KNU ဒုဥက္ကဌ နော်စီဘိုးရာစိန်။ |
ရက်နေ့ မွန်းလွဲ ၃း၀၀ နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မဲ့ရမတ်နဲ့ မယ်လဒုက္ခ
သည်စခန်းကြားကတောင်ပေါ်လမ်းတစ်နေရာမှာတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ကရင်အမျိုးသမီးအစည်းအရုံး
(KWO)ရဲ့ အတွင်းရေးမှူး(၂)ဖြစ်သူ နော်စီးယိုဖေါက မယ်လစခန်းနဲ့ မဲ့ရမတ်ကြားမှာတိမ်းမှောက်သွားတာ
ဖြစ်တယ်။ကားပေါ်မှာ ကားဒရိုင်ဘာအပါအ၀င်(၆)ယောက်ပါသွားတယ်။ကားက ချောက်ထဲကျသွားတော့
(၆)ယောက်စလုံးဒဏ်ရာရတယ်။(၂)ယောက်ကဒဏ်ရာအပြင်းအထန်ရတယ်။ဆရာမစီဘိုးရာအခြေအနေကို
တော့ မသိရသေးဘူး လို့ပြောပါတယ်။KNU ဒု-ဥက္ကဌနော်စီဘိုးရာစိန်နဲ့ အဖွဲ့ဟာ ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ဖါးအံခရိုင်တနေရာမှာဒီကနေ့ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသမီးအစည်း
အရုံး(KWO)နေ့ အခမ်အနားကိုတက်ရောက်ပြီးအပြန်မှာယခုလိုကားတိမ်းမှောက်ခြင်းဖြစ်တာပါ။KNU ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဌ နောစီဘိုးရာစိန်အပါအ၀င် ဒဏ်ရာရသူအားလုံးကို မဲဆောက်
ဆေးရုံးကြီးသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေတယ်လို့ နော်စီးယိုဖေါကပြောပါတယ်။
Source - DVB
No comments:
Post a Comment