March 4, 2013

မြ၀တီမြို့တွင် လောင်းကစားပစ္စည်းများ ပထမအကြိမ် ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီး



Monday, March 4, 2013
                              
မြ၀တီမြို့ မြို့ပတ်လည်တွင် ပျော်ပွဲရွှင်ပွဲများနှင့် တွဲဖက်ကာ
ပြုလုပ်လေ့ရှိသော ကစားဝိုင်းများအား တာဝန်ရှိသူများက ဖမ်းဆီးပြီး
လောင်းကစားရာတွင် အသံ...ုးပြုသော ပစ္စည်းများကို အမှတ် (၄) ရပ်ကွက် ဓိဌာန်အောင်ဘုရား ပရ၀ုဏ်ဝင်းအတွင်း၌ ၃-၃-၂၀၁၃ ရက်နေ့  နံနက် ၈း၀၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လောင်းကစားပစ္စည်း မီးရှို့သည့် အခမ်းအနားတွင် စုပုံထားသည့် လောင်းကစားသုံး ကရိယာများအား မြ၀တီခရိုင် အုပ်ချုပ်ရေးမှုး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးတို့က မီးစတင်ရှို့ခဲ့ကာ ဒေသခံ ပြည်သူတစ်ရာခန့် လာရောက်ကြည့်ရှုခဲ့သည်။

"မြ၀တီမှာ ဆယ်စုနှစ် နှစ်ခုလောက်ထိ ဇာတ်ပွဲ၊ ကစားဝိုင်း (အာဝါဒေး) ပြုလုပ်လာတာပါ။ ဖမ်းဆီးပြီး မီးရှို့တာ ဒီတစ်ခါဘဲ မြင်ဖူးပါတယ်" လောင်းကစားပစ္စည်း မီးရှို့သည့် အခမ်းအနားသို့ လာကြည့်သူဒေသခံ တစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခဲ့သည့် လောင်းကစားပစ္စည်းများအနက် (အာဝါဒေ) ပျော်ပွဲရွှင်ပွဲများမှ ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ကာ အင်ကလုံကစားခုံ ၉၂ လုံး။ မြို့တွင်းကစားဝိုင်းများဖြစ်သည့်
Money Game ကစားခုံ ၂၄ လုံးတို့ကို ဖမ်းဆီးရမိကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။

"နောက်လတွေမှာ လောင်းကစားဝိုင်းတွေ ဆက်ဖြစ်လာမယ်ဆိုရင်လည်း ဖမ်းဆီးပြီးတော့ ဒီလိုဘဲ မီးရှို့ရမှာ ဖြစ်ပါတယ်၊ ကိုယ့်အတွက် လုပ်တာမှ မဟုတ်ဘဲ။ မကောင်းမှန်းသိရင် ဒါကို အပြတ်လုပ်သွားရမှာပေါ့" ဟု မြ၀တီခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နွေဦးပေါက်ရာသီ ရောက်သည်နှင့် မြ၀တီမြို့ ပတ်လည်တွင်
လောင်းကစားဝိုင်းနှင့် တွဲပြီးပြုလုပ်သည့် ပျော်ရွှင်ဇာတ်ပွဲ (၂၀) ကျော်ခန့် 
ရှိခဲ့ရာ မြ၀တီခရိုင်မှ တာဝန်ရှိသူများက ဖမ်းဆီးလိုက်ခြင်းနှင့် ပတ်သက်၍ ကျောင်းသားမိဘ တစ်ဦးကလည်း "ကောင်းပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးလာချိန် ကစားဝိုင်း၊ ဇာတ်ပွဲတွေလည်း
မြို့ပတ်လည်မှာ ရှိနေတော့ အရမ်းလည်း စိတ်ပူမိတယ်။ ဒီလောင်းကစားနဲ့ ပွဲတွေက လူငယ်တွေရဲ့ စာရိတ္တကို ပျက်ပြားစေပါတယ်" ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment