February 2, 2013

ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ




February 2, 2013
                                   
                                                အရေခွံဆုတ်ယူခံထားရသည့် ဆင်သေ။


ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီလီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်း အကွက်အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်း စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုးလျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုးဝိုင်းအတွက် အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိ သစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကို အောင်မြင်စွာ တည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။



ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ် ကြီးကြပ်ရေးမှူးတစ်ဦးမှ သတင်းတစ်ခုထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သားရေ၊ နှာမောင်း၊ အသားမှအစ အရောင်းအ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါသည်။

အဆိုပါသတင်းကြာရပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက် ရှိပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ့ပိုင်း ကြီးကြပ်ရေးမှူး ဦးမောင်လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတားလမ်းများ ဖောက်လုပ်ခြင်းမှ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခု တင်ပြလိုကြောင်း ဘိုင်းဒါကြိုးဝိုင်း အကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ ၄၀၀ ခန့်အကွာ လျှိုထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရကြောင်း တင်ပြလာသည်။

ပဲခူးအနောက် ဆင်ပစ်မုဆိုးအန္တရာယ်ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ ဆင်များပြောင်းရွေ့နေထိုင်ကြသည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့်အကွာ ၁၂ ပေခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင် ရောက်နေကြောင်း သိရသဖြင့် သွားရောက်ဓာတ်ပုံရိုက်ယူပြီး၊ ညနေစောင်း မပြန်မီ မင်းတို့စခန်းကိုလဲလာနိုင်ကြောင်း အမှတ်မထင် ပြောဆိုခဲ့သည်။ ယင်းနေ့ည ၇း၃၀ နာရီခန့်တွင်ပင် စခန်းရုံး ကာရံထားသည့် ၀ါးခြံစည်းရိုးအား ဖျက်ပြီး ထမင်းချက်ခန်း အနီးသို့ ရောက်လာသဖြင့် ပန်းသီး တစ်ခြမ်းကျွေးပြီး ပြန်သွားရန် မောင်းနှင်လိုက်ရာ တောအတွင်းသို့ ပြန်ဝင်သွားသည်။

ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်းထံ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့သည်။

ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင် ရှိနေပါကြောင်း တောအုပ် ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော် မှာကြားကြောင်းပြောရန်” ပြန်ကြားလာသည်။

ဦးစီးအရာရှိ ဦးညွန့်ဝင်း၏ ညွှန်ကြားချက်ဖြင့် ညပိုင်းတွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ခဲ့ကြသည်။

၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၇း၀၀) နာရီခန့် တောအုပ် မင်းသန့်ဇင်၊ တောင်ခေါင်း တင်ထွန်းမင်း၊ ကျန်ချောင်းရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ်ကြပ် ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြား လျှိုအတွင်းသို့ သွားရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန် ကြတ်စင်ဆောက်ရန် မျောသစ်လုံးများ ခုတ်ယူနေသူတစ်ဦးအား တွေ့ရှိ ၍ ရဲဒုတပ်ကြပ် ဇော်မျိုးလှိုင်မှ စတင်ဝင်ရောက်ဖမ်းဆီးပြီး စစ်ဆေးရာ အုတ်ဖို့မြို့နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်း ဖြစ်ကြောင်းနှင့် သူကိုယ်တိုင် ဆင်အား တူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း၊ သူနှင့်အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး ကြတ်စင်ဆောက်လုပ်နေကြောင်း တူမီးသေနတ်အား ကျောပိုးအိတ်ပေါ် တင်ထားခဲ့ကြောင်း ထွက်ဆိုပြောကြားသည်။

မြို့ချောင်းရဲစခန်းသို့ အကူအညီတောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးအောင်ဖိုး၊ လ/ထ မန်နေဂျာဒေါ်ရတနာသိန်းနှင့် ဂျို့ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် ဆင်သေရှိရာ လျှိုအတွင်းပိုင်းအထိ ၀င်ရောက်စစ်ဆေးရှာဖွေရာ သားရေများ ခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့်ရှိ ဆင်သေအား တွေ့ရှိသည်။

ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အား မတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွားကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထားသည့် လော်ဂျာအနက်ရောင် မော်တော်ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့သည်။

ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်းမင်းအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းမှ ဆက်လက်စစ်ဆေးမေးမြန်းရာ ဆင်သားရေကို ကြတ်တိုက်ပြီး တစ်ပိဿာ တစ်သောင်းခွဲကျော်ဖြင့် ရောင်းရကြောင်း၊ ဆင်နှာမောင်းကို အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းနှင့် တစ်ပိဿာ ရှစ်သောင်းကျပ်ဖြင့် ရောင်းရကြောင်း၊ အစွယ် တစ်ပိဿာ ကျပ်ငါးသိန်းဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီလ အတွင်းကလည်း ယခုကဲ့သို့ ဆင်အားပစ်သတ်ပြီး ရောင်းခဲ့ဖူးကြောင်း ၄င်းကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့် ရှိပြီး ရဲနွယ်ချောင်းဘက်တွင် ကျက်စားကြောင်း ထွက်ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်းမှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေများပုဒ်မ ၃၇ (က) အရ အမှုဖွင့်အရေးယူလျက်ရှိသည်။

မောင်ဘုန်း (ဥပဒေ)

copy from https://www.facebook.com/pages/General-Knowledge/271775222863912

No comments:

Post a Comment