January 18, 2013

မြန်မာအလုပ်သမားတွေကို မြန်မာဘက်က နိုင်ငံကူး လက် မှတ်ထုတ်ပေးမယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံး သံအမတ်ကြီး ဦးတင်ဝင်းက ပြော


                                                 


ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာဘက်က နိုင်ငံကူး လက် မှတ်ထုတ်ပေးမယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံး သံအမတ်ကြီး ဦးတင်ဝင်းက ပြောဆိုလိုက်ပါတယ်။ တရား မ၀င် မြန်မာအလုပ်သမားတွေကို ထိုင်းဖက်က နေထိုင်ခွင့်ဗီဇာ၊ အလုပ်လုပ်ခွင့် လက်မှတ်နဲ့ အခဲမဲ့ ဆေးကုသခွင့် လက်မှတ်ပေးမှာဖြစ် တယ်လို့ မြန်မာသံရုံးက ဒီကနေ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်း ပွဲမှာ ပြောဆိုလိုက်ပါတယ်။ ယာယီနိုင်ငံကူး လက်မှတ်အတွက် မြန်မာအစိုးရကို ဘတ်ငွေ ၅၅၀၊ ထိုင်းဖက်ကိုတော့ ၂ နှစ်သက်တမ်း ဗီဇာအတွက် ဘတ် ၅ရာ၊ ၂ အလုပ်လုပ် ခွင့် လက်မှတ်အတွက် ဘတ်ငွေ ၃၈၀၀၊ ဆေး စစ်ခနဲ့ အခမဲ့ ဆေးကုခွင့်အတွက် ဘတ် ၁၉၀၀ တရားဝင် ကုန်ကျမှာ ဖြစ်ပါတယ်။

 DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

No comments:

Post a Comment