December 21, 2012

၁၈နှစ်ပြည့် ဒီကေဘီအေနေ့ အခမ်းအနား ကျင်းပပြီးစီး


 ၁၈နှစ်ပြည့် ဒီကေဘီအေနေ့ အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ရာတွင် လူထောင်ချီတက်ရောက် အားပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။


အဆိုပါ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၃၀၀ပါဝင်သည့် ဒီကေဘီအေ စစ်ရေးပြအဖွဲ့မှ စစ်ချီအခမ်းအနား ပြုလုပ်ခဲ့ကြပြီး မဟာမိတ်များ၏ သ၀ဏ်လွာကိုလည်း ဖတ်ကြားခဲ့ကြသည်။

ဒီကေဘီအေ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် ရလလဖ၊ ကလလတ၊ အဲန်အယ်ဒီ(အယ်လ်အေ)နှင့် ရခိုင်အဖွဲ့တို့မှ သ၀ဏ်လွာ ပေးပို့ခဲ့ကြသည်။

ထို့အပြင် မဟာမိတ် ကရင်အဖွဲ့များဖြစ် သည့် ကေအဲန်ယူနှင့် ကေအဲန်ယူ/ကေအဲန် အယ်လ်အေ ငြိမ်းတပ်ဖွဲ့ဝင်များကိုလည်း အဆိုပါ အခမ်းအနားတွင် တွေ့မြင်ရသည်ဟု တက်ရောက်သူများက ပြောဆိုသည်။ (အဲခေါင်သောင့်)
ဓါတ်ပုံ-Yamoun Nar

No comments:

Post a Comment