December 17, 2012

လက်ပန်းတောင်းတောင် သပိတ်စခန်းဆက်လက်ဖွင့်ထားမည်

ဆန္ဒပြ သတင်းများ  ဒီဇင်ဘာ ၁၇၊ ၂၀၁၂

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းတွေရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေတဲ့ အတွက် သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲသွားမယ်လို့ လက်ပန်းတောင်းတောင် ဒေသခံတွေ မနေ့က ညနေပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။
ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ တုံရွာအနီး ဒေသခံတွေဖွင့်ထားတဲ့ သပိတ်စခန်းကို ဆက်လက်ထား ရှိရေး နဲ့ပတ်သက်ပြီး ဒေသခံ ရွာ ၁၂ ရွာက ရွာသူရွာသား ၂၀၀ ကျော် မနေ့က ညနေပိုင်းက အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။
သပိတ်တိုက်ပွဲပုံစံနဲ့ပတ်သက်ပြီး မိန့်ကြားရာမှာ ထိုင်သပိတ်ပုံစံဖြစ်ပြီး တောင်းဆိုချက်အနေနဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်က စုံစမ်းနေစဉ် စီမံကိန်းလုပ်ငန်းတွေ လုံးဝရပ်တန့်ထားရန်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းကို အကြမ်းဘက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူသင့်သူများကို အရေးယူပေးရန်ဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ဒဏ်ရာပြင်းထန်သည့် သံဃာတော်လေးပါးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အင်အားသုံး ဖြိုခွင်းခံရမှုတွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့် သံဃာတော်လေးပါးအား ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မန္တလေးပြည့်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း သတင်းရရှိပါသည်။

NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ဆန္ဒပြ သတင်းများ ဒီဇင်ဘာ ၁၇၊ ၂၀၁၂

လက်ပန်းတောင်းတောင် သပိတ်စခန်းဆက်လက်ဖွင့်ထားမည်

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းတွေရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကို...
င်နေတဲ့ အတွက် သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲသွားမယ်လို့ လက်ပန်းတောင်းတောင် ဒေသခံတွေ မနေ့က ညနေပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။

ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ တုံရွာအနီး ဒေသခံတွေဖွင့်ထားတဲ့ သပိတ်စခန်းကို ဆက်လက်ထား ရှိရေး နဲ့ပတ်သက်ပြီး ဒေသခံ ရွာ ၁၂ ရွာက ရွာသူရွာသား ၂၀၀ ကျော် မနေ့က ညနေပိုင်းက အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။
သပိတ်တိုက်ပွဲပုံစံနဲ့ပတ်သက်ပြီး မိန့်ကြားရာမှာ ထိုင်သပိတ်ပုံစံဖြစ်ပြီး တောင်းဆိုချက်အနေနဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်က စုံစမ်းနေစဉ် စီမံကိန်းလုပ်ငန်းတွေ လုံးဝရပ်တန့်ထားရန်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းကို အကြမ်းဘက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူသင့်သူများကို အရေးယူပေးရန်ဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ဒဏ်ရာပြင်းထန်သည့် သံဃာတော်လေးပါးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အင်အားသုံး ဖြိုခွင်းခံရမှုတွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့် သံဃာတော်လေးပါးအား ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မန္တလေးပြည့်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း သတင်းရရှိပါသည်။

NLABR
Web-site: http://www.nlabr.com/
Facebook: Sa Maung
Facebook: Miraculous Master For English Language

No comments:

Post a Comment