက်လက်ဖတ်ရှု့ရန်

October 29, 2013

ခင်ပွန်းကြီးရှိခိုး V.1.0 APK

Unknown | 10/29/2013 12:47:00 AM | Best Blogger Tips

 

 

ခင်ပွန်းကြီး (၁၀)ပါး ဘုရားရှိခိုး အသုံးချ ပရိုဂရမ်တွင် မိမိ ပြစ်မှားမိသည် ရှိသော ခင်ပွန်းကြီး ဆယ်ပါးအား အပြစ်မှ လွတ်ကင်းအောင် ရှိခိုး ကန်တော့ တောင်းပန်နိုင်စေရန် ရယ်ရွယ်၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဤအသုံးချ ပရိုဂရမ်တွင် ဘုရားရှိခိုးပုံ၊ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်း၊ ဆုတောင်း အပြင် ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ရခြင်းအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ပြစ်မှားမိသည် ရှိသော် ကျရောက်နိုင်မည့် အန္တရာယ်များ၏ ဆောင်ရန်ရှောင်ရန် များကို တွေ့နိုင်ပါတယ်။ ပိုပြီးသိချင်ရင်တော့ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါဗျာ။

ဆက်လက်ဖတ်ရှု့ရန်

October 26, 2013

KUPC ၏ ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ ကရင်အဖွဲ့အစည်းပေါင်းစုံ တက်ရောက်

Unknown | 10/26/2013 06:24:00 AM | Best Blogger Tips

 

IMG_1640

အောက်တိုဘာ ၂၆ရက်။ ၂၀၁၃ခုနှစ်။ စောသိန်းမြင့်

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ(KUPC)မှ ကြီးမှူးပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာလူထုတွေ့ဆုံပွဲတစ်ရပ်ကို ယနေ့၌ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ သောင်ရင်းခန်းမတွင် ကျင်းပကာ ကရင်အမျိုးသားအဖွဲ့အစည်း ပေါင်းစုံတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်ခေါင်းဆောင်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် များ၊ ကရင်လွှတ်တော်အမတ်များ၊ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ ကရင်ပြည်နယ်အစိုးရမှ ကရင်ဝန် ကြီးများ၊ ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြ၀တီ၊ သံတောင် ကျောက်ကြီး စသည့်မြို့နယ်များမှ ဒေသခံ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံရောက် ကရင်အမျိုးသား ကိုယ်စားလှယ်များအပါအ၀င် စုစုပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်

SEA GAME ခြင်းလုံးဂိမ်းလေးပါ.. ( for Android )

Unknown | 10/26/2013 06:13:00 AM | Best Blogger Tips

 

ကဲ..အားလုံးစောင့်မျှော်နေကြတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ဂုဏ်ယူစရာ
27 ကြိမ်မြောက် SEA GAME ပွဲအတွက် ခြင်းလုံးကစားတဲ့ ဂိမ်းလေးကိုဖန်တီး
လိုက်ပါတယ်ခင်ဗျာ.. အောက်မှာဒေါင်းယူနိုင်ပါတယ်နော် ....
ဆက်လက်ဖတ်ရှု့ရန်

October 25, 2013

2G, 3G, Wifi, 4G ရဲ့ Internet Speed ကိုမြှင့်တင်နိုင်သော Android apk များစုစည်းမှု (၁၅ခု ကျော်ပါတယ်)

Unknown | 10/25/2013 02:13:00 AM | | Best Blogger Tips


ဒီတစ်ခါတော့ 10MB လောက်ရှိတဲ့ Internet Speed မြှင့်တဲ့ Android apk တွေကို စုစည်းထားပါတယ်။ ၁၆ ခုထည့်ပေးထားပါတယ်။ ကျွန်တော့်မှာ နာရီဝက်လောက်ပေးပြီး တင်ထားရတဲ့အတွက် လင့်မပြင်ဖို့ တောင်းပန်ပါတယ်ဗျာ။ နာမည်နဲ့ Version တွေကို အောက်ပါအတိုင်း ဆက်ကြည့်ပါ။ လင့်သေသွားရင် လာပြောပါ။

2G, 3G, Wifi, 4G ရဲ့ Internet Speed ကိုမြှင့်တင်နိုင်သော Android apk  စုစုပေါင်း 15+ တို့၏ List (Collection)



2G, 3G, Wifi, 4G ရဲ့ Internet Speed ကိုမြှင့်တင်နိုင်သော Android apk Collection ကို Download ဆွဲရန်


Download => Link 1 / Link 2
တခြား collection တွေကို လည်း check လုပ်ဖို့မမေ့နဲ့ဦးနော်။ ကြည့်ချင်ရင် ဒီကို ကလစ် ပါ။

ဆက်လက်ဖတ်ရှု့ရန်

October 24, 2013

Bagan keyboard pro211.crack ကြိုက်တာထည်.active ဖြစ်တယ်

Unknown | 10/24/2013 06:51:00 AM | | Best Blogger Tips

မင်္ဂလာပါဗျာ....ကျွန်တော်ဒီနေ.တင်ပေးချင်တာကတော့ Bagan keyboard pro crack version လေးပဲဖြစ်ပါတယ် အမှန်တိုင်းပြောရရင် ကျွန်တော် ဒီနေ.အထိ frozen keyboard ပဲသုံးခဲ့တာကြောင့် ပုဂံအကြောင်းသိပ်မသိပါဘူး ဒီကောင်လေးကိုအခုမှစသုံးဖြစ်တာပါ တော်တော်အဆင်ပြေပါတယ်
ဒါလေးကိုတော့ အကိုတစ်ယောက်က လက်ဆောင်လာပေးထားတာပါ ဘယ်သူ crack ထားလဲဆိုတာတော့မမေးလိုက်မိလို. သက်ဆိုင်သူအား credit ပေးပါတယ်ဗျာ ခွင့်လွှတ်ပါ ကျွန်တော်တို.လဲကိုယ်ကြိုးမဖက်ပဲဝေမျှခြင်းသာဖြစ်ပါတယ်....ကဲ့စလိုက်ရအောင်ဗျာ အောက်မှာပေးထားတဲ့ ဒေါင်းလင့်ထဲက အဆင်ပြေတဲ့လင့်မှာအရင်ဒေါင်းပါ ပြီးသွားရင်တော့ မိမိဖုန်းမှာ install လုပ်ပါ ပြီးသွားရင်တော့ active ဖြစ်ဖို.အတွက် ဖုန်းမှာအင်တာနက်လိုင်းရှိဖို.တော့လိုပါတယ် internet ဖွင့်လိုက်ပါ ပြီးရင် Bagan keyboard လေးဖွင့်လိုက်ပါ အောက်ကပုံလေးလို အနီနဲ.၀ိုင်းထားတာကို နှိပ်လိုက်ပါ 
ဆက်လက်ဖတ်ရှု့ရန်

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်က ဖြစ်ခဲ့သမျှမေ့ခိုင်း၍ ဂါရ၀ပြုကန်တော့ခြင်း

Unknown | 10/24/2013 04:49:00 AM | Best Blogger Tips

မိမိကို တောင်းပန်ရန်မလို စစ်အစိုးရအဖွဲ့ဝင်များ တိုင်းပြည်ကိုသာ
ဝန်ချတောင်းပန်ဖို့ကောင်းဟု ဟံသာဝတီ ဦးဝင်းတင်ပြော

ရန်ကုန်၊အောက်တိုဘာ ၂၂
ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန် ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။
ယခု အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာရေးသို့ အောက်တိုဘာလ (၁၉)ရက်နေ့က ဆရာကြီး ဟံသာဝတီဦးဝင်းတင် သွားရောက်စဉ် ဦးခင်ညွန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် နီးစပ်ရာ တပည့်များက ဆရာကြီး ဟံသာဝတီဦးဝင်းတင်ထံ ၀ါကျွတ်ကာလ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် မေးမြန်းရာ ဆရာကြီးက ပြန်လည် ဖြေကြားမှုပြုရင်း အထက်ပါကဲ့သို့ ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။
““ငါ့ဘာသာငါ RFA ရုံးကို ခဏသွားတယ်။ ပြီးတော့ သခင်သိန်းမောင်အိမ် ၀င်တယ်။ ပြီးမှ ဂါးဒီးယန်း ဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ။ လူတွေက အထဲက ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ငါက ကြမ်းပေါ်ထိုင်ပြီး အထခက်လို့ အပြင် ဆင်ဝင်အောက် ထိုင်နေတာ။ အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်၊ စကားပြောတယ်။ ငါတို့သွားလည်း အဲဒီအောက် ထိုင်ဖြစ်တာပဲ။ ဦးစိန်ဝင်း ကိုယ်တိုင် ကလည်း အဲ့နေရာကို ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးပေါ့ကွာ။အဲဒီနေ့ကလည်း ငါက မအေးအေးဝင်းနဲ့ စကား ပြောတာ။ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာ တွေ့ပါတယ်။ အထဲက တစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီးဆိုလို့ ငါမော့ကြည့်တယ်။ သူကသူ့ဟာ သူမိတ်ဆက်တယ်။ သူ့ကိုငါက မသိဘူး။ ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး။ မသိဘူး။ သူ့ကိုအပြင်မှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မမြင်ဖူးဘူး။ သိလည်း မသိဘူး။ သူပြောတာတော့ စုံနေတာပေါ့ကွာ။ အတော်လေးလည်း အာသွက် လျှာသွက်ကွ။ (NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဦးခင်ညွန့် ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ် ကြားတယ် အဘဟု စကားထောက်ပြောကြားသည်။) လုပ်မှာပေါ့။ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး။ လူထု စည်းရုံးရေးတွေ လည်း လုပ်ဖူးတယ်။ လူတွေလက်အုပ်ချီတာ သူကစတယ်လို့ ငါထင်တယ်။ မသေချာဘူး။ တွေ့တော့ သူက ပြောတာက အရင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့။ ဆရာကြီးတို့လို လူတွေ တိုင်းပြည်မှာ လိုအပ်တယ်။ ဒီလို အတွေ့အကြုံများတဲ့ သူတွေ တိုင်းပြည်မှာ လိုတယ်။ ဆရာကြီး အသက် ဘယ်လောက်လဲ မေးတော့ (၈၄) ဆိုတော့ ကျွန်တော်က (၇၅) ပါ။ ဆရာကြီးက ကျွန်တော့်ထက် (၉) နှစ်ကြီးတယ် ဆိုပြီး မတ်တတ်ပဲ လက်အုပ် ချီတာပါ။ ထိုင်မကန်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်ပါ ဘာညာလည်း မပြောပါဘူး။ ငါလည်း လမ်းကျတော့ အဖော် တစ်ယောက်ကို ပြောတယ်။ ဒီလူတွေ နောင်တမရဘူး။ ငါ့ကို သီးခြား တောင်းပန်ရမယ် မပြောဘူး။ ဒါပေမဲ့ ဒီလူတွေ တိုင်းပြည် ၀န်ချဖို့ ကောင်းတယ်။ သူတို့ လုပ်ခဲ့တာတွေဟာ အလွန်အကျွံတွေချည်းပဲ။ သူတို့တွေဟာ ဟိုပြော ဒီပြောနဲ့ အပြစ်မဲ့သလို နေနေမယ်ဆိုရင် အစဉ်အလာဆိုးဟာ အမြဲတည်တော့မယ်။ သူတို့ ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ်””ဟု ပြောသည်။
အာဏာသိမ်း အစိုးရအဖွဲ့ဝင်များ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများအပေါ် တိုင်းပြည်ကို ၀န်ချ တောင်းပန်သင့်ကြောင်း ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၌ ပြောကြားခဲ့သေးသည်။
ဦးခင်ညွန့်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အစပြုသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပင် ပြောကြားမှု ရှိသည့် ဦးနေ၀င်း၏ တပည့်အရင်းတစ်ဦး ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ် ပျက်သုဉ်းပြီးနောက် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူမှု ပြုလုပ်မှုတွင် အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် န၀တ၊ နယက အစိုးရ နှစ်ဆက်စလုံးတွင် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး အစိုးရနှင့် အတိုက်အခံဖြစ်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှု ပြုလုပ်သည့် နိုင်ငံရေးသမားများကို ဖမ်းဆီး အကျဉ်းချမှုများတွင်လည်း အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းသည် နယကအစိုးရ လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့အစိုးရ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှုဟု သုံးသပ်ကြသော ဖြစ်စဉ်ဖြင့် တာဝန်များမှ ရပ်စဲ ခံရကာ ၎င်းအကြီးအကဲ တာဝန်ယူထားသော ထောက်လှမ်းရေးဌာနရှိ လူအများအပြားနှင့်အတူ နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။
၎င်းပြန်လည် လွတ်မြောက်လာပြီးနောက် လုပ်ကိုင်ဆောင်ရွက်မှုများကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““ရှင်းရှင်း ပြောရရင် အခု ဗိုလ်ခင်ညွန့် လွတ်လာပြီး ဟိုတုန်းက ဗိုလ်အောင်ကြီး လုပ်သွားတဲ့ နည်းပဲ လက်ဖက်ရည်ဆိုင် ထောင်တဲ့ဟာ လုပ်ပြန်ပြီ။ အဲဒီကနေပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး ပြောပြီးတော့ ဗိုလ်အောင်ကြီးလည်း နိုင်ငံရေးထဲ ၀င်လာတာပဲ။ ဗိုလ်ခင်ညွန့်လည်း ဒီလို လက္ခဏာတွေကို အများကြီး ပြတယ်””ဟု သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ သုံးသပ် ပြောကြားခဲ့သေးသည်။
ယခင် စစ်အာဏာသိမ်း အစိုးရ အဖွဲ့အတွင်း ပါဝင်ခဲ့သူများ အနေဖြင့် ၎င်းတို့ ပြုမူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်ရေးအပေါ် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““သူတို့တွေဟာ တိုင်းပြည်အတွက် မှားယွင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပြီးပြီ။ တာဝန် မရှိဘူးလို့ ပြောလို့မရဘူး။ ဦးသိန်းစိန်မှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးရွှေမန်းမှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးခင်ညွန့်မှာ တာဝန်တွေ အများကြီး ရှိတယ်။ ဗိုလ်ခင်ညွန့်က ပြောတယ် အဲဒါတွေ ပြောမနေပါနဲ့တဲ့။ လူတိုင်းဟာ ပြောချင်တဲ့ သူတွေ တစ်ယောက် တစ်မျိုး ပြောရရင်သမိုင်းဟာ အသံတွေအမျိုးမျိုး ထွက်နေမှာပဲ။ ဒါတွေ မလုပ်နဲ့ အခုအချိန်မှာ အားလုံး မေ့ပစ် နိုင်ရမယ်တဲ့။ ဘယ်လိုလုပ် မေ့ပစ်နိုင်မလဲ။ ကျုပ်တို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျုပ်တို့ ဘာမှလည်း မလုပ်ဘူး။ ဆိုင်လည်း မဆိုင်ဘူး။ သိလည်း မသိဘူး ဆိုပြီးတော့ အထက်အမိန့်ပဲ တည်ဆဲဥပဒေ ဗိုလ်ခင်ညွန့် ပြောတဲ့ဟာမျိုး ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ဘာမှမသိဘူး။ ကျုပ်တို့က တည်ဆဲ ဥပဒေအတိုင်း လုပ်ခဲ့တာဆိုတဲ့ မျောက်သုံးကောင် ၀ါဒအတိုင်း။ မမြင်ဘူး၊ မကြားဘူး၊ မပြောဘူး ဆိုပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့၊ နားပိတ် မျက်စိပိတ် ပြီးတော့  ဗိုလ်ခင်ညွန့်လို ပုဂ္ဂိုလ်တွေက ကျင့်သုံး နေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်ဘူး။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့က ပြင်ရမယ်။ ပြောင်းရမယ်။ ဒီလူတွေဟာ လူမသေရင်တောင်နေမယ်၊ နိုင်ငံရေးတော့ သေရလိ့မ်မယ် ဟုတ်လား။ အလားတူပဲ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက် ပြီးတော့လည်း သူတို့ဘက်က ဘာမှ အပြစ်မရှိဘူး။ တည်ဆဲဥပဒေအရ လုပ်တယ်လို့ ပြောတယ်။ အဲလိုဆိုရင် တည်ဆဲဥပဒေဆိုတာ ဘယ်သူတွေ လုပ်ထားတဲ့ ဥပဒေလဲ။ သူတို့ လုပ်ထားတဲ့ ဥပဒေ။ ကျွန်တော်တို့ မေ့ချင်ပါတယ်။ ကျွန်တော်တို့ အရမ်းတော့ မေ့လို့မရဘူး။ ကျွန်တော်တို့ ခွင့်လွှတ်ချင်ပါတယ် အရမ်းတော့ ခွင့်လွှတ်လို့ မရဘူး။ သူတို့ကလည်း ပြင်ရလိမ့်မယ်”” ဟုလည်း သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ ပြောကြားခဲ့သည်။
လင်းယုန်
ဆက်လက်ဖတ်ရှု့ရန်

October 20, 2013

အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ်

Unknown | 10/20/2013 06:21:00 AM | Best Blogger Tips
           
အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ် 

 
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) သည် အစိုးရနှင့် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် အပစ်အခတ်ရပ်စဲခဲ့ပါ သည်။
၎င်းတို့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ကရင်ပြည်နယ် မြ၀တီ ခရိုင် မြောက်ဖက်တွင် အခြေချ ခဲ့ပါသည်။ ၄င်းတို့သည် လတ်တလော အခြေ အနေတွင် မြန်မာနိုင်ငံ အနှံ့ နေရာ အများ အပြားတွင် ဗုံးပေါက်ကွဲ ခဲ့ဖြင့် ထိုလုပ်ရပ် မျိုးကို ပစ်တင် ရှုတ်ချခဲ့ ပါသည်။ ဗုံးပေါက်ကွဲ မှုကြောင့် အနည်းဆုံး နှစ်ဦး သေဆုံး ခဲ့ပြီး ဒါဏ်ရာ ရရှိ ခဲ့မှု အပေါ် ၀မ်းနည်းကြောင်း ထုတ်ဖေါ်ခဲ့ပါသည်။
 ဤသို့ကြောင့် ၄င်းတို့၏ သဘောထား အသေးစိတ်ကို သိရှိ နိုင်ရန် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ထိုကဲ့ သို့သော ဗုံးပေါက် ကွဲမှု လုပ်ရပ် မျိုးကို ရှုတ်ချ ခဲ့သော်လည်း အစိုးရ၏ သတင်းစာရှင်း လင်းပွဲ ကျင်းပ ပုံနှင့် အထောက်အထား ထွက်ဆိုမှု များကြောင့် စွပ်စွဲမှု များသည် အဓိပ္ပါယ် မရှိကြောင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါ သည်။
ဆက်လက်ဖတ်ရှု့ရန်

October 18, 2013

Unknown | 10/18/2013 07:04:00 AM | Best Blogger Tips

ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်တော်ဆေးခန်းအတွက် ဘတ်ငွေတစ်သိန်းလှူဒါန်း
 အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
                        ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်တော်ဆေးခန်းအတွက် ဘတ်ငွေတစ်သိန်းလှူဒါန်း
အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အခမဲ့ဆေးကုမှု ပေးနေသော မယ်တော်ဆေးခန်းသို့ ထိုင်ဝမ်ပြည်သူ့သမ္မတနိုင်ငံရှိ ထိုင်ဝမ် အမျိုးသမီးများအဖွဲ့ချုပ် (The National Women's League of the Republic of China -Taiwan)က ထိုင်းဘတ်ငွေတစ် သိန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

၎င်းအလှူငွေဘတ်တစ်သိန်းနှင့်အတူ ဆန် ၂၀အိတ်၊ ခြင်ထောင် ၄၀လုံး၊ ဖျာ ၁၀၀ချပ်၊ စောင်အထည် ၁၀၀တို့ကို လာရောက်လှူ ဒါန်းခြင်းဖြစ်သည်ဟု မယ်တော်ဆေးခန်းရှိ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ကြီးကြပ်သူ စောလွယ်ထူးက ပြောသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ထိုင်းနိုင်ငံ၌ အခြေစိုက်သည့် လူမှုရေး အထောက်အကူပြုလုပ်ငန်းများကို လုပ်ဆောင်နေသော Taipei Overseas Peace Service (TOPS)မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၃ဦးမှတဆင့် လာရောက်ပေးအပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ထိုင်ဝမ်အမျိုးသမီးအဖွဲ့အစည်းဟာ ထိုင်း-မြန်မာနယ်စပ်တစ် လျှောက်မှာ အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်သလို ဆေးခန်းကိုလည်း လိုအပ်တာတွေ လှူဒါန်းတာမျိုး ရှိပါတယ်။ အခုဒီလိုလာ ရောက်လှူဒါန်းတာကလည်း တနှစ်တစ်ကြိမ် ပုံမှန် လာရောက်လှူဒါန်းခြင်းမျိုးပဲ ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မယ်တော်ဆေးခန်းသည် အလှူရှင်အချို့၏ ထောက်ပံ့ငွေ ဖြတ်တောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၌ ဆေးခန်း၏လုပ်ငန်း အားလုံး လည်ပတ်နိုင်ရန် ထိုင်းဘတ်ငွေ ၁၈သန်းခန့်ရရှိရန် လိုအပ်သည်အထိ ငွေကြေးအခက်အခဲများရှိခဲ့ကြောင်း မယ်တော် ဆေးခန်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော်လည်း လတ်တလောအချိန်၌ အဖွဲ့အစည်းလိုက်ရော၊ တစ်ဦးချင်းပါ လာရောက်လှူ ဒါန်းပေးနေသည့်အတွက် အခက်အခဲ ကြီးကြီးမားမား မရှိသေးကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။

သူမက “အခက်အခဲကတော့ နေရာထိုင်ခင်းနဲ့ လူနာတွေအတွက် စားသောက်စရိတ်၊ ဆေးဝါးလုံလောက်အောင် စီမံရတဲ့အခက် အခဲ စတာတွေပါပဲ။ အဲဒါကလည်း နှစ်စဉ် ပုံမှန် ကြုံတွေ့နေရတာတွေပါပဲ။ အခု လာလှူဒါန်းတဲ့ငွေတွေကို မယ်တော်ဆေးခန်းအ တွက်နဲ့ ရောဂါလာကုတဲ့ လူနာတွေအတွက်ပါ အကျိုးရှိဖို့ စီမံခန့်ခွဲသုံးစွဲသွားမှာပါ။”ဟု ပြောသည်။

မယ်တော်ဆေးခန်းသို့ ယခုတစ်ကြိမ် ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ် ကိုယ်စား လာရောက်လှူဒါန်းသော (TOPS) မှာ ၁၉၉၆ခုနှစ်မှစ ၍ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်ကလေးများ၏ ပညာရေးနှင့် ဖွံ့ဖြိုးမှုအစီအစဉ်များကို လုပ်ဆောင်နေသော အဖွဲ့ အစည်းတစ်ခု ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အခမဲ့ဆေးကုမှု ပေးနေသော မယ်တော်ဆေးခန်းသို့ ထိုင်ဝမ်ပြည်သူ့သမ္မတနိုင်ငံရှိ ထိုင်ဝမ် အမျိုးသမီးများအဖွဲ့ချုပ် (The National Women's League of the Republic of China -Taiwan)က ထိုင်းဘတ်ငွေတစ် သိန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်

Facebook အကောင့်ဖွင့်နည်း (ဖုန်းနံပါတ်မလို ၊ ဖုန်းပေါ်တွင်ဖွင့်စရာမလို 10000% ရတယ်)

Unknown | 10/18/2013 07:00:00 AM | Best Blogger Tips

ခုကျွန်တော်ပြန် share ထားတဲ့ နောက်ထပ်လုပ်နည်းလေးပါ။ ထောက်ခံမှုအများဆုံးရလို့ Ebook အဖြစ်ပြန်ရေးပြီး share လိုက်ပါတယ်။ နည်းက အရမ်းလည်းလွယ်ပါတယ်။ ဖုန်းနံပါတ်မလိုဘူး ဆိုတာကို အာမခံပါတယ်။ အကယ်လို့ ဒီနည်းကအဆင်မပြေခဲ့ရင်တော့ ဒီနည်းတွေ ကိုရှာပြီး ဖတ်ကြည့်ပေါ့။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Download => Link 1 / Link 2 / Link 3

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
ဆက်လက်ဖတ်ရှု့ရန်

ဗုံးပေါက်ကွဲမှုများ KNU နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြောပြီ

Unknown | 10/18/2013 06:23:00 AM | Best Blogger Tips

 

 
  
KNU, ဗုံးပေါက်ကွဲမှု, ဦးရဲထွဋ်, ရဲချုပ်, လုံခြုံရေး
ဗုံးပေါက်ကွဲမှုများမှာ KNU နှင့် မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားနေသည့် ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။
“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အေ
ဆက်လက်ဖတ်ရှု့ရန်

3D Animation ၀ါသနာပါတဲ့မိတ်ဆွေများအတွက် Aurora3DAnimationMaker11.0 Portable ( for PC )

Unknown | 10/18/2013 06:13:00 AM | Best Blogger Tips


3D Animation ၀ါသနာပါတဲ့မိတ်ဆွေများအတွက်ဆော့ဖ်ဝဲကောင်းလေး
တင်ပေးလိုက်ပါတယ်နော်.. Protable  လေးပါ.. စက်အတွက်လဲသက်သာ
ပါတယ်.. Animation နဲ့ပတ်သတ်လို့ Effect တွေလဲစုံပါတယ်.. ဓါတ်ပုံ/
စာသားအကုန်လုံးကို မိမိစိတ်ကြိုက်ပြုပြင်လို့ရတယ်နော်.. Portable ဆိုပြီး
အထင်မသေးလိုက်နဲ့နော်.. ကဲ..လိုချင်ရင်အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ.
ဆက်လက်ဖတ်ရှု့ရန်

October 16, 2013

ပြည်တွင်း ပေါက်ကွဲ မှုသည် KNU လက်ချက် မဟုတ်ကြောင်း ငြင်းဆန်

Unknown | 10/16/2013 05:20:00 AM | Best Blogger Tips
KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ                        KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီဓါတ်ပုံ - (KNU)
ပြည်တွင်း ဗုံးဖေါက်ခွဲ မှုနှင့် ထရိတ်ဒါး ဗုံးပေါက်ခွဲ မှုသည် KNU လက်ချက်ဟု စွပ်စွဲ ခဲ့လျှင် မည်သည့် အချက် အလက်ဖြင့် စွပ်စွဲ နေသည်ကို သိလိုကြောင်း၊ KNU စစ်ဦးစီးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင်က ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။
“ KNU မှာ ပြည်တွင်းမှာ ဗုံးဖေါက် ခွဲဖို့ ပေါ်လစီ မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ် ဆိုရင် ဘယ်သူက စွပ်စွဲတာလဲ ဘယ်အချက် အလက် အပေါ် အခြေခံပြီး စွပ်စွဲ တာလဲ ကျနော်တို့ ဆန်းစစ်မယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒီ စွပ်စွဲ ချက်ကို ဘယ်သူ တာဝန်ခံ မှာလဲ သိချင်တယ်။ မဟုတ်ရင် KNU ကို သိက္ခာ ချဖို့ ဖန်တီး နေတာလား ဆိုတာ ဖြေရှင်း လိုတယ်” ဟု ဆိုပါသည်။
ဆက်လက်ဖတ်ရှု့ရန်

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ငါးမြို့နယ် စုပေါင်းကျင်းပနိုင်ရေး ကော်မတီ ဖွဲ့စည်း

Unknown | 10/16/2013 03:36:00 AM | Best Blogger Tips

 အောက်တိုဘာလ ၁၆ရက်။ ၂၀၁၃ခုနှစ်။ စောသိန်းမြင့်
  ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်အတွင်း မြို့နယ် ၅မြို့နယ် စုပေါင်း ကျင်းပနိုင်ရန် ကရင်အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီတစ်ခုကို ယမန်နေ့က ဖွဲ့စည်းလိုက်သည်။
...
ဆက်လက်ဖတ်ရှု့ရန်

October 15, 2013

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် သိထားစရာ။

Unknown | 10/15/2013 11:03:00 PM | Best Blogger Tips
                            ထိုင်းရောက် မြန်မာလုပ်သားတွေကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်အစား နိုင်ငံသားတိုင်းကိုထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်ကို လာမယ့်အောက်တိုဘာလ ၂၁ ရက်နေ့ကနေစပြီး အစားထိုးထုတ်ပေးတော့မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းမြန်မာအလုပ်သမားအရေး အစည်းအဝေးကနေ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရေး သံအရာရှိ ဦးကျော်ကျော်လွင်က အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံကူးလက်မှတ် အနီရောင်တွေနဲ့ပဲ ထုတ်တော့မယ်၊ ၁၁ ရက်နေ့နောက်ပိုင်းဆိုရင် အဲဒါနဲ့ထုတ်တော့မယ်၊ အနီကတော့ နိုင်ငံတကာသွားလို့ရတဲ့ ပတ်စ်ပို့ဖြစ်သွားပြီ၊ အဲဒါကတော့ လူကြီးတွေရဲ့ ပေါ်လစီပဲလေ၊ ခိုင်ခိုင်မာမာနဲ့ သွားလို့ရအောင် လုပ်ပေးတာဖြစ်မှာပေါ့”

ဒါကြောင့် မြန်မာအလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်ရဖို့  ကိုယ့်အလုပ်ရှင်ကတဆင့် အလုပ်သမားရုံးတွေကိုသွားပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ တင်သွင်းရမှာဖြစ်ကြောင်း၊ မြန်မာသံရုံးက အဲဒီအချက်အလက်တွေကို မြန်မာနိုင်ငံက သက်ဆိုင်ရာဌာနကိုပို့ပြီး အတည်ပြုထုတ်ပေးရမှာဖြစ်တဲ့အတွက် စာရင်းသွင်းတဲ့ကိစ္စကို အလုပ်သမားတွေဘက်က အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့  ဦးကျော်ကျော်လွင်က ပြောပါတယ်။

ဒီအစီအစဉ်အရ ထိုင်းပင်လယ်ကမ်းခြေ  ၂၂ မြို့က မြန်မာရေလုပ်သားတွေအတွက်လည်း လှည့်လည်ဆောင်ရွက်ပေးနိုင်တဲ့ mobile team တွေ ဖွဲ့စည်းပြီး ပတ်စပို့စ်သွားရောက်ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ယာယီပတ်စပို့်စ်နဲ့ အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားဦးရေ ၁၇ သိန်း လောက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ၄ နှစ်ဗီဇာသက်တမ်း ကျော်လွန်နေသူတွေအတွက် ဗီဇာသက်တမ်းနဲ့ တရားဝင်အလုပ်လုပ်ခွင့် work permit သက်တမ်းတိုးပေးဖို့ နယ်စပ်စခန်း ၅ ခုဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ထီးခီး၊ မောတောင်နဲ့ ကော့သောင်းမြို့ တွေမှာ နိုဝင်ဘာလဆန်းကနေ စပြီးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ေ


 
ပြာင်း အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်အစား နိုင်ငံသ...ားတိုင်းကိုထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်ကို လာမယ့်အောက်တိုဘာလ ၂၁ ရက်နေ့ကနေစပြီး အစားထိုးထုတ်ပေးတော့မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းမြန်မာအလုပ်သမားအရေး အစည်းအဝေးကနေ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရေး သံအရာရှိ ဦးကျော်ကျော်လွင်က အခုလိုပြောပါတယ်။ “ကျနော်တို့ နိုင်ငံကူးလက်မှတ် အနီရောင်တွေနဲ့ပဲ ထုတ်တော့မယ်၊ ၁၁ ရက်နေ့နောက်ပိုင်းဆိုရင် အဲဒါနဲ့ထုတ်တော့မယ်၊ အနီကတော့ နိုင်ငံတကာသွားလို့ရတဲ့ ပတ်စ်ပို့ဖြစ်သွားပြီ၊ အဲဒါကတော့ လူကြီးတွေရဲ့ ပေါ်လစီပဲလေ၊ ခိုင်ခိုင်မာမာနဲ့ သွားလို့ရအောင် လုပ်ပေးတာဖြစ်မှာပေါ့” ဒါကြောင့် မြန်မာအလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်ရဖို့  ကိုယ့်အလုပ်ရှင်ကတဆင့် အလုပ်သမားရုံးတွေကိုသွားပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ တင်သွင်းရမှာဖြစ်ကြောင်း၊ မြန်မာသံရုံးက အဲဒီအချက်အလက်တွေကို မြန်မာနိုင်ငံက သက်ဆိုင်ရာဌာနကိုပို့ပြီး အတည်ပြုထုတ်ပေးရမှာဖြစ်တဲ့အတွက် စာရင်းသွင်းတဲ့ကိစ္စကို အလုပ်သမားတွေဘက်က အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့  ဦးကျော်ကျော်လွင်က ပြောပါတယ်။ ဒီအစီအစဉ်အရ ထိုင်းပင်လယ်ကမ်းခြေ ၂၂ မြို့က မြန်မာရေလုပ်သားတွေအတွက်လည်း လှည့်လည်ဆောင်ရွက်ပေးနိုင်တဲ့ mobile team တွေ ဖွဲ့စည်းပြီး ပတ်စပို့စ်သွားရောက်ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ယာယီပတ်စပို့်စ်နဲ့ အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားဦးရေ ၁၇ သိန်း လောက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ၄ နှစ်ဗီဇာသက်တမ်း ကျော်လွန်နေသူတွေအတွက် ဗီဇာသက်တမ်းနဲ့ တရားဝင်အလုပ်လုပ်ခွင့် work permit သက်တမ်းတိုးပေးဖို့ နယ်စပ်စခန်း ၅ ခုဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ထီးခီး၊ မောတောင်နဲ့ ကော့သောင်းမြို့ တွေမှာ နိုဝင်ဘာလဆန်းကနေ စပြီးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

October 14, 2013

ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဦး၏ အလွဲသုံးစားမှုကြီး

Unknown | 10/14/2013 05:05:00 AM | Best Blogger Tips



ကရင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြားထားသော အလွဲသုံးစားမှု တစ်မှု ဖြစ်သော်လည်း၊ ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဦး(ကိုယ်တိုင် ဖုန်းဆင်းကဒ် ၄၀၀၀ ကျော် အလွဲသုံးစား လုပ်ထားသူ) က ဖုန်းဆင်းကဒ် (၆၀) အလွဲသုံးစား လုပ်ထားသူ ၄င်း၏ တပည့် ညီညီနိုင် ကို အရေးယူရန် ကိစ္စ သဘော မတူ 

13.Oct.2013

၁၃ အောက်တိုဘာ ကော့ကရိတ်

ကော့ကရိတ်မြို့ နဘူးနှစ်ခြား ကျေးရွာ စာရေး ညီညီနိုင် ၏ဖုန်း ဆင်းကဒ် အလွဲသုံးစားမှု ကို ကရင်ပြည်နယ် ၀န်ကြီးချုပ်အထိ တိုင်ကြားခဲ့ပြီး နောက် စုံစမ်းစစ်ဆေးရေး အဖွဲ့ မှ အလွဲသုံးစား လုပ်ထားကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြသည်။ ရုံးလုပ်ထုံးလုပ်နည်း အရ အများပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် အရေးယူ အပြစ်ပေးရန် ဖြစ်သော်လည်း ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဦး သည် ၄င်း၏ တပည့်ရင်းအား အရေးယူရန် အပြစ်ပေးရန် ကိစ္စကို လုံးဝ သဘော မတူဘဲ စုံစမ်း စစ်ဆေး ရေး အဖွဲ့ နှင့် တိုင်ကြားထားသူ နဘူး ကျေးရွာ သားများအား နည်းမျိုးစုံ ဖြင့် ဖိအားပေး လျက်ရှိသည်။
ဆက်လက်ဖတ်ရှု့ရန်

October 13, 2013

ဘားအံမြို့မအားကစားကွင်းမြေပေါ် ဟိုတယ်ဆောက်လုပ်မှုခွင့်ပြုသည့် ပြည်နယ်အစိုးရအပေါ် လူထုမှ ပြင်းထန်စွာကန့်ကွက်ရှုံ့ချ

Unknown | 10/13/2013 04:53:00 AM | Best Blogger Tips

 

ဘားအံ၊ အောက်တိုဘာ ၆

ကရင်ပြည်နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့် တို့၏ အောက်တိုဘာ ၆ ရက်က ဘားအံမြို့မ အားကစားကွင်းရှိ အာဇာနည် ကျောက်တိုင် ရှေ့တွင် ပြုလုပ်သော လွှတ်တော် ကိုယ်စားလှယ် အတွေ့အကြုံ ရှင်းလင်းပွဲ၌ တက်ရောက် လာသည့် ရဟန်း သံဃာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ လူထုများက ယင်း ဘားအံမြို့မ အားကစားကွင်း မြေပေါ်တွင် မြဌေးကြွယ်လင်း ကုမ္ပဏီ အမည်ခံကာ ဟိုတယ် ဆောက်လုပ် နေခြင်း အပေါ် ကန့်ကွက်သည့် ကိစ္စရပ် များကိုသာ အဓိက ပြောကြားမှု ပြုခဲ့ကြပြီး ပြည်နယ်တွင်း ရဟန်း သံဃာများနှင့် ပြည်သူလူထု ကန့်ကွက် နေသည့်ကြားမှ ဟိုတယ် ဆောက်လုပ် ခွင့်အား ဆက်လက်ခွင့် ပြုခဲ့သော ကရင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ၀န်ကြီးချုပ် တို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြခြင်း၊ အားကစားကွင်း မြေပြန်လည် ရရှိရန် ကြိုးပမ်းမှုများ မအောင်မြင်၍ ယခုမှ စတင်၍ ဥပဒေဘောင် အတွင်းမှ ပြည်သူ့ ဆန္ဒနှင့် အညီ ကန့်ကွက်မှုများ ပြုလုပ် ဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။
ဆက်လက်ဖတ်ရှု့ရန်

လွတ်လပ်ရေး နှစ်မျိုးနှင့် ဗမာပြည်

Unknown | 10/13/2013 04:04:00 AM | Best Blogger Tips

 


 
ကရင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသေ (Timothy)
ဓါတ်ပုံ - (ရွှေဟင်္သာ)

ကရင့် ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) သည် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် KNU မှ ခွဲထွက်
ခဲ့ပါသည်။ ၄င်းတို့ ခွဲထွက် လာပြီး နောက်ပိုင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။
၎င်းတို့ ဘာကြောင့် KNU မှ ခွဲထွက်ခဲ့ရတာလဲ ?
ငြိမ်းချမ်းရေးသဘောထားနှင့် ကရင့်အမျိုးသား ရင်ကြားစေ့ရေးအတွက် ဘယ်လိုသဘောထားပြီး ဘာတွေ
ဆောင်ရွက်နေတာလဲ ?
စသည်များအား သိရှိနိုင်ရန် ကရင့် ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ်လည်းဖြစ် ဒေါက်တာတဦးလည်းဖြစ်
သူ တီမိုသေ (Timothy) အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှု့ရန်