January 14, 2013

လိုင်ဇာမြို့ထဲ လက်နက်ကြီး ကျည်ဆံတစ်ချို့ကျရောက် ပေါက်ကွဲ



2013-01-14

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်တဲ့ လိုင်ဇာမြို့လယ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး လေးဦးကို အရေးပေါ်ဆေးရုံ တင်ထားရပါတယ်။



Photo:RFA/Nyein Nyein Pyae

ဇန်နဝါရီ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများကို သဂြိုလ်ရန် ပြင်ဆင်နေစဉ်။

ဒီကနေ့ မနက်ပိုင်း ၈နာရီကျော်အချိန်လောက်က လိုင်ဇာမြို့လယ်၊ သျှင်းလီဟိုတယ်နဲ့ မြစ်ကြီးနားဟိုတယ်အနီးက လူနေအိမ်တွေရဲ့အပေါ် လက်နက်ကြီး ကျည် ၄လုံးကျရောက်ခဲ့ပြီး ၃လုံး ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီမှာ မီးလှုံနေကြတဲ့ လိုင်ဇာမြို့ဒေသခံ ၃ဦး အပါအဝင် အနီးအနားမှာရှိတဲ့သူတွေ ထိမှန်ခဲ့တာဖြစ်ပါတယ်။

လိုင်ဇာမြို့ခန်းမမှာ ခေတ္တလာရောက်ခိုလှုံနေပြီဖြစ်တဲ့ အသက် ၃၇နှစ်အရွယ် ဦးတူးမိုင် က ဒီမနက်က သူကြုံတွေ့လိုက်ရပုံကို အခုလို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး RFA က ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆက်သွယ်မေးမြန်းပေမယ့် သူတို့အနေနဲ့ လောလောဆယ် တစ်စုံတစ်ရာပြောကြားလိုခြင်း မရှိသေးကြောင်း ပြန်ကြားခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လိုင်ဇာမြို့ခံတစ်ချို့က တရုတ်နယ်စပ်ဂိတ်ရှိရာကို အပြေးအလွှား ပြောင်းရွှေ့သွားရောက်ပြီး တရုတ်နိုင်ငံဘက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသလို တချို့က ခေတ္တခိုအောင်းလို့ရမယ့် နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments:

Post a Comment